နိုဝင်ဘာ ၄၊ ၂၀၂၂ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မတက္ကသိုလ် ကျောင်းဝင်းထဲကို မနေ့ နိုဝင်ဘာ ၃ ရက် ည ၈ နာရီ ခွဲကျော်ခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းသား ၄ ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အမှတ်တရကုန်းကနေ ပစ်တာ။ ကျမ်းစာကျောင်းဝင်းထဲ လက်နက်ကြီး ၁ကြိမ်ကျတယ်။ ကျောင်သား ၄ ယောက်ထိတယ်။” လို့ ကျောင်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။ ထိခိုက် ဒဏ်ရာရသူတွေကတော့ အသက်၂၁ နဲ့ ၂၇ ကြားရှိ ကျောင်းသား ၄ ဦးဖြစ်ပြီး ခြေထောက် ထိခိုက် ဒဏ်ရာရသူ ဒွဲလာနဲ့ ဘရန်ဆန်၊ လည်ပင်း ထိခိုက်ဒဏ်ရာရသူ အောင်ဆန့်၊…
Read MoreYear: 2022
SME တွေအတွက် ချေးငွေထုတ်ပေးမယ်လို့ပြောပေမယ့် ချေးငွေမရတဲ့အပြင် လုပ်ငန်းရပ်ဆိုင်းရမှုတွေရှိနေ
နိုဝင်ဘာ ၄ – ၂၀၂၂ SN (VOM) အသေးစား၊ အလတ်စား (SME)လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက် နစက က ချေးငွေ ထုတ်ပေးသွားမယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့မှာ ချေးငွေမရရှိတဲ့အပြင် လုပ်ငန်းရပ်ဆိုင်းရမှုတွေ ရှိနေတယ်လို့ SME လုပ်ငန်းရှင်တွေက ပြောပါတယ်။ SME လုပ်ငန်းတွေဟာ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနဲ့ပတ်သက်လို့ ကုန်ကြမ်းပစ္စည်းတွေ ဈေးတက်တာ၊ ဒေါ်လာဈေး မတည်ငြိမ်တာ၊ စက်သုံးဆီဈေး မြင့်တက်နေတာကြောင့် လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ အခက်ကြုံနေရတာ ဖြစ်ပါတယ်။ “ချေးငွေထုတ်ပေးမယ်လို့တော့ကြားတယ်။ ဒါပေမယ့် အခုထိတော့ ဘာမှမထူးသေးဘူး။ အကုန်လုံးက ခက်ခက်ခဲခဲ ရုန်းကန်နေရတာ။ NLD အစိုးရခေတ်တုန်းကတော့ ကိုဗစ်ချေးငွေဆိုပြီး ရဖူးတယ်။ အခု အဲ့ဒီချေးငွေကိုတောင် အတင်းအကျပ် ပြန်အတောင်းခံနေရတာပါ။ လက်ရှိ အခြေအနေအရ လုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့ သူတွေလည်းရှိတယ်။ ၁၀၀ မှာ ၁၀ ရာခိုင်းနှုန်းလောက်ပဲ…
Read Moreဘရာဇီးသမ္မတဟောင်း လူလာဒါဆေးလ်ဗား သမ္မတအဖြစ် တကျော့ပြန်ရွေးချယ်ခံရ
ဘရာဆီးလီးယား၊ အောက်တိုဘာ-၃၁-၂၀၂၂ မျိးဆက်(VOM) ဘရာဇီးသမ္မတဟောင်း လူလာဒါဆေးလ်ဗားဟာ အောက်တိုဘာ ၃၀ ရက်ကကျင်းပတဲ့ ရွေးကောက်ပွဲမှာ လက်ရှိ လက်ယာယိမ်းသမ္မတ ဘော်ဆိုနာရိုကို အနိုင်ရရှိခဲ့ပါတယ်။ နိုင်ငံရေးနယ်ပယ်ရဲ့ ဆန့်ကျင်ဘက်ရပ်တည်ချက်သဘောထားရှိသူနှစ်ဦး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ အဲဒီရွေးကောက်ပွဲမှာ သမ္မတဟောင်းလူလာက ထောက်ခံမဲအရေအတွက် ၅၀ ဒသမ ၉ ရာခိုင်နှုန်းရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။ အဲဒီမဲအရေအတွက်ဟာ ထောက်ခံသူတွေက အနိုင်ရရှိလိ်ိမ့်မယ်လို့ ယုံကြည်ခဲ့ကြတဲ့ လက်ရှိသမ္မတ ဘော်ဆိုနာရိုကို အနိုင်ရရှိဖို့ လုံလောက်တဲ့ အရေအတွက်ဖြစ်ပါတယ်။ လူလာရဲ့ အနိုင်ရလဒ်ဟာ ၂၀၁၈ ခုနှစ်မှာ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ နိုင်ငံရေးသမားတဦးအတွက် ရင်သပ်ရှု အံ့အားသင့်ဖွယ် တကျော့ပြန်အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။ သမ္မတဟောင်းလူလာဟာ လာဘ်ပေးလာဘ်ယူမှု စွဲချက်တွေနဲ့ သူ့ရဲ့ပြစ်ဒဏ်ကို မပယ်ဖျက်မီ ရက်ပေါင်း ၅၈၀ တိုင် ထောင်ထဲမှာဖြတ်သန်းခဲ့ရပါတယ်။ မိမိကို နိုင်ငံရေးအရ အရှင်လတ်လတ်မြေမြုပ်ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း လက်ရှိမှာတော့ ဒီနေရာထိရောက်ရှိနေပြီလို့…
Read Moreရထားအမြန်နဲ့ နာရီစင် တောင်ဘက်ကို မောင်း
ဆူးငှက် ခရစ်နှစ် ၁၈၈၉ ခုက အရှည် ၃၈၆ မိုင်ရှိတဲ့ ရန်ကုန်-မန္တလေး မီးရထားလမ်းကို ဖွင့်လှစ်ခဲ့ပြီးနောက် မန္တလေးမြို့မှာလည်း မီးရထားဘူတာရုံကြီး တစ်ရုံ တည်ဆောက်ခဲ့တယ်။ အဲဒီကာလ မန္တလေးမြို့ရဲ့ အဓိကနေရာတွေမှာ မန္တလေးနန်းတွင်း၊ နန်းတွင်းအနောက်ဘက် စီ လမ်းတစ်လျှောက်နဲ့ ဈေးချိုဝန်းကျင်သာဖြစ်တာကြောင့် ဒီနေရာတွေနဲ့ ဆက်သွယ်မှု လွယ်တဲ့ အရပ်မှာ ဘူတာကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မန္တလေးဘူတာက နန်းတွင်းနဲ့ ၂၆ ဘီလမ်း တစ်လမ်းသာခြားပြီး တောင်ဘက် ၃၅ လမ်းထိ အရှည်ရှိတယ်။ အကျယ်အဝန်းအနေနဲ့ ၇၈ လမ်းနဲ့ ၇၉ လမ်းကြားရှိတဲ့ ဧရိယာမှာ အဲ့ဒီကတည်းက နှစ်ပေါင်းတစ်ရာကျော်အတွင်း လုံလောက် မျှတမှု ရှိခဲ့တယ်။ ဘူတာကြီးဧရိယာမှာ ကုန်ရုံတွေ ရှိခဲ့တယ်။ တွဲဆိုင်းတတွေပြင်ဆင်သန့်ရှင်းရာ နေရာတွေ ရှိပါတယ်။ လုံလောက်တဲ့ ဘူတာစင်္ကြံရှိတယ်။ ခရီးသည်တွေ နားနေဖို့်လည်း ကျယ်ဝန်းတယ်။ ဒါသာမက…
Read Moreတောင်တွင်းကြီးက NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ထောင်ဒဏ် နှစ် တရာကျော် အမိန့်ချခံရ
နိုဝင်ဘာ ၊ ၁ ၊ ၂၀၂၂ SP( VOM) မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့က NLD ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူကို မကွေးခရိုင်တရားရုံးက မနေ့ အောက်တိုဘာ ၃၁ ရက်က ထောင်ဒဏ် နှစ်တရာကျော် အမိန့်ချမှတ်ခဲ့တယ်လို့ မကွေး တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့က မကွေးခရိုင်တရားရုံးကနေ တောင်တွင်းကြီး မဲဆန္ဒနယ်မြေက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်လှိုင်ဆိုသူကို အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၈ ခုနဲ့ ထောင်ဒဏ် ၁၄၈ နှစ် ချမှတ်လိုက်တာဖြစ်တယ် ” လို့ မကွေးမြို့ခံ တရားလွှတ်တော်ရှေ့နေ အသိုင်းအဝိုင်းက ပြောပါတယ်။ ဒါ့အပြင် ထောင်ဒဏ် နှစ်တရာကျော် ချမှတ်ခံရတဲ့ တောင်တွင်းကြီး မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်လှိုင် ဟာ အရင်က ပုဒ်မ…
Read Moreဒီနေ့ မန္တလေးမြို့မှာ ရဲလှည့်ကင်းကား နဲ့ အချုပ်ကား မိုင်းခွဲခံရတဲ့ ဖြစ်စဉ်၂ခုရှိပြီး ရဲအုပ်၊ ဒုရဲအုပ်နဲ့ ရဲတပ်ကြပ်တို့ ဒဏ်ရာရ
နိုဝင်ဘာ ၁-၂၀၂၂ Voice Of Myanmar(VOM) မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းကပဲ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တို့မှာ ရဲလှည့်ကင်းကားနဲ့ အချုပ်ကားတို့ မိုင်းခွဲခံရပြီး ရဲအုပ် ရဲမေအပါအဝင် ရဲ၃ဦး ဒဏ်ရာရတဲ့ဖြစ်စဥ်တွေ ဖြစ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။ မဟာအောင်မြေမြို့နယ်၊ ၇၈လမ်းနဲ့ ၄၁လမ်းထောင့် မီးပွိုင့်အနီးမှာ ဒီကနေ့မနက် ၁၀နာရီ ဝန်းကျင်အချိန်က အချုပ်သားတွေ တင်လာတဲ့ ရဲအချုပ်ကားကို ဆိုင်ကယ်နဲ့အမည်မသိ အမျိုးသား၂ဦးက လက်လုပ်မိုင်းနဲ့ ပစ်ပေါက်ခဲ့တာကြောင့် အချုပ်ကားပေါ်ပါလာတဲ့ ရဲမေ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ “အချုပ်ကား မောင်းလာချိန် လက်လုပ်မိုင်းနဲ့ပစ်ခံရတာပါ၊ ရဲအုပ်အဆင့် ရဲမေတဦးနဲ့ ရဲတပ်ကြပ် ရဲမေတဦး မိုင်းစထိမှန် ဒဏ်ရာရပါတယ်၊ တရားခံဖမ်းမိဖို့အတွက်တော့ ဆက်လုပ်နေပါတယ်”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။ မန္တလေးမြို့ခံတဦးကလည်း ” ခင်စောမူကွေ့နားရောက်ချိန် အုန်းကနဲ အသံကြားတော့ ကားကို ပြန်ကွေ့ပြီး ပြေးရတော့တာပဲ၊ အဲ့ဒီအသံကြားပြီး သေနတ်တွေ…
Read Moreမိုးမောက်က ကက်သလစ်ဘုရားကျောင်းဝန်းရှိ မူကြိုကျောင်းပေါ် လက်နက်ကြီးကျည်ကျရောက်
နိုဝင်ဘာ ၁၊ ၂၀၂၂ Shy V(VOM) ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်မှာ စစ်တပ်နဲ့ ကေအိုင်အေ တို့အကြား တိုက်ပွဲ အဆက်မပြတ် ဖြစ်ပွားနေပြီး မနေ့ အောက်တိုဘာ ၃၁ ရက်နေ့ ညနေပိုင်းက မြို့ထဲက ကက်သလစ်ဘုရားကျောင်းဝန်းရှိ မူကြိုကျောင်းပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “လက်နက်ကြီးကျည်က မိုးမောက် RC ဘုရားကျောင်းက မူကြိုကျောင်းကို ထိသွားတယ်။ လူတော့ အထိအခိုက်မရှိဘူး။ ကျနော်နေတဲ့ နေရာနဲ့ ဘယ်လောက်မှ မဝေးတဲ့နေရာ လက်နက်ကြီးကျည် တလုံးကျလာတယ်။ ကချင်ရပ်တောင့်က အိမ် အိမ်ရဲ့ အနောက်ဘက်လည်း လက်နက်ကြီး တလုံးကျတယ်။ လူတော့ ဘာမှ မဖြစ်ဘူး”လို့ ဒေသခံ တဦးက ပြောပါတယ်။ မနေ့ကတော့ တိုက်ပွဲအခြေအနေကြောင့် မူကြိုကျောင်းက ကလေးတွေ ဘယ်သူမှ ကျောင်းမတက်ခဲ့တာကြောင့် လူအထိအခိုက် မရှိခဲ့ပေမယ့်…
Read Moreရှန်ဟိုင်းဒစ္စနေလန်းကို ရုတ်တရက်လော့ခ်ဒေါင်းချမှု လာရောက်လည်ပတ်သူတွေ ပိတ်မိနေ
ပေကျင်း၊ နို၀င်ဘာ-၁-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ ကိုဗစ်လုံး၀ကူးစက်မှုမရှိရေး မူဝါဒအရ ရှန်ဟိုင်းဒစ္စနေးလန်းကို အောက်တိုဘာ ၃၁ ရက်မှာ အာဏာပိုင်တွေက ရုတ်တရက်ပိတ်ပစ်လိုက်တာကြောင့် အပန်းဖြေလာရောက်သူတွေ ပိတ်မိနေပါတယ်။ လာရောက်လည်ပတ်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကူးစက်မှုမရှိကြောင်း စစ်ဆေးမှုရလဒ်ထွက်ပေါ်မှသာ ပန်းခြံပြင်ပကို အာဏာပိုင်တွေက ထွက်ခွင့်ပြုမှာဖြစ်ပါတယ်။ ရှန်ဟိုင်းမှာ ကိုဗစ်-၁၉ ဒေသတွင်းကူးစက်မှု ၁၀ ဦးတွေ့ရှိပြီးနောက် ယခုကဲ့သို့ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ ပန်းခြံအတွင်းရောက်ရှိနေသူတွေက ပန်းခြံတံခါးတွေဆီကို အပြေးအလွှားသွားနေကြပေမယ့် တံခါးသော့တွေ ခတ်ထားတာကို မြင်တွေ့ရတဲ့ ရုပ်သံမှတ်တမ်းတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ပန်းခြံအတွင်းရောက်ရှိနေသူမအနေနဲ့ သုံးရက်ဆက်တိုက် ကိုဗစ်ကင်းရှင်းကြောင်း ရလဒ်ထွက်ပေါ်မှသာ ပြင်ပကို ထွက်ခွာနိုင်မယ်လို့ ရှန်ဟိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ ဒစ္စနေးလန်းပန်းခြံအပြင် အနီး၀န်းကျင်ရှိနေရာတွေကိုလည်း အောက်တိုဘာ ၃၁ ရက် ဒေသစံတော်ချိန် ၁၁ နာရီ ၃၀ မိနစ်မှာ အာဏာပိုင်တွေက ရုတ်တရက်ပိတ်ပစ်လိုက်ကြပါတယ်။ တရုတ်နိုင်ငံရဲ့ အငြင်းပွားဖွယ် ကိုဗစ်-၁၉…
Read Moreရုရှားက ဒုံးကျည်တွေနဲ့ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံတ၀န်း ရေနဲ့ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေ
ကိဗ်ယက်၊ နို၀င်ဘာ-၁-၂၀၂၂ မျိုးဆက်(VOM) ရုရှားဟာ ယူကရိန်းကို အောက်တိုဘာ ၃၁ ရက်က ဒုံးကျည်ဒါဇင်ပေါင်းများစွာနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ယူကရိန်းနိုင်ငံတ၀န်းမှာ လျှပ်စစ်ဓါတ်အားနဲ့ ရေပေးဝေရေးစနစ်တွေ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပါတယ်။ မြို့တော်ကိဗ်ယက်ရဲ့ ၄၀ ရာခိုင်နှုန်းဟာ ရေပြတ်တောက်နေပြီး သိန်းပေါင်းများစွာသော လူနေအိမ်တွေမှာ လျှပ်စစ်ဓါတ်အားတွေ ပြတ်တောက်နေတယ်လို့ မြို့တော်၀န် Vitaliy Klitschko ကပြောပါတယ်။ မြို့ထဲမှာတော့ ပန့်ကရေကို သယ်ယူဖို့အတွက် မြို့ခံများစွာဟာ တန်းစီစောင့်ဆိုင်းနေရပါတယ်။ နိုင်ငံအရှေ့တောင်ပိုင်းရှိ ဒီနီပရိုမြို့၊ ဇာပိုရစ်ဇီယားမှာရှိတဲ့ ခါကိဗ်၊ အလယ်ပိုင်းက ဗင်နီဆီးယားနဲ့ လာဗစ်ဒေသတို့မှာ ရုရှားရဲ့တိုက်ခိုက်မှုနဲ့ ရင်ဆိုခဲ့ရပြီး အဆောက်အအုံ စုစုပေါင်း ၁၈ ခုပျက်စီးခဲ့တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ ရုရှားက ပစ်ခတ်လိုက်တဲ့ ခရုဇ်ဒုံးကျည် ၄၄ စင်းကို ယူကရိန်းက ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ သိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားရှိ ရုရှားရဲ့ ပင်လယ်နက်ရေယာဉ်အုပ်စုကို…
Read Moreရွှေကုန်ကြမ်းစာရင်းနဲ့ ရွှေတန်ချိန်အရေအတွက်ို ဗဟိုဘဏ်အပါအဝင် ဌာန ၆ ခုကို တင်ပြနေရ
နိုဝင်ဘာ ၁ – ၂၀၂၂ SN (VOM) တနိုင်ငံလုံးကထွက်ရှိတဲ့ ရွှေကုန်ကြမ်း စာရင်းတွေနဲ့ တနေ့တာရောင်းရတဲ့ ရွှေအတုံးအခဲ တန်ချိန်အရေအတွက်ကို ဗဟိုဘဏ်အပါအဝင် ဌာန ၆ ခုကို တင်ပြနေရတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က သိရပါတယ်။ ရွှေနဲ့ပတ်သက်တဲ့စာရင်းဇယား အားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နစက က အခုလို စာရင်းပြုစု တင်ပြခိုင်းခြင်းဖြစ်တယ်လို့ ရွှေအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ “အတုံးအခဲရောင်းတဲ့ စာရင်းတွေကို နေ့စဉ် စာရင်းကောက်ပြီးတော့ ဌာနဆိုင်ရာတွေကို ပို့ပေးရတာပါ။ အဲ့ဒီ့လို ပို့ပေးနေတာ ငါးလ၊ ခြောက်လလောက်တော့ရှိပြီ။ တနိုင်ငံလုံးမှာ နေ့စဉ်အရောင်းအဝယ်လုပ်နေတဲ့ အတုံးအခဲစာရင်းကို သူတို့ကသိချင်တာကိုး။ အဲ့ဒါကြောင့် ဗဟိုဘဏ်အပါအဝင် ဌာနခြောက်ခုကို ပို့ပေးနေရတာပါ”လို့ သူက ပြောပါတယ်။ အခုလို ရွှေနဲ့ပတ်သက်တဲ့ စာရင်းဇယားပြုစုခြင်းအတွက် သက်ဆိုင်ရာ ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး စာရင်းပေးပို့နေရတဲ့ ဗဟိုဘဏ်အပါအဝင်…
Read More