ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်ရှိ ကာဆီနိုရုံမီးလောင်မှု လူ ၁၀ ဦးထက်မနည်းသေဆုံး

ဖနွမ်းပင်၊ ဒီဇင်ဘာ-၂၉-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ရှိ ကာစီနိုရုံတခုမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

မီးလောင်ကျွမ်းမှုဟာ ကမ္ဘောဒီးယားနယ်စပ်မြို့ ပွီပက်ရှိ ဂရန်းဒိုင်းမွန်းစီးတီးဟိုတယ် ကာစီနိုရုံမှာ ဒီဇင်ဘာ ၂၈ ရက် ည ၁၁ နာရီ ၃၀ မိနစ်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

မီးလောင်မှုဖြစ်ပွားချိန်မှာ ကာစီနိုရုံထဲ လူ ၄၀၀ နီးပါးရှိပြီး မီးလောင်ကျွမ်းမှုကြောင့် လူတွ အဆောက်အဦအပေါ်ထပ်မှ ခုန်ချခြင်းနဲ့ ပြုတ်ကျခြင်းတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဒဏ်ရာရသူအချို့ကို ထိုင်းနိုင်ငံ ဆာကေအိုခရိုင်ရှိ ဆေးရုံတွေကို လွှဲပြောင်းထားကြောင်း ထိုင်းနိုင်ခြားရေး၀န်ကြီးဌာန တာ၀န်ရှိသူတဦးကပြောပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

ပွီပက်မြို့ဟာ ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံအကြား အဓိကကျတဲ့ နယ်စပ်ဖြတ်ကျော်နေရာဖြစ်ပြီး ထိုင်းနိုင်ငံမှာ လောင်းကစားအများစု တရား၀င်လုပ်ဆောင်နိုင်ခြင်းမရှိတာကြောင့် ထိုင်းနိုင်ငံသားအများပြား လာရောက်လေ့ရှိတဲ့ နေရာတခုဖြစ်ပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW