နစကရဲ့လွတ်ငြိမ်း ၇၀၀၀ ကျော်မှာ နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော် သာပါဝင်

ဇန်နဝါရီ ၅ -၂၀၂၃
GG(VOM)

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဥ်းသူအကျဥ်းသားတွေကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တဲ့ ၇၀၀၀ ကျော်ထဲမှာ နိုင်ငံရေး အကျဥ်းသား အ​ယောက် ၂၀၀ ကျော်သာ ပါဝင်တယ်လို့ ထောင်ကနေ လွတ်မြောက်လာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စောင့်ကြည့်မှတ်တမ်းပြုစုနေတဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းAAPP ရဲ့အချက်အလက်တွေအရ သိရပါတယ်။

လက်ရှိမှာ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲကနေ အမည်စာရင်းနဲ့တကွ မှတ်တမ်းကောက်ယူထားနိုင်သူက ၄၃ ယောက်ရှိကြောင်း၊ ကျန်တဲ့ အချက်အလက်တွေ ဆက်လက်ကောက်ယူနေတယ်လို့သိရပါတယ်။

“အကျဉ်းထောင်တွေကနေ အကျဉ်းသားတွေကိုလွှတ်ပေးနေတယ်လို့ ပြောပေမယ့် အဲ့ဒီနေ့မှာပဲ နိုင်ငံရေးအရ အဖမ်းခံရတဲ့သူ ၂၂ ယောက်ရှိနေတယ်။ အဲ့ဒီထဲက အများစုက စစ်ကိုင်းတိုင်းကပါ”လို့ AAPP ရဲ့အတွင်းရေးမှူးဖြစ်သူ ဦးတိတ်နိုင်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ဟာ တနိုင်ငံလုံးမှာရှိတဲ့ အကျဥ်းထောင် ၁၉ ခုထက်မနည်း ကနေ လွတ်မြောက်လာတာဖြစ်တယ်လို့ AAPP ကပြောပါတယ်။

အရင် ၂၀၂၂ ခုနှစ်တုန်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုလိုက်တဲ့ အကျဥ်းသူ အကျဥ်းသားတွေထဲမှာလည်း ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသား ရာနဲ့ချီရှိခဲ့ပေမယ့် လက်ရှိ အကျဥ်းထောင်တွေထဲမှာလည်း ဖမ်းဆီးထောင်ချခံထားရသူတွေအများကြီးရှိနေသေးတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #နစကလွတ်ငြိမ်း #နိုင်ကျဥ်းနှစ်ရာကျော်သာပါဝင်

Related posts

Leave a Comment

VOM News

FREE
VIEW