မေ ၃၁-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့မှာ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အခု မေလအတွင်း သေဆုံးသူ (၃) ဦးနဲ့ ဒဏ်ရာရသူ (၁) ဦးတို့ ရှိကြောင်းသိရပါတယ်။ မိုင်းကြောင့် သေဆုံးသူ (၃) ဦးဟာ ရခိုင်ပြည်နယ်က ဖြစ်ပြီး ကျန်ဒဏ်ရာရရှိသူ တဦးမှာ ပလက်ဝမြို့နယ်က ဖြစ်ပါတယ်။ ဒီကနေ့ မေလ ၃၁ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်ဝကျေးရွာမှာ အသက် (၇၅) နှစ်အရွယ် အဘွားအိုတဦး ရွာအနီးက တောင်ပေါ်ကို ဟင်းရှာသွားချိန် မိုင်းပေါက်ကွဲပြီး သေဆုံးခဲ့ပါတယ်။ အဲဒီ အဘွားအမည်ဟာ ဒေါ်မတင်သိန်းဖြစ်ပြီး မိုင်းပေါက်နင်းမိရာမှာ ခြေထောက်နှစ်ဖက်လုံးပြတ်ထွက်သွားတာကြောင့် ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံပို့ဆောင်စဉ် စက်လှေပေါ်မှာပဲ သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရုပ်သားကျေးရွာမှ ဒေါ်မတင်သိန်းရဲ့ ဆွေးမျိုးတော်စပ်သူတဦးက “အဘွားက…
Read MoreYear: 2022
ရုရှားနိုင်ငံထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေ ယူကရိန်းကို မထောက်ပံ့ဘူးလို့ အမေရိကန်သမ္မတ ပြော
ဝါရှင်တန်၊ မေ-၃၁-၂၀၂၂ မျိုးဆက်(VOM) ရုရှားနိုင်ငံထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို ယူကရိန်းကို ထောက်ပံ့မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တာဝေးပစ်ဒုံးပျံစနစ်တွေကို ယူကရိန်းကို ပေးပို့ထောက်ပံ့မှာလားလို့ သမ္မတဂျိုးဘိုင်ဒင်ကို သတင်းထောက်တယောက်က မေ ၃၀ ရက်မှာ မေးမြန်းမှုကို အခုလိုတုံ့ပြန်ဖြေကြားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားရဲ့ ပြင်းထန်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့အတွက် တာဝေးပစ်လက်နက်တွေ ထောက်ပံ့ပေးဖို့ ယူကရိန်းတာ၀န်ရှိသူတွေက တောင်းဆိုမှုပြုနေပါတယ်။ တောင်းဆိုနေတဲ့ လက်နက်တွေထဲမှာ ကီလိုမီတာ ၃၀၀ ထိပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေလည်း ပါ၀င်ပါတယ်။ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ အကြီးအကျယ်ပေးနေပါတယ်။ ဒါပေမယ့် ရုရှားကို အလွန်အကျွံရန်စလိုမျိုးကနေ ရှောင်ကြဉ်ဖို့ အမေရိကန်တာ၀န်ရှိသူတွေက သတိထား လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်။ လက်ရှိမှာတော့ ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်းကို အကြီးအကျယ်ထိုးစစ်ဆင်နေပြီး ဖေဖော်ဝါရီလအတွင်းက ယူကရိန်းကိုမကျူးကျော်ခင် လွတ်လပ်ရေးကြေညာထားတဲ့ လူဟန့်စ်ဒေသတခုလုံးနီးပါးက သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ Ref:…
Read Moreနောင်ချိုမြို့နယ် ပညာရေးမှူးရုံးထဲ ဗုံးပေါက်လို့ ပညာရေးဝန်ထမ်း ၅ ဦး ပြင်းထန်ဒဏ်ရာရ
မေ ၃၁-၂၀၂၂ GG(VOM) ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ပညာရေးမှူးရုံးအတွင်းမှာ ဒီနေ့မေလ ၃၁ ရက်နေ့ နေ့ယ် ၃ နာရီခန့်က ပညာရေးမှူးရုံးအခန်းထဲ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ပညာရေးဝန်ထမ်း ၅ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့သလို ရုံးအဆောက်အဦးနဲ့ပစ္စည်းတွေလည်း ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ” မြို့နယ်ပညာရေးမှူးရုံးအတွင်း ဗုံးပေါက်တယ်၊ ပညာရေး၀န်ထမ်း ၅ ဦး ဒဏ်ရာရပါတယ်။ “လို့ နောင်ချိုဒေသခံတဦးကပြောပါတယ်။ လက်ရှိမှာ ပေါက်ကွဲမှုကြောင့်ဒဏ်ရာရသူတွေကို နောင်ချိုဆေးရုံမှာ ကုသမှုပေးနေကြောင်း နဲ့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ လတ်တလောပြောပြချက်တွေအရ သိရပါတယ်။ “မျက်စိရှေ့တင်ဖြစ်သွားတာ ၊ ပေါက်ကွဲသံအကျယ်ကြီးပဲ။ ပြီးတော့ ဒဏ်ရာရတဲ့သူတွေကို ခေါ်ထုတ်သွားကြတယ်။အဆောက်အဦးလည်း တော်တော်ပျက်စီးသွားတယ် “လို့ မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။ ပညာရေးမှူးရုံးပေါက်ကွဲမှုဖြစ်အပြီးမှာ စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး လမ်းပိတ်ဆို့စစ်ဆေးရှာဖွေတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ Photo- CJ #voiceofmyanmar #VOM #နောင်ချို #ပညာရေးမှူးရုံး #ပေါက်ကွဲမှု
Read Moreအမှတ်-၂ ယောချောင်းတံတားမှာ မိုင်းပေါက်လို့ ဖြတ်သန်းခွင့် ယာယီပိတ်
မေ ၊ ၃၁-၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ အုန်းတောကျေးရွာနဲ့ ရေပြာကျေးရွာအကြား ၊ မုံရွာ – ပုသိမ်ကားလမ်းပေါ်က အမှတ် ၂ ယောချောင်းတံတားပေါ်မှာ မနေ့ မေ ၃၀ ရက် ညပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် အဲ့ဒီတံတားပေါ်ကနေ ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားတယ်လို့ အုန်းတောရွာခံတွေဆီက သိရပါတယ်။ ” မိုင်းကွဲတာက မနေ့ကည ၁၂ နာရီဝန်းကျင်မှာဖြစ်တယ် ၊ တံတားရဲ့ ညာဘက်ခြမ်း ပေါက်ထွက်ပျက်စီးသွားတယ် ၊ ဒီမနက်အထိ ကားလေးတွေ သွားလာနေပေမယ့် ဆောက်လုပ်ရေးဌာနက အခုနေ့ခင်းပိုင်းမှာ လာကြည့်ပြီးနောက်ပိုင်း တံတားကို ယာယီပိတ်လိုက်တာပါ “လို့ အုန်းတောရွာခံတယောက်က ပြောပါတယ်။ အမှတ် ၂ ယောချောင်းတံတားဟာ မြန်မာနိုင်ငံမှာ အရှည်ဆုံး တံတားကြီး ၂၃ စင်း အနက်…
Read Moreထိုင်၀မ် လေပိုင်နက်ထဲကို တရုတ်စစ်လေယာဉ် အစင်း ၃၀ ၀င်ရောက်
တိုင်ပေ၊ မေ-၃၁-၂၀၂၂ မျိုးဆက်(VOM) ထိုင်၀မ် လေကြောင်းကာကွယ်ရေးဇုန်အတွင်းကို တရုတ်စစ်လေယာဉ်အစင်း ၃၀ ၀င်ရောက်လာတာကြောင့် တိုက်လေယာဉ်တွေ ဖြန့်ကြက်ခဲ့ရကြောင်း ထိုင်၀မ်စစ်ဘက်က ထုတ်ပြန်ပါတယ်။ ထိုင်၀မ် လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ်တွေ မေ ၃၀ ရက်မှာ ၀င်ရောက်တဲ့ဖြစ်စဉ်ဟာ ဇန်နဝါရီလနောက်ပိုင်း လေယာဉ်အများအပြား ၀င်ရောက်မှုလည်းဖြစ်ပါတယ်။ လေယာဉ်တွေဟာ ထိုင်၀မ်လေကြောင်းရန် ကာကွယ်ရေးဇုန်ရဲ့ တစ်စိတ်တစ်ပိုင်ဖြစ်တဲ့ ပရာတက်စ်ကျွန်းစုရဲ့ အရှေ့မြောက်ဧရိယာအတွင်း ပျံသန်းသွားကြောင်း ထိုင်၀မ် ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တိုင်ပေကို ကျူးကျော်ခြင်းမပြုဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က သူ့ရဲ့ အာရှခရီးစဉ်အတွင်း တရုတ်ကိုသတိပေးခဲ့ပြီး အမေရိကန်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးကလည်း တိုင်ပေသို့သွားကာ တာ၀န်ရှိသူတွေနဲ့ လုံခြုံရေးဆိုင်ရာတွေဆွေးနွေးခဲ့ပါတယ်။ ထိုင်၀မ်ကို ခွဲထွက်ပြည်နယ်တခုအဖြစ် တရုတ်နိုင်ငံက ရှုမြင်ထားပြီး ပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက် လိုအပ်ရင် အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ တရုတ်နိုင်ငံဟာ မကြာသေးမီလတွေအတွင်း လေကြောင်းဆိုင်ရာ လှုပ်ရှားမှုတွေကို တိုးမြှင့်ခဲ့ပြီး ဒါဟာ လေ့ကျင့်ရေးပြုလုပ်ခြင်းသာဖြစ်တယ်လို့ အခိုင်အမာပြောဆိုထားပေမယ့် ဒီလုပ်ရပ်တွေကြောင့် ဒေသတွင်းမှာ…
Read Moreဆွာချောင်းမှာ ရေနစ်ပျောက်ဆုံးနေတဲ့ ကလေး ၃ ဦးထဲက ၂ ဦးကို သေဆုံးလျက်ပြန်တွေ့၊ ကျန် ၁ ဦးကိုရှာဖွေနေရ
မေ ၊ ၃၁-၂၀၂၂ SP( VOM) ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ အေးသာယာကျေးရွာ၊ ဆွာချောင်းထဲမှာ မနေ့ မေ ၃၀ ရက် နေ့လယ်ပိုင်းက ရေနစ်ပျောက်ဆုံးနေတဲ့ ကလေးငယ် ၃ ဦးထဲက ၂ ဦးကို ဒီကနေ့မနက်ပိုင်းက သေဆုံးလျက်ပြန်တွေ့ရပြီး ၊ ကျန် ၁ ဦးကို ဆက်လက်ရှာဖွေနေရတယ်လို့ နယ်ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ဒီမနက်ပိုင်းမှာ မောင်သီဟထွန်းနဲ့ မသဲစုလှိုင် တို့ ၂ ယောက်ကို သေဆုံးလျက်ပြန်တွေ့ရတယ် ၊ ကျန်နေသေးတဲ့ မဆောင်းသီရိမွန် ကိုတော့ ဆက်လက်ရှာနေကြတုန်း ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ ရေနစ်ပျောက်ဆုံးတဲ့ ကလေး ၃ ယောက်ဟာ ရထားလမ်းအောက်က ဆွာချောင်းထဲကို နွားရေတိုက်နေတဲ့အချိန် မီးရထားလာတာကြောင့် နွားတွေကလှန့်ပြီး ရေထဲကိုခုန်ချတဲ့အခါ နွားနဖားကြိုးကိုင်ထားတဲ့…
Read Moreရွှေတောင်ရွှေနန်းကျက်သရေ
ဆူးငှက် “ အိုင်ရေနဝရတ်နှုန်းတန္တီလို၊ ရွှေကျုံးဂ္ဘီရံကာသန်း၊ ပြည်ကြီးမွန်ဖောင်တော်ကမြန်းနှင့်၊ ရွှေတောင်ရွှေနန်းကျက်သရေ၊ ရွှေလောင်းရွှေလှေထွေထွေယှက်၊ တဇော်ရွှေစက် ရေလကျ်ာရစ်ခွေ ” ( ဦးပုည ) မန္တလေးသည် ယခု ၂၀၂၂ ခုနှစ်တွင် (၁၆၆)နှစ်သက်တမ်းကိုဖြတ်သန်းခဲ့သော မြို့တစ်မြို့ဖြစ်သည်။ ခရစ်နှစ်၁၈၅၆ခုနှစ်တွင် ရန်ကုန်မြို့၏မြောက်ဘက် ကီလိုမီတာ၇ဝဝအကွာ၊ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းခြေရှိ ကျယ်ပြန့်သောမြေအပြင်ရှိရာ မြောက်လတ္တီ ကျုဒ် ၂၁- ၅၈ ၊ အရှေ့လောင်ဂျီကျုဒ် ၉၆- ဝ၄ ဆုံရာအရပ်၌ မင်းတုန်းမင်းတြားကြီးက မန္တလေးကို စတင် တည်ထောင်ခဲ့သည်။ အမရပူရမြို့တော်ဟောင်း၌ မင်းတုန်းမင်း နန်းတက်သော ၁၈၅၃ ခုနှစ် ဖေဖော်ဝါရီလကတည်းက အောက်မြန်မာပြည်ရှိ မြို့တော်ရန်ကုန်ကို ကပ္ပတိန်ဖရေဇာက ခေတ်မီမြို့သစ်စီမံကိန်းအဖြစ် အကောင်အထည်ဖော်နေသောကြောင့်၊ ဝါးကပ်နှင့် သစ်သားအိမ်များပါများကာ လမ်းများကျဉ်းမြောင်းပြီး ဘေးအန္တရာယ်လည်းနီး၊ ကျန်းမာရေးနှင့်လည်း ဆန့်ကျင်သော အမရပူရမြို့ဟောင်းကို စွန့်ခွာကာ အောက်မြန်မာပြည် နည်းတူ မြို့သစ်နန်းသစ်…
Read Moreရှမ်းပြည်မြောက်ပိုင်းမြို့တချို့မှာ ဓာတ်ဆီအရောင်းပြတ်လို့ အခက်အခဲဖြစ်နေ
မေ ၃၀၊ ၂၀၂၂ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှာ ဒီကနေ့ မေလ ၃၀ ရက်နေ့လယ်ပိုင်းကစလို့ ဓာတ်ဆီ ပြတ်လပ်ကာ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံ ပြည်သူတွေနဲ့ တနိုင်တပိုင် စက်သုံးဆီ အရောင်းဆိုင်တွေ ဆီက သိရပါတယ်။ “မြို့ထဲက ဆိုင်တွေ အကုန်လုံး တဆိုင်မှ ဓာတ်ဆီ မရတော့ဘူး။ စိုးသစ္စာဆိုင်ရယ် ဟိုဘက်က သံလွင်ဆိုင်တို့ မြို့ထဲက ဆိုင် တဆိုင်မှ ဓာတ်ဆီ မရတော့ဘူး။ ဒီဇယ်တော့ ရနေသေးတယ်။” လို့ မူဆယ် မြို့ခံ ပြည်သူ တဦးက ပြောပါတယ်။ တနိုင်တပိုင် ဓာတ်ဆီ ရောင်းဝယ်သူတွေအနေနဲ့ အများဝယ်ရင် ဈေးပိုပေး ဝယ်ရတာကြောင့် ပို အခက်အခဲ ကြုံရကြောင်း ပြောပါတယ်။ “အခုက အရင်လို မဟုတ်ဘူး။ ဆိုင်ကယ်၊ ကားတွေမှာ ထည့်ရင်…
Read Moreဒက္ခိဏသီရိမြို့နယ်မှာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတဦး သေဆုံး
မေ ၃၀-၂၀၂၂ KT(VOM) နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ထန်းတပင်ကွက်သစ်၊ ထန်းတပင်တောရဘုန်းကြီးကျောင်းရှေ့မှာ ဒီကနေ့ မေ ၃၀ရက် မနက်၅နာရီကျော်ခန့်က လက်လုပ်မိုင်း ပေါက်ကွဲပြီး အမျိုးသားတဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ” သူက ဗုံးပစ်ဖို့လုပ်တဲ့အချိန် လက်ထဲပေါက်ကွဲသွားတယ်လို့ထင်ပါတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။ သေဆုံးသွားသူဟာ အသက်၂၉နှစ်အရွယ်၊ ရွှေကြာပင်ရပ်ကွက်နေတဲ့သူဖြစ်ပြီး သေဆုံးသူရဲ့အနီးမှာ သံဘောစိများ၊ ပေါက်ကွဲထားတဲ့ လက်လုပ်မိုင်းတစ်လုံးနှင့်အတူ လက်ဖဝါး စုတ်ပြဲဒဏ်ရာတွေ ရရှိသွားတာဖြစ်တယ်လို့ ရဲ့တပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ အခုလို့ ပေါက်ကွဲမှုဖြစ်ပြီး လူသေးဆုံးတာနဲ့ပတ်သက်ပြီး ဒက္ခိဏသီရိမြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ နေပြည်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းနဲ့ အခု မေလပိုင်းထဲမှာလည်း လက်ပန်ခါးလှနဲ့ ဒက္ခိဏသီရိ အမျိုးသမီးရေးရာရုံးရှေ့မှာ ပေါက်ကွဲမှုဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ပါသေးတယ်။ #voiceofmyanmar #VOM #နေပြည်တော် #ပေါက်ကွဲမှု #လူသေဆုံး
Read Moreဘရာဇီးမှာ ရေဘေးကြောင့် လူ ၇၉ ဦးထက်မနည်း သေဆုံး၊ အများအပြား ပျောက်ဆုံးနေ
ဘရာဆီးလီးယား၊ မေ-၃၀-၂၀၂၂ မျိုးဆက်(VOM) ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၇၉ ဦးထက်မနည်းသေဆုံးကာ အများအပြားပျောက်ဆုံးနေပါတယ်။ ပါနမ်ဘူကိုပြည်နယ်နဲ့ သူ့ရဲ့မြို့တော် ရစီဖာတို့မှာ လွန်ခဲ့တဲ့ မေ ၂၅ ရက်ကတည်းက မိုးအကြီးအကျယ်ရွာသွန်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။ မြေပြိုမှုတွေကြောင့် လူအများအပြား သေဆုံးမှုနဲ့ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေကြောင်း ပြည်နယ်အာဏာပိုင်တွေကပြောပါတယ်။ လက်ရှိမှာ စစ်သားတွေနဲ့ ကယ်ဆယ်ရေးသမားတွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ မြေပြိုမှုတွေကြောင့် လူ ၄၀၀၀ ခန့်နေအိမ်တွေ ဆုံးရှုံးခဲ့ပြီး သူတို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပါတယ်။ ရှာဖွေရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကူညီဖို့ စစ်တပ်ကို စေလွှတ်ထားကြောင်း ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ပြောဆိုထားပြီး သူဟာ ဘေးသင့်ရာဒေသသို့ မေ ၃၀ ရက်မှာ သွားမယ်လို့ ပြောပါတယ်။ ဘရာဇီးနိုင်ငံဟာ ယမန်နှစ်ကလည်း မိုးရွာသွန်းမှုနဲ့ ဆက်နွယ်တဲ့ ဘေးအန္တရာယ်တွေ…
Read More