မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ်တွေကို ပစ်မချနိုင်တဲ့အတွက် တောင်ကိုရီးယားကာကွယ်ရေး၀န်ကြီး တောင်းပန်

ဆိုးလ်၊ ဒီဇင်ဘာ-၂၉-၂၀၂၂
မျိုးဆက်(VOM)

နှစ်နိုင်ငံနယ်နိမိတ်မျဉ်းကို ဖြတ်ကျော်၀င်ရောက်လာတဲ့ မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ်တွေကို ပစ်မချနိုင်တဲ့ကိစ္စအတွက် တောင်ကိုရီးယားကာကွယ်ရေး၀န်ကြီး လီဂျောင်ဆပ်က တောင်းပန်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ မောင်းသူမဲ့လေယာဉ်ငါးစင်းဟာ ဒီဇင်ဘာ ၂၆ ရက်မှာ တောင်ကိုရီးယား လေပိုင်နက်အတွင်းကို ဖြတ်ကျော်ပျံသန်းခဲ့ပြီး တောင်ကိုယားစစ်တပ်က တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ ဖြန့်ကြက်စေလွှတ်ခဲ့ရပါတယ်။

မောင်းသူမဲ့လေယာဉ်တွေကို ရဟတ်ယာဉ်တွေပေါ်မှ ကျည်အချက်ပေါင်း ၁၀၀ ကျော်ပစ်ခတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ မောင်းသူမဲ့လေယာဉ်တွေဟာ မြောက်ကိုရီးယားဘက်သို့ ပျံသန်းသွားခြင်း သို့မဟုတ် တောင်ကိုရီးယားစစ်တပ်ရဲ့ ရေဒါပေါ်မှ ပျောက်ဆုံးသွားခဲ့ပါတယ်။

မောင်းသူမဲ့လေယာဉ်တွေကို တိုက်ခိုက်နိုင်တဲ့ တောင်ကိုရီးယားရဲ့စွမ်းရည်ဟာ လုံလောက်မှုမရှိကြောင်းနဲ့ ယခင်လေ့ကျင့်တွေနဲ့ လုံလောက်ပြည့်စုံခြင်းမရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေး၀န်ကြီးက ပါလီမန်အမျိုးသားကာကွယ်ရေးကော်မတီအစည်းအဝေးမှာ တောင်းပန်စကားဆိုပါတယ်။

တောင်ကိုရီးယားစစ်တပ်အနေနဲ့ လေကြောင်းရန်ကာကွယ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ ၂၉ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒီလေ့ကျင့်မှုမှာ လေပိုင်နက်အတွင်း မြောက်ကိုရီးယားမောင်းသူမဲ့လေယာဉ်တွေ ၀င်ရောက်လာမှုအပေါ် အခြေခံပြုလုပ်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေး၀န်ကြီးက ပြောပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW