ကိုဗစ်ကူးစက်မှု မြင့်တက်နေတာကြောင့် တရုတ်ခရီးသွားတွေအပေါ် ကန့်သတ်ချက်တွေ အမေရိကန်ချမှတ်

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၉-၂၀၂၂
မျိုးဆက်(VOM)

လာမယ့်သီတင်းပတ်မှာ နယ်စပ်တွေပြန်ဖွင့်မယ်လို့ တရုတ်နိုင်ငံက ကြေညာပြီးနောက် တရုတ်နိုင်ငံမှ ခရီးသွားတွေအပေါ် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်တွေ အမေရိကန်က ချမှတ်လိုက်ပါတယ်။

အမေရိကန်အပြင် အီတလီ၊ ဂျပန်၊ ထိုင်ဝမ်နဲ့ အိန္ဒိယနိုင်ငံတို့ကလည်း တရုတ်ခရီးသွားတွေအပေါ် ကိုဗစ်-၁၉ မဖြစ်မနေစမ်းသပ်မှုတွေပြုလုပ်ရမယ်လို့ ကြေညာထားပြီး သြစတြေးလျနဲ့ ဗြိတိန်တို့ကတော့ တရုတ်ခရီးသွားတွေအပေါ် ကန့်သတ်ချက်အသစ်တွေ မရှိသေးဘူးလို့ဆိုပါတယ်။

ပြင်ပကမ္ဘာနဲ့ အသွားအလာ သုံးနှစ်ကြာအဆက်ဖြတ်ပြီးနောက် တရုတ်နိုင်ငံဟာ ဇန်ဝါရီ ၈ ရက်ကစတင်ပြီး ခရီးသွားလာမှုတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိကူးစက်မှုအခြေအနေအရ သတိပေးချက်ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင်း၌ ယခုသီတင်းပတ်အတွင်း ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှုနှုန်း ငါးထောင်ဝန်းကျင်ရှိကြောင်း တရားဝင်ထုတ်ပြန်ထားပေမယ့် ဒီအရေအတွက်ဟာ လွန်စွာနည်းပါးပြီး နေ့စဉ်ကူးစက်မှု တသန်းကျော်ရှိကြောင်း လေ့လာသူတွေကဆိုပါတယ်။

တရုတ်မြို့ကြီးတွေရှိ ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်နှက်နေပြီး ဒေသခံတွေဟာ အခြေခံဆေးဝါးတွေ ရရှိဖို့ ရုန်းကန်နေရကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW