ဂွမြို့နယ်၊ပုန်းညှက်ကျေးရွာအနီး ကမ်းခြေမှာ ဝေလငါးသားပေါက် အသေတစ်ကောင်တွေ့

ဇွန် ၊ ၁ ၊ ၂၀၂၂ SW + SP( VOM) ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ဂွမြို့နယ် ၊ ပုန်းညက်ကျေးရွာအနီး ၊ ညောင်ပင်ခြေကမ်းခြေမှာ မနေ့ မေ ၃၁ ရက် ညနေပိုင်းက ဝေလငါး တစ်ကောင် သေဆုံး သောင်တင်နေတာ တွေ့ခဲ့ရတယ်လို့ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနကနေ သိရပါတယ်။ ဂွမြို့နယ်၊ ဂျိန္တလီမြို့နယ်ခွဲ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးကိုကိုနိုင်က “မနေ့က ကျနော်တို့ကို ပုန်းညက်ကျေးရွာက ရေလုပ်သားတဦး ဖုန်းဆက်ပြီးပြောလာတယ်။ ဝေလငါးလို့ယူဆရတဲ့ အသေတစ်ကောင် လှိုင်းလေတွေပုတ်ပြီး ကမ်းစပ်ကိုရောက်လာတယ်၊ ကျနော်တို့သွားရောက်ပြီး စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်၊ သူက ကျောက်ဆောင်တွေနဲ့ တိုက်ပြီး နာသွားတဲ့နေရာတွေပါတယ်။ သေပြီးမှ တွေ့တာဆိုတော့ ဘာကြောင့်သေသွားသလဲဆိုတာ ပြောရခက်တယ်။ အဲဒီ ငါးအသေကို ဒီတိုင်းထားခဲ့လို့ရှိရင် မိုးတွေရွာ လေတွေတိုက်…

Read More

ယူကရိန်းမှာ ရုရှားကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှု ၁၅၀၀၀ ရှိ၊ တရားစွဲဆိုမှု ၈၀ ယူကရိန်း စတင်နေ

ကိယက်ဗ်၊ ဇွန်-၁-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲစတင်ပြီးကတည်းက ရုရှားတပ်များဟာ သံသယဖြစ်ဖွယ် စစ်ရာဇ၀တ်မှု ၁၅၀၀၀ ၀န်းကျင်ကျူးလွန်ခဲ့ကြောင်း ယူကရိန်း အစိုးရရှေ့နေချုပ်ကပြောပါတယ်။ ဒီလိုကျူးလွန်မှုတွေဟာနေ့စဉ် ၂၀၀ ကနေ ၃၀၀ ထိရှိနေပြီး သံသယရှိသူ ၆၀၀ ခန့်ကို ဖော်ထုတ်နိုင်ခဲ့ကာ တရားစွဲဆိုမှု ၈၀ ကို စတင်နိုင်ခဲ့ကြောင်း ရှေ့နေချုပ် Iryna Venediktova က သည်ဟိတ်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။ စစ်ရာဇ၀တ်မှုကျူးလွန်ကြောင်း သံသယရှိသူစာရင်းမှာ စစ်ဘက်နဲ့ နိုင်ငံရေးထိပ်တန်း တာ၀န်ရှိသူတွေနဲ့ ဝါဒဖြန့်ချိရေးသမားတွေလည်း ပါ၀င်တယ်လို့ သူကဆိုပါတယ်။ ရုရှားကတော့ ယူကရိန်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတာ သို့မဟုတ် စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ သံသယဖြစ်ဖွယ် စစ်ရာဇ၀တ်မှု ၁၅၀၀၀ ထဲက ထောင်ပေါင်းများစွာဟာ ယူကရိန်းနဲ့ ရုရှားတပ်တွေအကြား ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘက်စ်ဒေသမှာ ဖြစ်ပွားခဲ့တယ်လို့ ရှေ့နေချုပ်…

Read More

မူဆယ်ခရိုင် နမ့်ခေါင် တောင်ကြောမှာ စစ်တပ်နဲ့ KIA, MNDAA တို့ ၂ ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်နေ

ဇွန် ၁၊ ၂၀၂၂ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်၊ မုံးပေါ်ဒေသ၊ တောင်ကြောမှာ စစ်တပ်နဲ့ KIA, MNDAA ပူးပေါင်း အဖွဲ့တို့ မနေ့ မေလ ၃၁ ရက်နေ့‌ကစပြီး ဒီကနေ့ ဇွန် ၁ ရက်နေ့ထိ ၂ ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့က နမ့်ခေါင် ဆုတောင်းတောင်ဘက်မှာ။ ဒီနေ့လည်း အဲဒီ ဘက်မှာပဲ” လို့ ဒေသခံ ၁ ဦး က ပြောပါတယ်။ စစ်တပ်ဘက်က တပ်မ ၉၉ ဖြစ်ပြီး အင်အား ၁၅၀ ခန့်က စစ်ကြောင်းထိုးရာကနေ KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ နဲ့ ကိုးကန့် MNDAA…

Read More

ဖားကန့်မြို့နယ်က အမှိုက်ပုံပေါ်မှာ လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ လူသေ ၄ လောင်းတွေ့

ဇွန် ၊ ၁-၂၀၂၂ SP (VOM) ကချင်ပြည်နယ် ၊ ဆိတ်မူးကျေးရွာအုပ်စု ၊ ဆွတ်အောင်ကျေးရွာက အမှိုက်ပစ်တဲ့ တံတားအောက် အမှိုက်ပုံပေါ်မှာ ဇွန် ၁ ရက် ၊ ဒီကနေ့ မနက်အစောပိုင်းက လက်နောက်ပြန်ကြိုးတုပ်သတ်ထားတဲ့ လူသေ ရုပ်အလောင်း ၄ လောင်းစွန့်ပစ်ထားတာကို တွေ့ရတယ်လို့ ဆိတ်မူးကျေးရွာ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ဒီမနက် ၆ နာရီဝန်းကျင်မှာ ဆွတ်အောင် တံတားအောက် အမှိုက်ပုံပေါ်က စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၄လောင်း တွေ့ရတာပါ ၊ သေဆုံးသူတွေက အသက် ၃၀ ဝန်းကျင် လူလတ်ပိုင်း အမျိုးသားတွေဖြစ်တယ် ၊ လက်နောက်ပြန် ကြိုးတုပ်ထားပြီး ၊ ဦးခေါင်းပိုင်း ကျည်ဆံဖောက်ဝင် ဒဏ်ရာလို့ ထင်မြင်ရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ” လို့ နယ်ခံ ပရဟိတသမား တယောက်က…

Read More

ခင်ဦးမြို့နယ်မှာ စစ်ဘေးရှောင်ဖို့ ထွက်ပြေးနေတဲ့ လင်မယား ၂ ဦး အသတ်ခံရ

ဇွန် ၊ ၁-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ ဗအိုးကျေးရွာရဲ့ အရှေ့ဘက် စစ်ဘေးရှောင်နေရာတခုမှာ မနေ့ မေ ၃၁ ရက် ညနေပိုင်းက စစ်ဘေးရှောင် လူ ၂ ဦး အသတ်ခံရတယ်လို့ နယ်ခံပရဟိတအသင်းတွေဆီက သိရပါတယ်။ ” မနက်ကစလို့ ဗအိုးရွာဘက်ကို စစ်ကြောင်းဝင်လာတယ်လို့ ကြားရတော့ ၊ ရွာကလူတွေ နီးစပ်ရာတောတွေထဲကို ထွက်ပြေးတိမ်းရှောင်ကြတယ် ၊ အဲ့ဒီလို တိုက်ပွဲရှောင်နေတဲ့ လူတွေထဲက ဗအိုးရွာသား ဦးစိုးဝင်းနဲ့ ဒေါ်ခင်စန်းဝင်း လင်မယား ၂ ယောက် အသတ်ခံရတာ “လို့ ဗအိုးရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီ လူသတ်မှုနဲ့ပတ်သက်ပြီး ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက”အသတ်ခံရတဲ့ အကြောင်းကတော့ ထုံးစံအတိုင်း ဒလန်လို့ ခေါင်းစဥ်ကပ်မှာပေါ့ ၊ အဲ့ဒီ ဖြစ်စဥ်ကို…

Read More

တနိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ဧပြီနဲ့ မေလ အတွင်း မိုးကြိုးထိမှန် သေဆုံးသူ ၃၀ ကျော်ရှိခဲ့

ဇွန် ၊ ၁-၂၀၂၂ SP (VOM) ပြီးခဲ့တဲ့ ဧပြီ နဲ့ မေ ၂ လအတွင်းမှာ တနိုင်ငံအတိုင်းအတာ အနေနဲ့ မိုးကြိုးထိမှန် သေဆုံးသူ ၃၀ ကျော်ရှိတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ညွှန်ကြားရေးမှူးရုံးချုပ်ကနေ သိရပါတယ်။ ” ပြီးခဲ့တဲ့ ဧပြီ နဲ့ မေ ၂ လအတွင်းမှာ တနိုင်ငံလုံး အနေနဲ့ မိုးကြိုးပစ်တဲ့ ဖြစ်စဥ်အကြိမ်ရေ ၃၂ ကြိမ်ရှိတယ် ၊ မိုးကြိုးထိမှန်ပြီး သေဆုံးသူက ၃၄ ယောက် ၊ ဒဏ်ရာရလို့ ဆေးကုသခံနေရသူက ၉ ဦးရှိတယ် “လို့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးညွန်ကြားရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ အဲ့ဒီ အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်တွေကနဲ့ နှိုင်းယှဉ်ရင် ဒီနှစ် ဧပြီနဲ့မေ ၂ လအတွင်း ဖြစ်ပွားမှုနူန်းက ပိုများလာတာဖြစ်တယ်လို့…

Read More

နောင်ချိုပညာရေးမှူးရုံး ဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရတဲ့ မူလတန်းကျောင်းအုပ်ဆရာမကြီး သေဆုံး

မေ ၃၁-၂၀၂၂ GG(VOM) ဒီနေ့ မေလ ၃၁ ရက် နေ့လယ်ပိုင်းက ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ပညာရေးမှူးရုံးအတွင်းဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရရှိသူ ဆရာ၊ဆရာမ ၈ ဦးထဲက မူလတန်းကျောင်းအုပ်ဆရာမကြီးတဦး ဗုံးထိဒဏ်ရာနဲ့သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွာယတဲ့ ကျောင်းအုပ်ဆရာမကြီးဟာ မျက်ချင်းနုရွာ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်စောခင်ခင်ချို အသက် ၅၄ နှစ် ဖြစ်ပြီး ဗုံးပေါက်ကွဲဒဏ်ရာတွေကြောင့် ပြင်ဦးလွင်တပ်မတော်ဆေးရုံကို ပို့ဆောင်ကုသစဉ် ရရှိထားတဲ့ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ” ပထမ သိရတာ ၅ ယောက်ပေါ့။ အခုမှ ထပ်ပြီးသိရတာ ၈ ယောက်ထိတာ။ ကျောင်းအုပ်ဆရာမကြီးတယောက်ကတော့ ဆုံးသွားပြီ၊ရုံးခန်းတခုလုံးလည်း ရစရာမရှိအောင်ပျက်စီးပါတယ်။ ချိန်ကိုက်မိုင်းထောင်ပြီးလုပ်တာလို့ သိရတယ် ၊ ကျောင်းတွေဖွင့်တော့မှာဆိုတော့ အစည်းအဝေးလုပ်ကြတာ၊အစည်းဝေးပြီးချိန်ပေါက်လို့ ထိခိုက်မှုနည်းတယ် ပြောလို့ရတယ် ” လို့ ဒေသခံတဦးကပြောပါတယ်။ နောင်ချိုမြို့နယ် မြို့နယ်ပညာရေးမှူးရုံးမှာ လစဉ်ပုံမှန်အစည်းအဝေးနဲ့ ကျောင်းတွေပြန်ဖွင့်ရေးအစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် အစည်းအဝေးခန်းမမှာ…

Read More

သရက်မှာ ပစ်ခတ်ပေါက်ကွဲမှုတွေဖြစ်လို့ အုပ်ချုပ်ရေးမှူး နဲ့ ရဲ ၂ယောက်သေဆုံး

မေ ၃၁-၂၀၂၂ GG(VOM) မကွေးတိုင်း ၊ သရက်ခရိုင်မှာ ပစ်ခတ်ပေါက်ကွဲမှုတွေဖြစ်လို့ ရဲ ၂ ယောက်နဲ့ ရပ်ကျေးအုပ်ရေးမှူး သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မေလ ၃၁ ရက်နေ့ မနက် ၆ နာရီကျော်လောက်မှာ သရက်မြို့ပေါ်ကို အစည်းအဝေးသွားတဲ့ တွင်းလယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်း ဆိုသူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ် ။ ” ကံမ နဲ့ သရက်မှာဖြစ်တာ။ သရက်က အုပ်ချုပ်ရေးမှူးက ပစ်သတ်ခံရတာ။ကံမမှာက အရင်ဆုံး အသံဗုံးပေါက်တယ်။အဲ့ဒါကိုလာစစ်တဲ့ စစ်တပ်နဲ့ရဲတွေတိုက်ခိုက်ခံရတာလို့သိရတယ်၊သေတာလည်းကြားတယ်၊ဒဏ်ရာရသူလည်းရှိတယ်သိရတယ်” လို့ ဒေသခံတဦးကပြောပါတယ်။ ကံမမြို့က ရဲ ၂ ယောက်သေဆုံးမှုတော့ မေလ ၃၀ ရက်နေ့ ညပိုင်း ၁၁ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ပထမဆုံး အသံဗုံးပေါက်ပြီးချိန် လာရောက်စစ်ဆေးတဲ့ စစ်သားနဲ့ရဲတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့သလို အဝေးထိန်းဗုံးနဲ့ပါ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်…

Read More

ရန်ကုန်မြို့ ဘားလမ်းမှတ်တိုင်မှာ ဗုံးပေါက်ကွဲပြီး (၁)ဦးသေ၊ (၉)ဦးဒဏ်ရာရ

မေ ၃၁-၂၀၂၂ KK(VOM) ရန်ကုန်မြို့လည်ခေါင်ရှိ ဘားလမ်းမှတ်တိုင်မှာ ဒီကနေ့ ညနေသုံးနာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ (၁)ဦးသေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ကျောက်တံတားမြို့နယ်၊ ၃ ရပ်ကွက်၊ ၃၅ လမ်းအနီးက ဘားလမ်းမှတ်တိုင်မှာ ဒီကနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်၊ အသံတော့ကြားတယ် အကျယ်ကြီးပဲ ဘားလမ်းမှာ ဗုံးပေါက်တယ်ဆိုတာ နောက်မှသိတာ ကျနော်သွားကြည့်တာတော့ (၄)ဦး သွေးတွေနဲ့လဲနေတာတွေ့တယ်”လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ ဘားလမ်းကားမှတ်တိုင်ဗုံးပေါက်ကွဲမှာ (၁၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ပေးချိန် တဦးမှာ သေဆုံးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ “သူတို့အခြေအနေကိုကြည့်နေတယ်၊ စိုးရိမ်ရတဲ့အနေ အထားရှိရင် စစ်ဆေးရုံကို ပို့မှာပါ”လို့ သူကပြောပါတ ယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို ပရဟိတအသင်းက လူနာတင်ယာဥ်တွေ၊ စစ်တပ်နဲ့ရဲတွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သူကပြောပါတယ်။ လက်တလောမှာ စစ်တပ်နဲ့ရဲတွေက ဆူးလေအနီးတဝိုက်မှာ ကားတွေကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီကနေ့မနက်ပိုင်းကလည်း အင်းစိန်မြို့နယ်၊…

Read More

နေပြည်တော်မှာတောင် ဆီပြတ်နေ

မေ ၃၁-၂၀၂၂ KT(VOM) နေပြည်တော်က ဆီပန့်အချို့‌မှာ လက်ကျန်ဆီလျော့နည်းနေတာကြောင့် စက်သုံးဆီအမျိုးအစားအချို့ လတ်တလောမှာ မရရှိနိုင်သေးဘူးလို့ ဆီထည့်ပြီးပြန်လာသူတွေဆီက သိရပါတယ်။ ဆီဆိုင်တွေမှာလည်း မီးနီပြထားတဲ့ ဆီဈေးနူန်းထဲက ဆီတွေသာ လက်ကျန်ရှိတော့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဆီထည့်ပြီး ပြန်လာသူတဦးက “ဆီပန့်တိုင်း မရတာတော့မဟုတ်ပါဖူး ရတဲ့ဆိုင်တော့ ထည့်လို့ရပါတယ်၊တချို့ဆိုင်က 92မရဖူး 95ရတယ်၊တချို့ဆိုင်က 95မရဖူး 92ရတယ်၊အနီးနားဆီပန့်တွေက မရတော့ ၃ဆိုင်လောက်တော့ ပတ်လိုက်ရတယ်၊ဆီပြတ်တယ်ဆိုပြီး သတင်းတွေထွက်တော့ ကြောက်လန့်ပြီး တန်းစီထည့်နေရတယ်”လို့ ပြောပါတယ်။ မနေ့ မေလ ၃၀ရက်နေ့အထိ 92 တလီကို 2265ကျပ်၊ 95 တလီတာကို 2385ကျပ်၊ Diesel တလီတာ 2370ကျပ်၊ P Diesel တလီတာ2400 ကျပ်တို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း MPTA ကတော့ ပြည်တွင်းမှာ Ron 92/Ron 95 တွေကို…

Read More
VOM News

FREE
VIEW