တရုတ်ခရီးသွားတွေအပေါ် ကိုဗစ်စောင့်ကြည့်စစ်ဆေးမှု လုပ်ဆောင်ကြဖို့ အဖွဲ့၀င်နိုင်ငံတွေကို ဥရောပသမဂ္ဂ တိုက်တွန်း

ဘရပ်ဆဲလ်၊ ဇန်နဝါရီ-၅-၂၀၂၂
မျိုးဆက်(VOM)

ဥရောပသမဂ္ဂ (အီးယူ)အဖွဲ့၀င်နိုင်ငံတွေအားလုံးအနေနဲ့ တရုတ်နိုင်ငံမှ ခရီးသွားတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုရှိမရှိ စမ်းသပ်စစ်ဆေးမှု သေချာစွာပြုလုပ်ကြဖို့ ဥရောပသမဂ္ဂတာ၀န်ရှိသူတွေက ဇန်နဝါရီ ၄ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ လုံး၀မရှိစေရေးမူဝါဒကို ဖြေလျှော့ပေးမှု တစိတ်တပိုင်းအနေနဲ့ ဇန်နဝါရီ ၈ ရက်မှစပြီး ခရီးသွားလာမှု ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးလိုက်ပြီဖြစ်ပါတယ်။

ကိုဗစ်-၁၉ ဆိုင်ရာတင်းကြပ်တဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်ပြီးနောက် နိုင်ငံတွင်းမှာ ရောဂါကူးစက်မှုတွေ မြင့်တက်လျှက်ရှိပါတယ်။

တရုတ်ခရီးသွားတွေအပေါ် စောင့်ကြည့်စစ်ဆေးခြင်းဟာ တရားမျှတမှုမရှိကြောင်း ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံအချို့က အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားကြပေမယ့်လည်း လက်ရှိမှာ စမ်းသပ်စစ်ဆေးမှုတွေကို လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

ပြင်သစ်၊ စပိန်နှင့် အီတလီတို့ဟာ တရုတ်ခရီးသွားတွေအပေါ် စမ်းသပ်စစ်ဆေးမှုကို စတင်လုပ်ဆောင်နေပြီး ဂျာမနီကဲ့သို့ အခြားနိုင်ငံတော့ အခြေအနေကို စောင့်ကြည့်နေကာ ဥရောပသမဂ္ဂပြင်ပရှိ ဗြိတိန်ကလည်း စမ်းသပ်စစ်ဆေးမှုတွေကို ဇန်နဝါရီ ၅ ရက်မှစပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဘရပ်ဆဲလ်

Related posts

Leave a Comment

VOM News

FREE
VIEW