မြဝတီမြို့က ရပ်ကွက်အချို့မှာ မြစ်ရေတက်လာလို့ လူဦးရေ ထောင်နဲ့ချီ ရွှေ့ပြောင်းနေထိုင်ရ

မေ ၂၂-၂၀၂၂ KK(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ မေလ ၂၁ရက်က မိုးများပြီး မြစ်ရေတက်လာလို့ ရပ်ကွက်အချို့က လူဦးရေထောင်နဲ့ချီကာ ဒီကနေ့ မနက်ပိုင်းဘေးလွှတ်ရာကို ရွှေပြောင်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိုးရွာသွန်းမှုကြောင့် သောင်ရင်းမြစ်​ရေလျံတက်လာ​တာကြောင့် အနိမ့်ပိုင်းရှိ ​နေအိမ်တွေဟာ ကုန်းမြင့်ရာနေ ရာကို ရွှေ့ပြောင်းနေထိုင်ရတာဖြစ်တယ်လို့ ပြောင်း​ရွှေ့​နေထိုင်နေရတဲ့ အမှတ် ၃ ရပ်ကွက်နေသူတဦးကပြောပါတယ်။ “”ကျွန်မတို့ ၃ ရပ်ကွက်က အများဆုံးရေမြုပ်တာ၊ မိုး ကုတ်ဘုန်းကြီးကျောင်းအပိုင်း အမှတ် ၁ တံတားအနားပါ”လို့ သူကပြောပါတယ်။ ရေနစ်မြုပ်တဲ့ ရပ်ကွက်အချို့က ဒေသခံတွေကို သ က်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပရဟိတအဖွဲ့အစည်းတွေက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို ရွှေ့ပြောင်းပေးနေတယ်လို့ မြို့ခံတဦးဖြစ်တဲ့ ကိုဝင်းဇော်က ပြောပါတယ်။ “မိသားစုသုံးယောက်ပဲရှိတဲ့သူက ကိုယ့်အစီအစဥ်နဲ့ကိုယ်ပေါ့၊ အချို့များတဲ့သူတွေကျတော့ ပရဟိတအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက ကူပြီးရွှေ့ပြောင်းပေးကြတယ်”လို့ သူကပြောပါတယ်။ ရေနစ်မြုပ်လို့ ရေဘေးလွှတ်ရာကုန်းမြင့်ကို ရွှေ့ပြောင်းရတဲ့…

Read More

ရခိုင်ပင်လယ်ပြင်မှာ လေပြင်းမုန်တိုင်းကြောင့်စက်လှေတွေ နစ်မြုပ်ပြီး လှေသမားတချို့ ဒဏ်ရာရ

မေ ၂၂-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်မှာ မနေ့ မေလ ၂၁ရက် ညနေပိုင်းက လေပြင်းမုန်တိုင်း ကျရောက်ခဲ့တာကြောင့် ငါးဖမ်းစက်လှေ ၅ စီးကျော် နစ်မြုပ်ခဲ့ပြီး လှေသမားတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ” ဒီကို သတင်းတွေအတိအကျရောက်ပါပြီ။ လှေနစ်မြုပ်တာတော့ဟုတ်တယ်။ ဒါပေမယ့် လူတွေဘာမှမဖြစ်ဘူး။ ဖြစ်တာကတော့ ကျွန်းသာယာတို့၊ နံ့သာကျွန်းဖက်တွေမှာ ငါးဖမ်းနေတဲ့စက်လှေတွေလို့သိရတယ်” လို့ ပြောပါတယ်။ အဲဒီ ငါးဖမ်းစက်လှေတွေမှာပါတဲ့ လှေသမား ၁၃ ဦးဟာ ပင်လယ်ပြင်အတွင်း စက်လှေတွေနဲ့ နစ်မြုပ်သွားပြီး လှေသမားတွေ ပျောက်ဆုံးသွားပြီးခါမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြည်နယ်ကောင်စီရဲ့ပြောပြလျက်အရ သိရပါတယ်။ စက်လှေနစ်မြုပ်မှုကြောင့် ပြန်လည်ရှာဖွေတွေ့ရှိသူတွေဟာ သက်ဆိုင်ရာကျေးရွာတွေကို ပြန်လည်ရောက်ရှိခဲ့ပြီး လိုအပ်တဲ့ကုသမှုတွေကို ခံယူခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြေပုံမြို့နယ်၊ ငပသုန်ကျွန်း နှာခေါင်းပေါက်အနီးမှာလည်း စက်လှေတချို့နစ်မြုပ်တာရှိခဲ့ပြီး လူအသေအပျောက်မရှိခဲ့ဘူးလို့ သိရပါတယ်။ Photo…

Read More

မိုးတွင်း ပျိုးခင်းရှာပုံတော်

ဆူးငှက် ၁၉၅၀ ဝန်းကျင်၊ မန္တလေး… သင်္ကြန်ပြီးကတည်းက အတွေ့စိပ်လာသော ဂီတပါရမီရှင်လူငယ်လေးတွေက အခုတစ်လော မနက်လင်းတာနှင့် အောင်ပင်လယ်ကွင်း ကန်လယ်မှာရှိသော ဘကြီးစိန်တိုက်မှာ စုမိနေကြသည်။ ယဉ်ပျံရွာ ထန်းတောက ပုစွန်ဆိတ်ခုန်နှင့် ကွက်ကြော်လည်း ပါနိုင်တာပေါ့။ ဓားတန်းကိုသန့်နှင့် ဝမ်းကွဲညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဘကြီးစိန်က လူ့ဘ၀ လူ့လောကကို ဂျစ်ကန်ကန် အရွဲ့တိုက်နေချင်သူပီပီ၊ လူသူကင်းဝေးသည့် အောင်ပင်လယ်ကွင်း ကန်လယ်ရှိ ခြံကြီးထဲမှာ တစ်ထပ် အုတ်တိုက်လေးမှာပဲ ခပ်ပျော်ပျော်နေသည်။ သင်္ကြန်အပြီး မိုးဖြိုင်ဖြိုင် မကျခင် ပူပြင်းလှသော မန္တလေးနွေကို ခုခံဖို့က ဂီတပါရမီရှင် လူငယ်လေးတွေအဖို့ ပုစွန်ဆိတ်ခုန်နှင့် ဘကြီးစိန်ခြံက လိုက်ဖက်ညီသည် မဟုတ်ပါလား …။ ကွင်းပေါ်က လေက အပူကို ဖယ်ထုတ်သည်။ တပြန့်တပြော ကွင်းထဲမှာ ပျိုးခင်းနှင့် ရိုးပြတ်တွေ ရှိမည်၊ အိပ်တန်းပြန် ကျေးငှက်တွေရှိမည်။ လှည်းစာမထိုး၍ ကျီကျီအီသော လှည်းဝန်ရိုးသံရှိမည်။ ကျောင်းသား၏…

Read More

ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် စံချိန်တင်မြင့်တက်မှု ဖြစ်ပွားနေ

ဂျီနီဗာ၊ မေ-၁၉-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်း ၁၀ စင်တီမီတာကျော် မြင့်တက်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ စံချိန်သစ်တင်ခဲ့တယ်လို့ ကမ္ဘာ့မိုးလေ၀သအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီအစီရင်ခံစာကို မေ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်၀န်းမှ မိုးလေ၀သအာဏာပိုင်တွေနဲ့ သုတေသနအဖွဲ့အစည်းတွေမှ စုစည်းပေးပို့တဲ့ အချက်အလက်တွေအပေါ် အခြေခံထားပါတယ်။ ၁၉၉၃ ခုနှစ်မှ ၂၀၂၁ ခုနှစ်အကြားမှာ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ဟာ ပျှမ်းမျှအားဖြင့် ၁၀ ဒသမ ၂ စင်တီမီတာထိ မြင့်တက်ခဲ့ပြီး မကြာသေးမီကာလတွေအတွင်း အရှိန်မြင့်လာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဓိကအားဖြင့် တောင်၀န်ရိုးစွန်းရှိ ရေခဲလွှာတွေနဲ့ အခြားနေရာတွေမှ ရေခဲတွေအရည်ပျှော်ပြီး ပင်လယ်ထဲသို့ စီး၀င်တာတွေကြောင့် ပင်လယ်ရေမျက်နှာပြင် ပိုမိုမြင့်တက်လာခြင်းဖြစ်ပြီး ကမ်းရိုးတန်းဒေသမှာ နေထိုင်သူ သန်းပေါင်းများစွာအတွက် ကြီးမားတဲ့ သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ ကမ္ဘာ့မိုးလေ၀သအဖွဲ့က ပြောပါတယ်။ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ဟာ…

Read More

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအကြပ်အတည်း ရေရှည်ရင်ဆိုင်ရနိုင်ကြောင်း ကုလသတိပေး

နယူးယောက်၊ မေ-၁၉-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ရေရှည်ဖြစ်ပွားဖွယ်ရှိတဲ့ စားနပ်ရိက္ခာအကြပ်အတည်းမှာ များမကြာမီ ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးပြောဆိုလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုကို ပိုမိုဆိုးရွားကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောပါတယ်။ ယူကရိန်းရဲ့ပြည်ပပို့ကုန်တွေ စစ်ကြိုကာလတုန်းကလိုအခြေအနေပြန်မရောက်ဘူးဆိုရင် အချို့နိုင်ငံတွေမှာ ရေရှည်အငတ်ဘေးဆိုက်နိုင်တယ်လို့ သူက သတိပေးပြောဆိုပါတယ်။ ပဋိပက္ခတွေကြောင့် တချိန်က စားသုံးဆီအမြောက်အများအပြင် ပြောင်းနဲ့ဂျုံလိုမျိုး ကောက်ပဲသီးနှံတွေများစွာ တင်ပို့ခဲ့တဲ့ ယူကရိန်းဆိပ်ကမ်းတွေဆီကနေ ထောက်ပံ့ရေးကွင်းဆက်တွေဟာ ပြတ်တောက်နေပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့လုံးဆိုင်ရာ ရောင်းလိုအာလျော့ကျခဲ့ပြီး ကုန်စျေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရ ကမ္ဘာ့စားနပ်ရိက္ခစျေးနှုန်းဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလကထက် ၃၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါရဲ့ သက်ရောက်မှုနဲ့ လက်ရှိပဋိပက္ခတွေကြောင့် လူသန်းပေါင်းများစွာဟာ စားနပ်ရိပ်က္ခာမလုံလောက်မှုကြောင့် အာဟာရချို့တဲ့မှု အစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းပါးမှုအန္တရယ်ရှိနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတိပေးပြောဆိုပါတယ်။ Ref:…

Read More

ပေါင်းတည်က အမျိုးသားတဦး ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံး

မေ ၁၉-၂၀၂၂ VOM (GG) ပဲခူးတိုင်း အနောက်ပိုင်း ၊ ပေါင်းတည်မြို့က ကိုမင်းမင်းဆိုသူ အမျိုးသားတဦးဟာ မနေ့ မေလ ၁၈ ရက်နေ့က ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မေလ ၁၅ ရက်နေ့က ပေါင်းတည်၊ ကြို့ပင်ကျေးရွာအုပ်စု၊ သဖန်းကုန်း – တာပွန်လမ်းပေါ်မှာ ကင်းလှည့်နေတဲ့ ဆိုင်ကယ်သုံးစီးနဲ့ ရဲတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ် ။ ” ကိုမင်းမင်းဖွင့်ထားတဲ့ကွမ်းယာဆိုင်က ရဲတွေတိုက်ခိုက်ခံရတဲ့ နေရာနဲ့နီးတယ်။ဒါကြောင့်စစ်ဆေးဖို့ဆိုပြီး ဖမ်းသွားပြီး ဒီနေ့ကျသေပြီလို့ သတင်းသိရတာ၊သူက လူမှုဆက်ဆံရေးလည်းကောင်းတဲ့သူပါ”လို့ ပေါင်းတည်ဒေသခံတဦးကပြောပါတယ်။ သေဆုံးသူ ကိုမင်းမင်းဆိုသူဟာ မနေ့ မေလ ၁၈ ရက် နေ့လယ် ၁၂ နာရီ လောက်မှာအဖမ်းခံရတာဖြစ်ပြီး ဒီနေ့မေလ၁၉ရက်နေ့မှာ သေဆုံးသွားပြီလို့ အကြောင်းကြားလာတာဖြစ်တယ်လို့ သိရပါတယ်။ ကိုမင်းမင်းသေဆုံးမှုနဲ့ပတ်သက်ပြီး မြို့နယ်တာဝန်ရှိသူတွေက မိသားစုဆီကို…

Read More

မာရီယူပိုလ်မြို့မှာ ယူကရိန်းတိုက်ခိုက်ရေးသမား ၉၀၀ ကျော် လက်နက်ချ၊ ဒွန်နက်ဒေသ အကျဉ်းထောင်သို့ ရုရှားပို့ဆောင်

မော်စကို၊ မေ-၁၉-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ မာရီယူပိုလ်မြို့မှာ လက်နက်ချလိုက်တဲ့ ယူကရိန်းတိုက်ခိုက်ရေးသမား ၉၀၀ ကျော်ကို ရုရှားထိန်းချုပ်ထားရာ ဒွန်နက်ဒေသရှိ အကျဉ်းထောင်ဟောင်းတခုကို ပို့ဆောင်လိုက်တယ်လို့ ရုရှားဘက်က ထုတ်ပြန်လိုက်ပါတယ်။ သူတို့ရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး ယူကရိန်းဘက်ကတော့ လူသိရှင်ကြားမှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။ မြို့မှာရှိတဲ့ သံမဏိစက်ရုံထဲမှာ ယူကရိန်းတိုက်ခိုက်ရေးသမား တထောင်ကျော်ပိတ်မိနေသေးတယ်လို့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးခေါင်းဆောင်တဦးကပြောပါတယ်။ ရုရှားတပ်တွေကတော့ မာရီယူပိုလ်မြို့ကို ထိန်းချုပ်နိုင်ပြီးနောက် အရှေ့ပိုင်းဒွန်ဘက်စ်ဒေသမှာ ထိုးစစ်ဆင်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ ယူကရိန်းတပ်တွေ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် ရုရှားစစ်သားတဦးကတော့ လက်နက်မဲ့ ယူကရိန်းအရပ်သားတဦးကို သတ်ဖြတ်ခဲ့ကြောင်း ၀န်ခံထွက်ဆိုလိုက်ပြီး ဒါဟာ ယူကရိန်းစစ်ပွဲစတင်ကတည်းက ပထမဆုံး စစ်ရာဇ၀တ်မှုမြောက်တဲ့ တရားစီရင်မှုလည်းဖြစ်ပါတယ်။ ဒီအတောအတွင်း ယူကရိန်းမှာ နောက်ထပ်ရက် ၉၀ ကြာ စစ်အုပ်ချုပ်ရေး သက်တမ်းတိုးဖို့ အမိန့်ကို သမ္မတ ဇီလန်စကီးက လက်မှတ်ထိုးထုတ်ပြန်လိုက်ပါတယ်။ ဂျီ-၇ အဖွဲ့ကတော့…

Read More

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေ မနက်ဖြန် စတော့မည်

နေပြည်တော် -မေ-၁၉-၂၀၂၂ KT(VOM) နစကဥက္ကဋ္ဌရဲ့ ဖိတ်ခေါ်ကမ်းလှမ်းမှုမှတဆင့် ဖြစ်ပေါ်လာမယ့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေကို အခုလာမယ့် မေလ ၂၀ရက် မနက်ဖြန်ကနေ စတင်ဆောင်ရွက်တော့မှာ ဖြစ်တယ်လို့ နစကသတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ နစကဥက္ကဌနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စာရင်းပေးထားတဲ့ အဖွဲ့အစည်း ၁၀ဖွဲ့ရှိပြီး အဲ့ဒီအဖွဲ့အစည်းတွေထဲက ဥက္ကဌအဆင့်ရှိသူ ၃ဦးပါတဲ့ အဖွဲ့ ၃ဖွဲ့၊အခြားအဖွဲ့တွေကတော့ ဥက္ကဌကဲ့သို့ ဆုံးဖြတ်ပိုင်ခွင့်အခွင့်ရ ဒုတိယဥက္ကဌစတဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်မှာဖြစ်တဲ့အကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မယ့်အဖွဲ့တွေကတော့ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA)၊တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး DKBA ၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA၊မွန်ပြည်သစ်ပါတီ NMSP ၊ရခိုင်လွတ်မြောက်ရေးပါတီ ALP ၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ LDU၊ ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSP/UWSA၊မိုင်းလားဒေသအဖွဲ့ NDAA၊ရှမ်းပြည်တပ်မတော် SSPP/SSAတို့ဖြစ်ပါတယ်။ လတ်တလောမှာ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေကို တာချီလိတ်အခြေစိုက်…

Read More

ထူးဆန်းတဲ့ မျောက်ကျောက်ရောဂါ ဗြိတိန်၊ အမေရိကန်၊ စပိန်နဲ့ ပေါ်တူဂီတို့မှာ ကူးစက်ပျံ့နှံ့နေ

မက်ဒရစ်၊ မေ-၁၉-၂၀၂၂ မျိုးဆက်(VOM) ထူးဆန်းတဲ့ မျောက်ကျောက်(Monkey Pox) ရောဂါတမျိုးဟာ ဗြိတိန်၊ အမေရိကန်၊ စပိန်နဲ့ ပေါ်တူဂီနိုင်ငံတို့ မှာ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလျှက်ရှိနေပါတယ်။ ဗြိတိန်၊ ပေါ်တူဂီတို့မှာ တွေ့ရှိပြီးသားဖြစ်တဲ့ ဗိုင်းရပ်စ်နဲ့ဆင်တူတဲ့ လက္ခဏာတွေတွေ့ရှိပြီးနောက် လူ ၂၃ ဦးမှာ မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်ခြေရှိတယ်လို့ စပိန်အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ သံသယလူနာတွေကို အတည်မပြုရသေးပေမယ့် တနိုင်ငံလုံးကို သတိပေးချက်ထုတ်ပြန်ထားကြောင်း၊ ယေဘုယျအားဖြင့် မျောက်ကျောက်ရောဂါဟာ အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်လေ့ရှိပေမယ့် လက်ရှိလူနာတွေကတော့ လိင်မှတဆင့်ကူးစက်တဲ့ လက္ခဏာရှိတယ်လို့ ကျန်းမာရေး၀န်ကြီးဌာနက ပြောပါတယ်။ ပေါ်တူဂီမှာတော့ ကူးစက်ခံရသူငါးဦး အတည်ပြုထားပြီး နောက်ထပ် သံသယလူနာ ၁၅ ဦးကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပေါ်တူဂီအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ အမေရိကန်မှာတော့ ကနေဒါနိုင်ငံကနေ ပြန်လာသူတဦးမှာ မျောက်ကျောက်ရောဂါ ကူးစက်မှု တွေ့ရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ဗြိတိန်မှာလည်း မျောက်ကျောက်ရောဂါ ကူးစက်မှုတွေကို…

Read More

တရုတ်ကလှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေး ၁၀ သန်း အခြေခံပညာကျောင်းသားတွေကို ထိုးပေးမယ်

မေ ၁၉-၂၀၂၂ GG(VOM) တရုတ်က ထပ်မံလှူဒါန်းတဲ့ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်းကို အခြေခံပညာစာသင်ကျောင်းသားတွေကို ထိုးနှံပေးမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ လက်ရှိမှာ ပထမအသုတ်အနေနဲ့ တရုတ်က ကာကွယ် ဆေး ၅ သန်း doses နဲ့ ဆေးထိုးအပ်၂ သန်းဟာ မနေ့မေလ ၁၈ ရက်နေ့က ရန်ကုန်လေဆိပ်ကို ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ ” ကျောင်းဖွင့်ရင် ကာကွယ်ဆေးထိုးပေးမယ်လို့တော့ သိရတယ်။ ပြီးခဲ့တဲ့ ကျောင်းပြန်ဖွင့်ချိန်ကလည်း ၁၂ နှစ်ကစပြီး ကာကွယ်ဆေးတွေထိုးပေးခဲ့တယ်။ အခုတခါတော့ ဘယ်လိုလုပ်မလဲ သေချာတော့ မသိရသေးဘူး ” လို့ အလယ်တန်းပြကျောင်းဆရာမတဦးကပြောပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်း doses နဲ့ ဆေးထိုးအပ် ၁၃.၀၅၆ သန်း လှူဒါန်းတာဖြစ်ပါတယ်။…

Read More
VOM News

FREE
VIEW