ALP ဗိုလ်ချုပ် အပါအဝင် သုံးဦး ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး ALP ထုတ်ပြန်ချက် အေအေငြင်းဆိုထား

ဇန်နဝါရီ ၅- ၂၀၂၃ SW(VOM) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ခိုင်စိုးမြအပါအဝင် သူတို့ရဲ့ တပ်မှူး(၃)ဦး ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ALP ဘက်က ဒီကနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ချက် တစောင်ထွက်လာပါတယ်။ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြတို့လုပ်ကြံခံရတာဟာ အေအေရဲ့ လက်ချက်ဖြစ်တယ်လို့ ALP ဘက်က ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ALP ဘက်က အခုလို ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အေအေဘက်ကတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာဖြစ်ကြောင်း ရခိုင်အခြေစိုက်သတင်းဌာနတခုမှာ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တုန့်ပြန်ပြောဆိုထားတာဖြစ်ပါတယ်။ ALP ဘက်က ထိပ်ပိုင်းခေါင်းဆောင်တဦးအပါအဝင် တပ်မှူး ၂ ဦးဟာ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ လုပ်ကြံခံရကာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားတာဖြစ်ပြီး အဲဒီသတင်းဟာ ပြည်သူတွေကြားမှာလည်း လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တယ်လို့ သိရပါတယ်။…

Read More

ပတ်စပို့ရုံး ဒီနေ့ ပြန်ဖွင့်ပေမယ့် စာအုပ်အသစ် လုပ်မပေး ၊ ဗုဒ္ဓဂါယာဘုရားဖူး နဲ့ MOU အတွက်သာ လုပ်ပေးနေ

ဇန်နဝါရီ ၅ – ၂၀၂၃ GG (VOM) ရန်ကုန် ပတ်စ်ပို့ရုံး ဒီနေ့ဇန်နဝါရီလ ၅ ရက်နေ့မှာ ပြန် ဖွင့်ပေမယ့် စာအုပ်အသစ်ထုတ်မပေးဘဲ MOU စနစ်အလုပ်သမားတွေနဲ့ ဗုဒ္ဓဂါယာဘုရားဖူး ခရီးစဥ်အတွက်သာ စာအုပ်ပြုလုပ်ပေးနေတယ်လို့ ဒီကနေ့မှာ စာအုပ်လုပ်ဖို့ပတ်စ်ပို့ရုံးရှေ့ရောက်ခဲ့သူတွေဆီကသိရပါတယ်။ QR ကုဒ်ရပြီးသူတွေနဲ့ စလစ် ရပြီးသူတွေ၊စာအုပ်အသစ်လုပ်မယ့်သူတွေအတွက် စာအုပ်အသစ်ထုတ်ပေးခြင်းကို ရက်သတ်မှတ်ပြီး website ကနေကြေညာပေးမှာဖြစ်ကြောင်း ပတ်စ်ပို့ရုံးဘက်က ပြောဆိုတယ်လို့ သိရပါတယ်။ “အခု သူတို့​ရုံးဖွင့်တာက MOU နဲ့ဗုဒ္ဓဂါယာဘုရားဖူးတွေအတွက်ပါတဲ့ ၊ လိုင်းကိုအမြဲဖွင့်ထားပါတဲ့ ၊ပြန်ဖွင့်တဲ့ရက်ကျရင် သူ့date နဲ့သူပြန်ချိန်းပေးမယ့်ရက်ကို လိုင်းပေါ်မှာကြော်ငြာပေးမယ်တဲ့၊ စာအုပ်ကလည်း ပြန်ဖွင့်တဲ့ရက်မှ ထုတ်ပေးပါမယ်တဲ့ရှင့် ။ဘာမှမလုပ်ရဘဲပြန်လာရပါတယ်”လို့ ဒီနေ့ ဇန်နဝါရီ ၅ရက်နေ့မှာ ပတ်စ်ပို့ရုံးပြန်ဖွင့်မယ်ဆိုလို့ သွားရောက်ခဲ့သူတဦးကပြောပါတယ်။ ပတ်စ်ပို့ရုံးတွေကနေ ပတ်စ်ပို့စာအုပ်တွေထုတ်ပေးမယ့်ရက်ကို အတိအကျထုတ်ပြန်ခြင်းမရှိတာကြောင့် အွန်လိုင်း ဘိုကင်စနစ်ကနေ QR ကုဒ်ရပြီးသူတွေ၊ စလစ်ရပြီးသူတွေ အပါအဝင်…

Read More

အသံထက်မြန်တဲ့ ဇာကွန်ခရုဇ်ဒုံးကျည်တွေကို အတ္တလန္တိတ်သမုဒ္ဒရာမှာ ရုရှားဖြန့်ကြက်

မော်စကို၊ ဇန်နဝါရီ-၅-၂၀၂၃ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်ဟာ အသံထက်မြန်တဲ့ မျိုးဆက်သစ် ဟိုက်ပါဆိုးနစ် ဇာကွန်ခရုဇ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ဖရီးဂိတ်စစ်သင်္ဘောတစင်းကို အတ္တလန္တိတ်သမုဒ္ဒရာထဲကို ဇန်နဝါရီ ၄ ရက်မှာ စေလွှတ်လိုက်ပြီး ဒါဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားက နောက်ပြန်မဆုတ်ဘူးဆိုတဲ့ အရိပ်လက္ခဏာလည်းဖြစ်ပါတယ်။ အဲဒီလို ဟိုက်ပါဆိုးနစ်ခရုဇ်ဒုံးကျည်တွေကို ဖြန့်ကြက်ထားခြင်းကြောင့် ရုရှားကို အလားအလာရှိတဲ့ ပြင်ပခြိမ်းခြောက်မှုတွေကနေ ယုံကြည်စိတ်ချစွာ အကာအကွယ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီး ဆာဂေးလပ်ဗ်ရွှိုင်ဂူ၊ ရေတပ်တာ၀န်ရှိသူတွေနဲ့ ရုပ်သံကနေဆွေးနွေးရာမှာ ပူတင်ကပြောပါတယ်။ ဒီလက်နက်ဟာ ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှ မရှိဘူးလို့ ပူတင်ကပြောပါတယ်။ ဒီဒုံးကျည်တွေဟာ ဘယ်လိုဒုံးကျည်ကာကွယ်ရေးစနစ်ကိုမဆို ကျော်လွှားနိုင်ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးကဆိုပါတယ်။ ရုရှားဟာ ယူကရိန်းစစ်ပွဲအတွင်း အသံထက်မြန်တဲ့ ကင်ဇယ်လ်ဒုံးကျည်တွေကို အသုံးပြုနေပါတယ်။ ရုရှား၊ တရုတ်နဲ့ အမေရိကန်တို့ဟာ အသံထက်ငါးဆမြန်ပြီး ကြားဖြတ်ခြေရာခံဖျက်ဆီးဖို့ မလွယ်ကူတဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေ တီထွင်ထုတ်လုပ်ရေးကို အပြိုင်အဆိုင်လုပ်ဆောင်နေကြပါတယ်။ Ref: Reuters Photo:…

Read More

နစကရဲ့လွတ်ငြိမ်း ၇၀၀၀ ကျော်မှာ နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော် သာပါဝင်

ဇန်နဝါရီ ၅ -၂၀၂၃ GG(VOM) လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဥ်းသူအကျဥ်းသားတွေကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တဲ့ ၇၀၀၀ ကျော်ထဲမှာ နိုင်ငံရေး အကျဥ်းသား အ​ယောက် ၂၀၀ ကျော်သာ ပါဝင်တယ်လို့ ထောင်ကနေ လွတ်မြောက်လာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စောင့်ကြည့်မှတ်တမ်းပြုစုနေတဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းAAPP ရဲ့အချက်အလက်တွေအရ သိရပါတယ်။ လက်ရှိမှာ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲကနေ အမည်စာရင်းနဲ့တကွ မှတ်တမ်းကောက်ယူထားနိုင်သူက ၄၃ ယောက်ရှိကြောင်း၊ ကျန်တဲ့ အချက်အလက်တွေ ဆက်လက်ကောက်ယူနေတယ်လို့သိရပါတယ်။ “အကျဉ်းထောင်တွေကနေ အကျဉ်းသားတွေကိုလွှတ်ပေးနေတယ်လို့ ပြောပေမယ့် အဲ့ဒီနေ့မှာပဲ နိုင်ငံရေးအရ အဖမ်းခံရတဲ့သူ ၂၂ ယောက်ရှိနေတယ်။ အဲ့ဒီထဲက အများစုက စစ်ကိုင်းတိုင်းကပါ”လို့ AAPP ရဲ့အတွင်းရေးမှူးဖြစ်သူ ဦးတိတ်နိုင်က ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ဟာ တနိုင်ငံလုံးမှာရှိတဲ့ အကျဥ်းထောင် ၁၉ ခုထက်မနည်း ကနေ လွတ်မြောက်လာတာဖြစ်တယ်လို့ AAPP ကပြောပါတယ်။ အရင်…

Read More

တရုတ်ခရီးသွားတွေအပေါ် ကိုဗစ်စောင့်ကြည့်စစ်ဆေးမှု လုပ်ဆောင်ကြဖို့ အဖွဲ့၀င်နိုင်ငံတွေကို ဥရောပသမဂ္ဂ တိုက်တွန်း

ဘရပ်ဆဲလ်၊ ဇန်နဝါရီ-၅-၂၀၂၂ မျိုးဆက်(VOM) ဥရောပသမဂ္ဂ (အီးယူ)အဖွဲ့၀င်နိုင်ငံတွေအားလုံးအနေနဲ့ တရုတ်နိုင်ငံမှ ခရီးသွားတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုရှိမရှိ စမ်းသပ်စစ်ဆေးမှု သေချာစွာပြုလုပ်ကြဖို့ ဥရောပသမဂ္ဂတာ၀န်ရှိသူတွေက ဇန်နဝါရီ ၄ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ လုံး၀မရှိစေရေးမူဝါဒကို ဖြေလျှော့ပေးမှု တစိတ်တပိုင်းအနေနဲ့ ဇန်နဝါရီ ၈ ရက်မှစပြီး ခရီးသွားလာမှု ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးလိုက်ပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဆိုင်ရာတင်းကြပ်တဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်ပြီးနောက် နိုင်ငံတွင်းမှာ ရောဂါကူးစက်မှုတွေ မြင့်တက်လျှက်ရှိပါတယ်။ တရုတ်ခရီးသွားတွေအပေါ် စောင့်ကြည့်စစ်ဆေးခြင်းဟာ တရားမျှတမှုမရှိကြောင်း ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံအချို့က အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားကြပေမယ့်လည်း လက်ရှိမှာ စမ်းသပ်စစ်ဆေးမှုတွေကို လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ ပြင်သစ်၊ စပိန်နှင့် အီတလီတို့ဟာ တရုတ်ခရီးသွားတွေအပေါ် စမ်းသပ်စစ်ဆေးမှုကို စတင်လုပ်ဆောင်နေပြီး ဂျာမနီကဲ့သို့ အခြားနိုင်ငံတော့ အခြေအနေကို စောင့်ကြည့်နေကာ ဥရောပသမဂ္ဂပြင်ပရှိ ဗြိတိန်ကလည်း စမ်းသပ်စစ်ဆေးမှုတွေကို ဇန်နဝါရီ ၅ ရက်မှစပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။…

Read More

ဧရာဝတီတိုင်းမှာ အကျဉ်းသား ၇၀၀ နီးပါးလွတ်လာပေမယ့် သတင်းထောက် ၄ ဦးနဲ့ နိုင်ငံရေးအကျဉ်းသားတချို့သာ ပါဝင်

ဇန်နဝါရီ၊ ၅-၂၀၂၂ MM(VOM) မနေ့ ဇန်နဝါရီ ၄ ရက်ကျရောက်ခဲ့တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေကနေ အကျဉ်းသား/အကျဉ်းသူ ၇ ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တယ်လို့ သိရပါတယ် ။ အဲ့ဒီလို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တဲ့အထဲမှာ ဧရာဝတီတိုင်းက သတင်းထောက် ၄ ယောက်အပါအဝင် အကျဉ်းသား/အကျဉ်းသူ ၇၀၀ နီးပါးပြန်လွတ်လာ တယ်လို့တာဝန်ရှိတဲ့ သူတွေဆီကနေ သိရပါတယ်။ ပြန်လွတ်လာတဲ့ သတင်းထောက် ၄ ယောက်မှာ နေပြည်တော်တိုင်းသတင်းဌာနက သတင်းထောက် ဦးမောင်မောင်(ခ)ကိုရဝေအောင်၊ မှုခင်းသတင်းထောက် ဦးလှမျိုး(ခ)ရာဇာကြီး၊ (မြစ်မခ)သတင်းဌာနကအကြီးတန်းသတင်းထောက် ကိုမျိုးမင်းထွန်း၊တိုင်းဧရာသတင်းဌာနနဲ့ SKYNET သတင်းဌာနတို့က ရုပ်သံသတင်းထောက်တဦးဖြစ်တဲ့ မရွှေရည်ဝင်းတို့ဖြစ်တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာ မနေ့က လွတ်လာတဲ့ အကျဉ်းသား / အကျဉ်းသူတွေထဲမှာ နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာပါဝင်ပြီး သတင်းထောက်တွေပြန်လွတ်လာတဲ့အတွက် ဝမ်းသာတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးတဲ့…

Read More

ပေါက်မြို့နယ် နဂါးဗွက်ကျေးရွာမှာ ၈ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

ဇန်နဝါရီ ၊ ၅ -၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ နဂါးဗွက်ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၄ ရက် ၊ မနက်ပိုင်းက ကျေးရွာအတွင်း ၈ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ “နဂါးဗွက်ရွာမှာ မနေ့က မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ရွာထဲကိုဝင်လာပြီး အမျိုးသား ၂ ဦး ၊ အမျိုးသမီး ၅ ဦး နဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံ ရွာသား ၈ ဦးကို ပစ်သတ်သွားတာဖြစ်တယ်” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး…

Read More

လားရှိုးထောင်ကနေ သတင်းထောက် ၊ နိုင်ငံရေးအမှုနဲ့ အပါအဝင် အကျဉ်းသား ၁၀၀ ကျော် ပြန်လွတ်လာ

ဇန်နဝါရီ ၅၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး အကျဉ်းထောင်ကနေ မနေ့က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်မှာ သတင်းထောက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၁၀၀ ကျော် ပြန်လွတ်လာတယ်လို့ ‌မျက်မြင်ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ် အမ်ဖောင် လွှတ်ပြီ။ ရှမ်း/မြောက် က ဘယ်နှယောက်လဲ တော့မသိဘူး။ နိုင်/ကျဥ်း ၁၈ ယောက်ပါတယ်”လို့ မျက်မြင် ဒေသခံ တဦးက ပြောပါတယ်။ လားရှိူးထောင်ကနေ ပြန်လွှတ်လာသူတွေထဲမှာ အမျိုးသမီး ၂၇ ဦးနဲ့ အမျိုးသား ၇၄ ဦး၊ အားလုံး ၁ဝ၁ ဦးရှိပြီး အဲဒီထဲမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့…

Read More

မနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သတင်းထောက် ၅ ယောက်ပြန်လွတ်လာ

ဇန်နဝါရီ ၅ -၂၀၂၃ GG (VOM) မနေ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့အထဲမှာ သတင်းထောက် ၅ ယောက်လည်း ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။ လက်ရှိအထိ သိရတဲ့စာရင်းအရ VOM သတင်းဌာနက သတင်းထောက် ကိုပြည့်ဖြိုးအောင်အပါအဝင် ပြည်မြို့က အလွတ်တန်း သတင်းထောက် ကိုရဲထွန်းဦး (ခေါ်) မောင်ကောင်း၊ ရန်ကုန်က အလွတ်တန်းသတင်းထောက် အလှလေးသူဇာ (ခေါ် ) သူဇာ ၊ 7 day news သတင်းထောက် ကိုစိုင်းကိုကိုထွန်း၊ ရွှေဖီမြေကရုပ်သံသတင်းထောက် မလွေးအယ်ဖောင်း တို့ဖြစ်တယ်လို့ သိရပါတယ်။ ” အခုလိုပြန်လွတ်လာတာ အရမ်းဝမ်းသာတယ်။မဟုတ်ရင် သူထောင်ကျသွားတဲ့ရက်ကတည်းက သူ့အတွက်စိတ်ပူရတယ်။အပြင်ကလူတွေစားဝတ်နေရေးထက် သူ့ကိုပိုပူရတယ်ပေါ့။ကိုယ်စားဖို့ထက် သူအထဲမှာအဆင်ပြေဖို့ကို ရှာဖွေရတာ စိတ်ပိုပင်ပန်းရတယ်။ အခုတော့ စိတ်အေးသွားပါပြီ။ ” လို့ သတင်းထောက်တယောက်ရဲ့မိသားစုဝင်ကပြောပါတယ်။ ပြန်လွတ်လာတဲ့…

Read More

ကျင်စန်းကျော့ – ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာ လမ်းကြောမှာ ရှိန်တိန်စနစ် သုံးနေဆဲဖြစ်တာကြောင့် ကုန်ကျစရိတ် များနေ

ဇန်နဝါရီ ၅၊ ၂၀၂၂ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်ဂိတ်တွေအားလုံးမှာ ခေါက်တို အစားထိုး ယာဉ်မောင်း (ရှန်တိန်)စနစ် ဖြုတ်လိုက်ပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေး တံခါးပေါက်တခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ရှိ ကျင်စန်းကျော့ – ဝမ်တိန် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရာလမ်းကြောမှာ ရှိန်တိန်စနစ် သုံးနေဆဲဖြစ်တာကြောင့် ကုန်ကျစရိတ်များနေတဲ့အပြင် အချိန် ကြန့်ကြာမှုတွေပါ ဖြစ်နေတယ်လို့ နယ်စပ် ကုန်သွယ်ရေးအသိုင်းအဝိုင်းက သိရပါတယ်။ “ရှန်တိန် ၅ ဆင့်လောက် ပြီးမှ တရုတ်ထဲ ရောက်တာ၊ ရွှေမိုင်းယုကွင်းကနေ ကုန်သွယ်ရေးဇုန်အထိ တဆင့်၊ ကုန်သွယ်ရေးဇုန်ကနေ နှင်းနှင်းခိုင်ကွင်းအထိတဆင့်၊ နှင်းနှင်းခိုင်ကွင်းကနေ ရွှေလီရေးဗားကွင်းကို တဆင့်၊ ရွှေလီရေးဗားကွင်းကနေ ကျင်စန်းကျော့လွယ်အင်ရွာအထိ ရှန်တိန်တဆင့်နဲ့ လွယ်အင်ရွာကနေ ရွှေလွယ်အင်ကွင်းအထိ နောက်ရှန်တိန် ၁ ဆင့် စသဖြင့်…

Read More
VOM News

FREE
VIEW