ဒွန်နက်ဒေသကို ဒုံးကျည်နဲ့တိုက်ခိုက်မှု ရုရှားတပ်ဖွဲ့၀င် ၄၀၀ သေဆုံးခဲ့တယ်လို့ ယူကရ်ိန်းပြော

ကိဗ်ယက်၊ ဇန်နဝါရီ-၃-၂၀၂၃
မျိုးဆက်(VOM)

ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနိုင်ငံ ဒွန်နက်ဒေသမှာ ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် ရုရှားတပ်ဖွဲ့၀င် ၄၀၀ သေဆုံးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

ဒါပေမယ့် ရုရှားဘက်ကတော့ တပ်ဖွဲ့၀င် ၆၃ ဦးသာသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပြီး အဲဒီနေရာကို သွားလာခွင့် ကန့်သတ်ထားပြီး သူ့ရဲ့တပ်ဖွဲ့၀င်တွေ သေဆုံးမှုကို ရုရှားဘက်က ရှားရှားပါးပါး ထုတ်ဖော်ပြောဆိုတာဖြစ်ပါတယ်။

နှစ်သစ်ကူးနေ့မှာ ရုရှားတပ်တွေ တပ်စွဲထားတဲ့ ဒွန်နက်ဒေသ မာခိဗ်ကာမြို့က အဆောက်အအုံကို ယူကရိန်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုရှားတွေ အသေအပျောက်အများဆုံး တိုက်ခိုကမှုလည်းဖြစ်ပါတယ်။

ယူကရိန်းဟာ အမေရိကန်လုပ် ဟားမာစ်ဒုံးကျည်စနစ်ကိုအသုံးပြုပြီး ဒုံးကျည်ခြောက်စင်းနဲ့ ရုရှားတပ်တွေရှိရာကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒုံးကျည်နှစ်စင်းကိုတော့ ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မာခိဗ်ကာမြို့ကို ယူကရိန်းကတိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာတော့ ရုရှားကလည်း ယူကရိန်းမြို့တော် ကိဗ်ယက်ရှိ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို မောင်းသူမဲ့လေယာဉ်၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW