သာကေတမြို့နယ်မှာ NLDပါတီထောက်ခံတဲ့ အထည်ဆိုင် သေနတ်နဲ့ပစ်ခံရ ၁ဦးသေ၊၂ဦးဒဏ်ရာရ

မေ ၁၉-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ သာကေတမြို့နယ်က NLD ပါတီကိုထောက်ခံသူတွေရဲ့ အထည်ဆိုင်ကို ဒီကနေ့ နေ့လယ်ပိုင်းက အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ကားနဲ့လာရောက်ပစ်ခတ်ခဲ့လို့ (၁)ဦးသေပြီး (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ သာကေတမြို့နယ် ၊ ၇/ အရှေ့ရပ်ကွက်၊ အောင်သပြေလမ်းနဲ့ စပယ်လမ်းထောင့်မှာရှိတဲ့ အထည်ဆိုင်မှာ ဒီကနေ့ နေ့လယ်သုံးနာရီက ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး အမျိုးသမီးတဦးသေဆုံးကာ အမျိုးသားတဦးနဲ့အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “နာမည်ကိုမေးပြီးမှ ကားပေါ်က ဆင်းပစ်တာပါ၊ အမျိုးသမီးတဦးက ပွဲချင်းပြီးသေတယ်၊ ဒဏ်ရာ ရတဲ့အမျိုးသမီးနဲ့အမျိုးသားလည်း စိုးရိမ်ရတယ်”လို့ သူကပြောပါတယ်။ သေဆုံးသူမှာ အသက် ၁၉ နှစ်အရွယ်ရှိ မဆိုဖီယာဖြစ်ပြီး DadeBody ကို သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူ(၂)ဦးမှာ ဦးရဲဇော်မောင်နှင့် ဒေါ်သင်းသင်းလှိုင်တို့ဖြစ်ပြီး စိုးရိမ်ရတယ်လို့ အုပ်ချုပ်ရေးနှင့်နီးစပ်သူတဦးက ပြောပါတယ်။ ဒီလိုပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတချို့ရှိနေပေမယ့် VOM သတင်းဌာနအနေနဲ့အတည်ပြုနိူင်ခြင်းမရှိသေးပါဘူး။…

Read More

နွားထိုးကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်ရဲ့နေအိမ် မီးရှို့ခံရတယ်လို့ သိရ

မေ ၁၉-၂၀၂၂ GG(VOM) မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ နွားထိုးကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်ရဲ့နေအိမ် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မီးလောင်တဲ့အချိန် မီးသတ်ကားလာပြီးငြှိမ်းတာလည်းမရှိဘူး။ မီးကသူ့ဘာသာပဲ ငြိမ်းသွားတာ။ မီးက ရှို့ခံရတာလို့ကြားတယ်။ ကားနဲ့လာပြီး ရှို့တာလို့လည်းသတင်းက ကြားတယ်။ ဘယ်သူတွေလုပ်တာလဲတော့ သေချာ မသိဘူး၊ မနက်မိုးလင်းမှ သတင်းကကြားရတာ။” လို့ နွားထိုးကြီးဒေသခံတဦးကပြောပါတယ်။ မီးလောင်မှုကြောင့် နေအိမ်မှာ အကြီးအမားထိခိုက်တာမျိုးမရှိခဲ့ပေမယ့် နေအိမ်ဘေးက ပန်းတိမ်ဖိုသာ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ နွားထိုးကြီးမြို့ခံတဦးကလည်း “၁၇ ရက်နေ့ ည ၁၂ နာရီကျော်ကျော်လောက်မှာမီးလောင်တာလို့ သိရတယ်။အိမ်ကတော့ ဘာမှမဖြစ်ပေမယ့် နောက်ဖေးက ပန်းတိမ်ဖိုမီးလောင်တယ်။ဘေးအိမ်က မီးဖိုဆောင်ကိုမီးနည်းနည်းဟပ်တယ်လို့သိရတယ်။ဘယ်ကဘယ်လိုစလောင်လဲဆိုတာတော့သေချာမသိပါဘူး ” လို့ ပြောပါတယ်။ ဦးနိုင်ထူးအောင် ရဲ့နေအိမ်မှာ အရင်ရက်တွေကတော့ စျေးရောင်းချနေသူတချို့ကိုတွေ့ရှိရပြီး မိသားစုဝင်တွေ နေထိုင်ခြင်း ဟုတ်၊မဟုတ်ကိုတော့ အတိအကျ…

Read More

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ရိုက်နှက်ဆုံးမရာ လက်လွန်ပြီးသေဆုံးသွား၊ ဖခင်ဖြစ်သူကိုဖမ်းဆီး

  မေ ၂၀-၂၀၂၂ KK(VOM) ရေကြည်မြို့နယ်၊ အသုတ်မြို့မှာ သမီးဖြစ်သူကို ရိုက်နှက်ဆုံးမရာကနေ လက်လွန်ပြီးသေဆုံးသွားလို့ ဖခင်ဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အသုတ်မြို့၊ ထန်းကျွန်းဆိပ်သာအုပ်စု၊ ဆိပ်သာကျေးရွာမှာ မနေ့ မေလ ၁၉ရက် ညနေပိုင်းက ဦးစိုးလွင်ဦးဆိုသူက အသက် ၁၆နှစ်အရွယ်ရှိ သမီးဖြစ်သူ မစုပုံချစ်ကို ရိုက်နှက်ဆုံမရာကနေ လက်လွန်ပြီး သေဆုံးသွားတာကြောင့် ဖဖ်းဆီးခဲ့တာဖြစ်တယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။ “သူ့သမီးနဲ့စကားများပြီး သူ့သမီးကိုရိုက်တာ၊ ကောင်မလေးက အိမ်ရှေ့ကို ထွက်ပြေးပြီး လဲကျသွားတယ်၊ ပြီးတော့ အသက်မရှိတော့ဘူး”လို့ သူကပြောပါတယ်။ အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးက”ဖြစ်စဥ်ကမှန်ပါတယ် ၁၈ ရက်နေ့ ညနေကဖြစ်တာ၊ သူအဖေက ဝါးနှီးစိတ်နဲ့လည်းရိုက်တယ် ဖိနပ်နဲ့လည်းရိုက်တယ် လက်နဲ့လည်းရိုက်တယ်၊ အဲ့ဒါကြောင့် ကောင်မလေးသေသွားတာ”လို့ ပြောပါတယ်။ ဖခင်ဖြစ်သူရိုက်နှက်မှုကြောင့် သမီးဖြစ်သူမှာ ဝဲဘက်ပါးဖူးရောင် ဒဏ်ရာ၊နှာခေါင်းသွေးထွက်ဒဏ်ရာ တွေနဲ့အတူ သေဆုံးသွားပြီး ရုပ်အလောင်းကို…

Read More

စစ်ကိုင်းတိုင်းရှိ နယ်မြေမတည်ငြိမ်တဲ့ဒေသက တောင်သူတွေ သီးနှံရိတ်သိမ်းပြီးပေမယ့် သွားရောင်းဖို့အခက်ခဲရှိနေ

မေ ၊ ၂၀-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ပဲစိုက်တောင်သူတွေဟာ သီးနှံတွေ ရိတ်သိမ်းပြီးတာ ၂ လကျော်ရှိနေပြီး တိုက်ပွဲတွေဖြစ်တာနဲ့ လမ်းတွေပိတ်ထားတဲ့အတွက် ရိတ်သိမ်းသီးနှံတွေ စျေးကွက်ထဲအရောက်သွားဖို့ အခက်တွေ့နေရတယ်လို့ ကလေးဒေသခံ ပဲစိုက်တောင်သူတွေဆီက သိရပါတယ်။ ” ကလေးမြို့နယ်တောင်ပိုင်း ထောက်ကြံ့ရွာကနေ ဂန့်ဂေါ-ဟားခါး-ကလေး လမ်းခွဲအထိ လမ်းတွေပိတ်ထားတယ် သွားလာလို့ မရဘူး ၊ လမ်းပိတ်တာက တိုက်ပွဲတွေကြောင့်ဖြစ်တယ် ၊ မတ်လထဲက ပဲတွေရိတ်သိမ်းထားပြီးပြီ ၊ မီးရေးထင်းရေး စိုးရိမ်ရတဲ့အတွက် စျေးကွက်ကို အရောက်ပို့ချင်ပေမယ့် လမ်းတွေပိတ်ထားတဲ့အတွက် အခက်အခဲဖြစ်နေရတာ၊ နှစ်တိုင်းကတော့ ပွဲစားတွေ ရွာအရောက် ဆင်းလာပြီး ရာသီပေါ်သီးနှံတွေ ဝယ်တယ် ၊ ဒီနှစ်မှာက တိုက်ပွဲတွေကြောင့် အဲ့ဒီလို ရွာတွေကို ဆင်းပြီးဝယ်တာ မရှိတော့ဘူး ၊ မကြာခင် ကျောင်းတွေပြန်ဖွင့်တော့မှာမို့ ၊…

Read More

ပေါက်မြို့နယ် မီးသတ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄ ဦး အဖမ်းခံရ

မေ ၊၂၀-၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်မှာရှိတဲ့ ပေါက်မြို့နယ် မီးသတ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄ ဦးကို ဒီကနေ့ မနက် ၆ နာရီဝန်းကျင်က စစ်သားနဲ့ ရဲတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ မီးသတ်အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီမနက်ပိုင်းက ရုံးကိုလာဖမ်းသွားတာပါ ၊ ဘာကြောင့် ဖမ်းရတယ်ဆိုတာ မေးလို့မရဘူး ၊ ဘယ်မှာ ချုပ်နှောင်ထားတယ်ဆိုတာ အခု နေ့ခင်းပိုင်းအထိ မသိရသေးဘူး ၊ မိသားစုတွေက လိုက်လံ ဆက်သွယ်နေပေမယ့် အခုထိတော့ ဆက်သွယ်မရလို့ စိတ်ပူနေကြတယ် ” လို့ မီးသတ်အသိုင်းအဝိုင်းက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးကတော့ ဒုတက ဟိန်းချစ်အောင် ၊ တသ စည်သူကျော် ၊ တက ရဲဝင့်ကိုကို၊…

Read More

အစည်းအဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်ခတ်ခံရပြီး ၃ ယောက်သေဆုံး

မေ ၂၀-၂၀၂၂ GG(VOM) ညောင်ဦးမြို့နယ်က ကျေးရွာတစ်ခုမှာ အစည်းအဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ သေနတ်နဲ့ပစ်ခတ်ခံရလို့ ၃ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ မနေ့ မေလ ၁၉ ရက်နေ့ က ညောင်ဦးမြို့နယ် အောက်ညဥ့်ရွာက အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းရေဟာ သူရဲ့ နေအိမ်မှာ အစည်းအဝေးလုပ်နေချိန် သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ် ။ ” မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ အစည်းဝေးလုပ်ချိန်ဝင်ပစ်ခံရတာလို့သိရတယ် ၊ဒဏ်ရာရသူတွေကိုညောင်ဦးဆေးရုံခေါ်သွားတယ်တဲ့၊ သေတဲ့ ၃ ယောက်ထဲ အုပ်ကြီးမပါဘူးလို့ကြားတယ်၊အသေးစိတ်အခြေအနေကတော့မသိရသေးဘူး ” လို့ဒေသခံတဦးကပြောပါတယ်။ သေနတ်ပစ်ခံရပြီး သေဆုံးသူတွေကတော့ ခိုင်ဇော်၊ကျော်ကျော်မင်း၊ မောင်မြင့်ဆိုသူတွေဖြစ်တယ်လို့သိရပြီး သက်ဆိုင်ရာက အမှုဖွင့်ဖို့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြေလတ် PDF ၊ TTA ပြောက်ကျားတပ်ဖွဲ့၊ Seven People Defense Force(S.P.D.F)၊ Bagan Heros…

Read More

စစ်တွေမှာ အနဂ္ဃ​​ ရတနာမြေ “မြောက်ဦး” ဓာတ်ပုံပြပွဲ ပြုလုပ်

မေ ၂၀-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမမှာ ပြည်နယ်​ကောင်စီနဲ့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနတို့က အနဂ္ဃရတနာမြေ “မြောက်ဦး”ဓာတ်ပုံပြပွဲကို ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ပွဲကျင်းပရတာဟာ ရှေးဟောင်း မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနစ် (UNESCO)ဝင်နိုင်ရေး ပြုလုပ်တာဖြစ်ပြီး ၂ ရက်ကြာပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံပြပွဲမှာ မြောက်ဦးရှေးဟောင်းယဥ်ကျေးမှု အမွေအနစ်နဲ့ပတ်သက်တဲ့ ဓာတ်ပုံပေါင်း ၁၃၀ နီးပါးပါဝင်ပြီး လာရောက်ကြည့်ရှုသူတွေအနေနဲ့ ကြိုက်နှစ်သက်ရင် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ အဲဒီ ဓာတ်ပုံပြပွဲမှာ မြောက်ဦးမြို့အကြောင်းကို မိနစ် ၂၀ကြာ ရိုက်ကူးထားတဲ့ အင်္ဂလိပ်ဘာသာနောက်ခံအသံဖတ်ထားတဲ့ မှတ်တမ်းဖိုင်ကို ဖွင့်ပွဲအခမ်းအနားအပြီး ပရိတ်သတ်တွေကို ပြသခဲ့ပါတယ်။ မြောက်ဦးမြို့ကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဝင်ရောက်နိုင်ရေး ၂၀၂၁ ခုနှစ်က အဆိုပြုလွှာမူချောတင်သွင်းခဲ့ပြီး လာမယ့်နှစ်မှာ UNESCO က ကွင်းဆင်းစစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့သည့် ဧပြီလကလည်း အနဂ္ဃ ရတနာ မြေ…

Read More

မြောက်ကိုရီးယားမှာ ကိုဗစ်ကာကွယ်ဖို့ ဂျင်းပြုတ်ရေအပါအ၀င် တိုင်းရင်းဆေးတွေအသုံးပြုနေကြ

ပြုံးယမ်း၊ မေ-၂၀-၂၀၂၂ မျိုးဆက်(VOM) ထိရောက်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေအသုံးမပြုသေးတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ကာကွယ်ဆေးမထိုးရသေးတဲ့ ပြည်သူတွေကြားမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှုတွေကို ကာကွယ်ဖို့ မြောက်ကိုရီးယားဟာ ၂၀၂၀ ခုနှစ်အစောပိုင်းကစပြီး နိုင်ငံနယ်စပ်တွေကို ပိတ်ပစ်ခဲ့ပြီး လက်ရှိချိန်ထိ ကာကွယ်ဆေးပေးဖို့ ကမ်းလှမ်းမှုတွေကို ပယ်ချထားဆဲဖြစ်ပါတယ်။ အပြင်းဖျားနာခြင်းမရှိသူတွေအတွက် ဂျင်းပြုတ်ရေနဲ့ ပျားရည်ရေနွေးအပါအ၀င် ရိုးရာတိုင်းရင်းဆေးတွေနဲ့ ကုသဖို့ အာဏာရပါတီရဲ့ ရိုဒေါင်ဆင်မွန် သတင်းစာက အကြုံပြုတိုက်တွန်းထားပါတယ်။ ရေနွေးကြမ်းဟာ လည်ချောင်းနာခြင်း သို့မဟုတ် ချောင်းဆိုးခြင်းကဲ့သို့ အချို့သော ကိုဗစ်လက္ခဏာအချို့ကို သက်သာစေနိုင်ပြီး လူနာတွေမှာ ပုံမှန်ထက် ရေဓါတ်ဆုံးရှုံးတဲ့အခါ အထောက်အကူဖြစ်စေပြီး ဂျင်းပြုတ်ရေကတော့ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သက်သာစေပေမယ့် ဗိုင်းရပ်စ်ကိုကုသတဲ့ ဆေးနည်းတွေတော့ မဟုတ်ပါဘူး။ နိုင်ငံပိုင်မီဒီယာကတော့ နေ့ရောညပါ ဆားရေးနဲ့ပလုတ်ကျင်းဖို့ အကြံပြုထားတဲ့ စုံတွဲတတွဲကို မကြာသေးမီက အင်တာဗျူး ထုတ်လွှင့်ခဲ့ပါသေးတယ်။ ပိုးသတ်ဆေးပြုလုပ်ဖို့အတွက်…

Read More

ခင်ဦးမြို့ပေါ်က နာမည်ကြီးစတိုးဆိုင် ဓားပြတိုက်ခံရ

မေ ၊ ၂၀-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့ ၊ အောင်ချမ်းသာရပ်ကွက် ၊ ဗိုလ်ချုပ်ကြေးရုပ်အနီးမှာရှိ စားသောက်ကုန်နဲ့ စတိုးဆိုင်ဟာ မနေ့က ၊ ညနေပိုင်းမှာ ဓားပြတိုက်ခံရပြီး ဆိုင်ထဲရှိ ပစ္စည်းတွေ ဖျက်ဆီးခံရတယ်လို့ ခင်ဦးမြို့ခံတွေဆီက သိရပါတယ်။ ” သေနတ်တွေကိုင်ထားတဲ့ လူငယ် ၁၀ ယောက်ကျော်က ဟန်နီစတိုးကို ဓားပြတိုက် လုယက်ဖျက်ဆီးသွားတာ ” လို့ အဲ့ဒီစတိုးဆိုင် အနီးဝန်းကျင်က ပြောပါတယ်။ သေနတ်တွေကိုင်ပြီး စတိုးဆိုင်ထဲဝင်ရောက်လာသူတွေက ကောင်တာထဲက ပိုက်ဆံ သိန်း ၂၀ ကျပ် ၊ ဆိုင်ဝန်ထမ်းတွေရဲ့ လက်ကိုင်ဖုန်း ၂ လုံး ၊ ဆိုင်မှာတပ်ဆင်ထားတဲ့ CCTV ကွန်ပျူတာဘောက်တွေကို ယူဆောင်ပြီး ဆိုင်ထဲက မှန်ကောင်တာတွေနဲ့ စျေးကုန်ပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးသွားတာဖြစ်ပါတယ်လို့ သိရပါတယ်။ အဲ့ဒီနောက်…

Read More

ရုရှားရေတပ်ကိုခြေမှုန်းဖို့ အဆင့်မြင့်သင်္ဘောဖျက်ဒုံးကျည်တွေ ယူကရိန်းကိုပေးဖို့ စီစဉ်နေ

ကိယက်ဗ်၊ မေ-၂၀-၂၀၂၂ မျိုးဆက်(VOM) ရုရှားရေတပ်ရဲ့ ပိတ်ဆို့ထားမှုတွေကို ချေမှုန်းရာမှာအထောက်အကူဖြစ်ဖို့အတွက် အဆင့်မြင့်သင်္ဘောဖျက်ဒုံးကျည်တွေ ယူကရိန်းကိုပေးဖို့ အမေရိကန်က စီစဉ်နေကြောင်း အိမ်ဖြူတော်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရုရှားစစ်သင်္ဘောတွေကို နစ်မြုပ်စေမယ့် ပိုမိုအားကောင်းတဲ့လက်နက်တွေကြောင့် ယူကရိန်းပဋိပက္ခ ပိုမိုဆိုးရွား ပြင်းထန်လာမှာကို စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ ယူကရိန်းဟာ လက်ရှိလက်၀ယ်ရထားတဲ့ အမြောက်တွေ၊ ဂျာဗလင် နဲ့ စတင်းဂါးဒုံးကျည်တွေနဲ့ အခြားလက်နက်တွေထက် ပိုမိုအစွမ်းထက်တဲ့ အမေရိကန်ဆီက လက်နက်တွေ လိုချင်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ အမေရိကန်ဟာ ယူကရိန်းအတွက် ဘိုးအင်းကထုတ်လုပ်တဲ့ Harpoon ဒုံးကျည်၊ ကောင်စ်ဘာ့နဲ့ ရေသီယွန်တို့က ထုတ်လုပ်တဲ့ Naval Strike Missile စတဲ့ အစွမ်းထက်ဒုံးကျည်နှစ်မျိုး ဖြစ်နိုင်တယ်လို့ အမေရိကန်တာ၀န်ရှိသူ သုံးဦးနဲ့ လွှတ်တော်အမတ် နှစ်ဦးက ပြောပါတယ်။ ဒီအစွမ်းထက်ဒုံးကျည်တွေကို ယူကရိန်းကို တိုက်ရိုက်သို့မဟုတ် အဲဒီဒုံးကျည်တွေပိုင်ဆိုင်ထားတဲ့ ဥရောပမဟာမိတ်တွေကတစ်ဆင့် ပေးဖို့နိုင်ခြေရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ ယူကရိန်းအတွက်…

Read More
VOM News

FREE
VIEW