မြိုင်မြို့နယ်မှာ ယာခင်းထဲက လူတွေ ပစ်သတ်ခံရလို့ ၄ ဦးသေဆုံး ၊ ၂ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၊ ၁၃ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ သရက်ကန်ကျေးရွာနားက ယာခင်းတောမှာ မြေပဲနုတ်နေတဲ့တွေကို မနေ့ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက အမည်မသိ လက်နက်ကိုင်ထားသူတွေက ပစ်ခတ်တာကြောင့် သေဆုံး ၊ ဒဏ်ရာရတာတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” သရက်ကန်ရွာနားက ယာခင်းတောထဲမှာ မနေ့က မနက်ပိုင်း ၉ နာရီဝန်းကျင်က ဖြစ်ခဲ့တာပါ ၊ သေနတ်ကိုင်ထားတဲ့ အမည်မသိ အဖွဲ့ တဖွဲ့ရောက်လာပြီး မြေပဲနုတ်နေတဲ့ တောင်သူတွေကို ပစ်သတ်သွားတာဖြစ်တယ် ၊ ဦးခင်မောင်အေး၊ ဒေါ်လဲ့လဲ့ဌေး၊ ဒေါ်မြိုင်ဌေး၊ နဲ့ ဒေါ်ခင်ချိုမော်တို့ ၄ ဦးဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ နေရာမှာတင် သေဆုံးသွားတယ် ၊ ဦးကြည်ဌေးနဲ့…

Read More

သွင်းကုန်လိုင်စင် တင်းကျပ်တာကြောင့် တရားမဝင် ကုန်သွယ်မှုတွေများပြီး ကုန်ပစ္စည်းဈေး တက်လာနိုင်

နိုဝင်ဘာ ၁၃ – ၂၀၂၂ SN (VOM) သွင်းကုန်လိုင်စင် တင်းကျပ်တာကြောင့် ကုန်ပစ္စည်း လိုသလောက်သွင်းမရရင် တရားမဝင် ကုန်သွယ်မှုတွေများပြီး ဈေးတွေတက်လာနိုင်တယ်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။ ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်တွေအနေနဲ့ ကုန်ပစ္စည်းတင်သွင်းခြင်းနဲ့ ပတ်သက်လို့ ရန်ကုန်ဆိပ်ကမ်းရောက်မှ လိုင်စင်လျှောက်ထားတာကို ခွင့်ပြုမှာမဟုတ်ဘူးလို့ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၉ ရက်နေ့မှာ လုပ်ငန်းရှင်တွေထံ အသိပေးစာ ပေးပို့ထားပါတယ်။ အဲ့ဒီ့လို သွင်းကုန်လိုင်စင်ကို ထပ်မံ တင်းကျပ်လိုက်တဲ့အတွက် တရားဝင် ကုန်သွယ်ဖို့ ခက်ခဲလာနိုင်ပြီး တရားမဝင်ကုန်သွယ်မှုတွေ ပိုမို ဖြစ်ပေါ်လာကာ လာဘ်စားမှုတွေလည်း ပိုများလာနိုင်တယ်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။ “အခုလို သွင်းကုန်လိုင်စင်ကို တင်းကျပ်ရင် ကုန်ပစ္စည်းတွေ ‌ဈေးလိုက်တက်မှာပဲ။ လိုသလောက် သွင်းလို့မရရင် ပိုတက်မယ်။ တရားမဝင်ကုန်သွယ်မှုတွေ များလာမယ်။ ညွှန်ကြားချက်တော့…

Read More

ရင်ကပ်သရဖီ..၊ ကင်ပွန်းခြုံကွယ် နှင့် ပျို့ဇာတိနွယ်

ဆူးငှက် ညို့ညို့ဆိုင်းဆိုင်း၊ မှိုင်းပြာရီ မှောင်တန်းတော့ တိမ်ခိုးလေးတွေ ဘေးကယှက်လို့ တောင်တန်းတစ်ဖက် တစ်ချက် ဝန်းကာရံကာပင် လွမ်းစရာ့ စံရာတစ်ခွင် သခင်မမှာ အရင်ဘဝက ခင်ပပသို့ အသွင် . . .။ သနားစရာ ကမ်းပါးအစ၊ ရင်ခတ်သရဖီ အခွေအခွေပင် . . . ။ ယခုတိုင်ပင် ဒိဋ္ဌအမြင် . . .၊ ပုံတော်အစစ်ကို မြင်ရတော့ သခင်မ၊ ယခင်ဘ၀ . . . အသက်မရှည်လေခြင်း . . . ကျေးဇူးရှင်ရယ် နညိုနု၊ ရွှေလိုရှု . . . မေပျိုဥရဲ့ . . .၊ တောင်တော်အဝင် . . .။ (နန်းတော်ရှေ့ဆရာတင်၊ မယ်ဥတောင်သီချင်း) မန္တလေးပတ်ဝန်းကျင်က လွမ်းစရာ့…

Read More

ပခုက္ကူ မတုတ်မ လက်ဖက်ဆိုင် ပိုင်ရှင်ကို ပြန်လည်ကယ်နိုင်

နိုဝင်ဘာ ၊ ၁၀ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁ ရပ်ကွက် ၊ ဝိပဿနာလမ်းမှာရှိတဲ့ မတုတ်မ လက်ဖက်ဆိုင်ပိုင်ရှင် အမျိုးသမီးဖြစ်သူဟာ ဒီမနက်ပိုင်း က အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ထောက်ကာ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ဒီကနေ့ ၊ မွန်းလွဲပိုင်းက အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့တယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၆ နာရီခွဲ ၇ ဝန်းကျင်မှာ ဆိုင်ရှေ့တင် ဆွမ်းထွက်လောင်းနေတဲ့ အောင်ဆင်မင်း ၊ မတုတ်မ လက်ဖက်ဆိုင်ပိုင်ရှင် မဟန်နွေဦး ကို အမည်မသိ လက်နက်ကိုင် အမျိုးသား ၂ ယောက် ၊ အမျိုးသမီး ၁ ယောက်က ဆိုင်ကယ် ၂ စီးနဲ့လာပြီး သေနတ်နဲ့ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ် ၊…

Read More

တရုတ်အာလူး တင်သွင်းမှုကြောင့် ပြည်တွင်းဈေးကွက်ပျက်ပြီး တောင်သူတွေ အရှုံးပေါ်နေ

နိုဝင်ဘာ ၁၁ – ၂၀၂၂ SN (VOM) ပြည်တွင်း အာလူးပေါ်တဲ့အချိန်မှ တရုတ်ဘက်က အာလူး တင်သွင်းလာတာကြောင့် ဈေးကွက်ပျက်ပြီး တောင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။ လန်ကျိုး အကောက်ခွန် လက်အောက်ရှိ ကျင်းချိန် အကောက်ခွန်မှ ဒေသထွက် တန်ချိန်ပေါင်း ၃၅၀ တန်ရှိတဲ့ အာလူးတွေကို မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ခဲ့ပြီး နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံနဲ့ ဈေးကွက်သစ် ဖော်ဆောင်သွားဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲ့ဒါကြောင့် တရုတ်သွင်းအားစုတွေကို ဈေးကြီးပေးဝယ်ပြီး အာလူးစိုက်ပျိုးရေး လုပ်ဆောင်ထားရတဲ့ မြန်မာတောင်သူတွေအနေနဲ့ ဈေးကွက်ပျက်ပြီး အရင်းမရတဲ့အပြင် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ “ကိုယ့်နိုင်ငံမှာ စိုက်ပျိုးနေတာကို ပြည်ပကတင်သွင်း ခွင့်ပြုတာက တောင်သူကို တမင်နှိပ်စက်ရာကျပါတယ်။ သူတို့ဆီကဝယ်ထားတဲ့ မြေဆီစရိတ်‌တွေ၊ နောက် အလုပ်သမားစရိတ်၊ မျိုးစေ့အခက်ခဲတွေကြောင့် အရင်းပြန်ရအောင် မနည်းလုပ်နေရတဲ့အချိန်မှာ အခုလို ဈေးကွက်ဖျက်တဲ့…

Read More

ရေစကြိုမြို့နယ်က ဘုန်းကြီးတပါး ပစ်သတ်ခံရ

နိုဝင်ဘာ ၊ ၁၁ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ စည်သာကျေးရွာ ၊ မေတ္တာရှင် ပရဟိတကျောင်းတိုက် ဆရာတော်ဟာ ၊ မနေ့ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက ပစ်သတ်ခံရတယ်လို့ ရေစကြိုမြို့နယ် သံဃာ့ဝေယျဝစ္စ အကျိုးဆောင်အဖွဲ့ဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ စည်သာရွာက မေတ္တာရှင်လူမှုကူညီရေး ပရဟိတကျောင်းတိုက်က ဆရာတော် ဥူးအာစာရ ပစ်သတ်ခံရတာဖြစ်တယ် ” လို့ ရေစကြိုမြို့ခံ တယောက်က ပြောပါတယ်။ ရေစကြိုမြို့နယ် တောင်ပိုင်းမှာ လူမှုကူညီရေး ပရဟိတလုပ်ငန်းတွေနဲ့ ထင်ပေါ်ကြားသူ ဆရာတော် ဥူးအာစာရဟာ အမည်မသိ လက်နက်ကိုင် ၅ ဦးက လက်လုပ်သေနတ်နဲ့ ပစ်သတ်တာကြောင့်…

Read More

ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ ထိုင်၀မ်အရေး အဓိကပါ၀င်ဖွယ်ရှိနေ

ဝါရှင်တန်၊ နို၀င်ဘာ-၁၁-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်သမ္မတဂျိုးဘိုင်ဒင် သမ္မတအဖြစ်တာ၀န်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်သမ္မတရှီကျင်းပင်နဲ့ လာမယ့် သီတင်းပတ်မှာ လူချင်းတွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း အိမ်ဖြူတော်က နို၀င်ဘာ ၁၀ ရက်မှာ အတည်ပြုထုတ်ပြန်ပါတယ်။ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးအထူးယိုယွင်းနေချိန်နဲ့ ထိုင်၀မ်အရေးအပြင် ဒေသတွင်မှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးဖို့ အားထုတ်မှုတွေတိုးပွားနေချိန်မှာ သမ္မတနှစ်ဦးတွေ့ဆုံဖို့ စီစဉ်နေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ဒေသတွင်းလှုပ်ရှားမှုတွေကို တုံ့ပြန်မှုအဖြစ် အမေရိကန်က ချစ်ပ်နည်းပညာတွေ တရုတ်ကုမ္ပဏီတွေကို ရောင်းချအသုံးပြုခွင့် ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်၀မ်ကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက စစ်ရေးအင်အားအသုံးပြုမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ တကယ်လို့ တရုတ်က ထိုင်၀မ်ကို စစ်ရေးအရ ကျူးကျော်တိုက်ခိုက်မှုပြုလာမယ်ဆိုရင် အမေရိကန်က ခုခံကာကွယ်ပေးသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြိမ်ဖန်များစွာ ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ဝါရှင်တန်

Read More

ပုဏ္ဏားကျွန်းမှာ သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံ ၉ ဦး သေနတ်၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေ

နိုဝင်ဘာ ၁၁- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်က ဆင်အင်းကြီးကျေးရွာမှာ သက်ကြီးရွယ်အိုတွေအပါအဝင် ရွာသူရွာသား ၉ ယောက်ဟာ ကျေးရွာတွင်းမှာ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကပြောပါတယ်။ မနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်- စစ်တွေ အဝေးပြေးကားလမ်းမမှာ တပ်ဘက်က ကားနှစ်စီးကို အေအေက မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အခုလိုဖြစ်ပွားခဲ့တာလို့ ကျေးရွာသားတဦးက ပြောပါတယ်။ သေဆုံးသွားသူတွေဟာ အသက် (၃၀) နဲ့ (၅၀) ကျော်အရွယ်တွေအများစုဖြစ်ကြပြီး အသက် (၇၀) အရွယ် အဘွားအိုတဦးလည်း ပါဝင်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆင်အင်းကြီးကျေးရွာ ဒေသခံတဦးက “ နိုဝင်ဘာ ၁၀ ရက်နေ့ ကျနော်တို့…

Read More

စပိန်နိုင်ငံက ရွာတရွာလုံးကို ဒေါ်လာ နှစ်သိန်းခွဲကျော်နဲ့ ရောင်းရန်ရှိသည်

မက်ဒရစ်၊ နို၀င်ဘာ-၁၁-၂၀၂၂ မျိုးဆက်(VOM) စပိန်နိုင်ငံအနောက်မြောက်ပိုင်းက ဆယ်လ်တိုဒီကက်စ်ထရို ဆိုတဲ့ ရွာတရွာလုံးကို ဒေါ်လာ ၂၅၉၀၀၀ နဲ့ ရောင်းချသွားဖို့ စီစဉ်နေပါတယ်။ အဲဒီရွာဟာ ပေါ်တူဂီနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဇာမိုရာပြည်နယ်မှာရှိပြီး မက်ဒရစ်မြို့ကနေ သုံးနာရီကြာ ကားမောင်းရပြီး မြို့ငယ်တခုမှာရှိသင့်တဲ့ အဆောက်အအုံတွေအားလုံးလိုလိုရှိနေပါတယ်။ ဆယ်လ်တိုဒီကက်စ်ထရိုရွာမှာ နေအိမ် ၄၄ လုံး၊ ဟိုတယ်၊ ဘုရားကျောင်း၊ စာသင်ကျောင်း၊ အများသုံးရေကူးကန် တခုစီရှိပြီး နေအိမ်တွေနဲ့အတူ အလုပ်သမားတွေနေထိုင်ဖို့ တန်းလျားတွေပါ ပါ၀င်ပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်သုံးခုကျော် စွန့်ပစ်ခံထားရတဲ့ အဲဒီရွာမှာ နေထိုင်သူတွေမရှိပါဘူး။ ပိုင်ရှင်ဟာ စွန့်ပစ်ထားတဲ့ အဲဒီရွာကို ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလက ၀ယ်ယူခဲ့ပြီး အပန်းဖြေခရီးသွားနေရာတခုအဖြစ် ဖန်တီးဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှတော့ အဲဒီရည်ရွယ်ချက်ဟာ အခက်အခဲတွေကြောင့် အကောင်အထည်မပေါ်ခဲ့ပါဘူး။ ပိုင်ရှင်ဖြစ်သူဟာ မြို့ပြဒေသမှာနေထိုင်သူဖြစ်တာကြောင့် ရွာကိုပြုပြင်ထိန်းသိမ်းမှုတွေ မလုပ်နိုင်တာကြောင့် အခုလိုရောင်းချဖို့ စီစဉ်တာလို့ ပိုင်ရှင်ကိုကိုယ်စားပြုတဲ့ Royal…

Read More

အရှေ့တီမောကို အာဆီယံအဖွဲ့၀င်နိုင်ငံသစ်အဖြစ် မူအားဖြင့် သဘောတူ၊ နောက်ထပ်အစည်းအဝေးတွေမှာ မြန်မာအာဏာပိုင်တွေကို မဖိတ်ဖို့ အင်ဒိုနီးရှားသမ္မတ အဆိုပြု

ဖနွမ်းပင်၊ နို၀င်ဘာ-၁၁-၂၀၂၂ မျိုးဆက်(VOM) အာဆီယံအဖွဲ့ဟာ အရှေ့တီမော သို့မဟုတ် တီမောလက်စ်နိုင်ငံကို အာဆီယံအဖွဲ့ရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့၀င်အဖြစ် အသိအမှတ်ပြုဖို့ မူအားဖြင့် သဘောတူခဲ့ကြောင်း အာဆီယံခေါင်းဆောင်တွေက ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ဆီယံထိပ်သီးဆွေးနွေးပွဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက သဘောတူလိုက်တာဖြစ်ပြီး နောက်လာမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာ လေ့လာသူအဖြစ် ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ တီမောလက်စ်နိုင်ငံကို လက်ရှိမှာ ၁၁ နိုင်ငံမြောက် အဖွဲ့၀င်နိုင်ငံအဖြစ် မူအားဖြင့် သဘောတူခဲ့ပေမယ့် လာမယ့်နှစ်မှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အပြည့်အ၀အဖွဲ့၀င်ဖြစ်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ အာဆီယံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တီမော့လက်စ်နိုင်ငံဟာ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံရဲ့ သိမ်းပိုက်မှုကနေ လွတ်လပ်ရေးရဖို့ ၁၉၉၉ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုနဲ့ ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး ၂၀၀၂ ခုနှစ်မှာတော့ လွတ်လပ်တဲ့နိုင်ငံအဖြစ် ကုလသမဂ္ဂက တရား၀င်အသိအမှတ်ပြုခဲ့ပါတယ်။ လူဦးရေ ၁ ဒသမ ၃…

Read More
VOM News

FREE
VIEW