ဧရာဝတီတိုင်းမှာ အကျဉ်းသား ၇၀၀ နီးပါးလွတ်လာပေမယ့် သတင်းထောက် ၄ ဦးနဲ့ နိုင်ငံရေးအကျဉ်းသားတချို့သာ ပါဝင်

ဇန်နဝါရီ၊ ၅-၂၀၂၂
MM(VOM)

မနေ့ ဇန်နဝါရီ ၄ ရက်ကျရောက်ခဲ့တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေကနေ အကျဉ်းသား/အကျဉ်းသူ ၇ ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တယ်လို့ သိရပါတယ် ။

အဲ့ဒီလို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တဲ့အထဲမှာ ဧရာဝတီတိုင်းက သတင်းထောက် ၄ ယောက်အပါအဝင် အကျဉ်းသား/အကျဉ်းသူ ၇၀၀ နီးပါးပြန်လွတ်လာ
တယ်လို့တာဝန်ရှိတဲ့ သူတွေဆီကနေ သိရပါတယ်။

ပြန်လွတ်လာတဲ့ သတင်းထောက် ၄ ယောက်မှာ နေပြည်တော်တိုင်းသတင်းဌာနက သတင်းထောက် ဦးမောင်မောင်(ခ)ကိုရဝေအောင်၊ မှုခင်းသတင်းထောက် ဦးလှမျိုး(ခ)ရာဇာကြီး၊ (မြစ်မခ)သတင်းဌာနကအကြီးတန်းသတင်းထောက် ကိုမျိုးမင်းထွန်း၊တိုင်းဧရာသတင်းဌာနနဲ့ SKYNET သတင်းဌာနတို့က ရုပ်သံသတင်းထောက်တဦးဖြစ်တဲ့ မရွှေရည်ဝင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ မနေ့က လွတ်လာတဲ့ အကျဉ်းသား / အကျဉ်းသူတွေထဲမှာ နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာပါဝင်ပြီး သတင်းထောက်တွေပြန်လွတ်လာတဲ့အတွက် ဝမ်းသာတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးတဲ့ တရားလွှတ်တော်ရှေ့နေတယောက်ကပြောပါတယ်။

”မြောင်းမြထောင်က လွှတ်မြောက်သူတွေမှာ နိုင်ငံရေးအကျဉ်းသား အမျိုးသား၊ အမျိုးသမီး ၂၆ ဦးနဲ့ အခြား ပြစ်မှုဆိုင်ရာ အကျဉ်းသား အမျိုးသမီး အမျိုးသား ၁၄၀ လည်းပါဝင်ပါတယ်၊ အားလုံး ၁၆၆ ဦး ဖြစ်ပါတယ် ၊ ပုသိမ်ထောင်ကနေ နိုင်ငံရေး အကျဉ်းသား ၃၈ ဦးနဲ့ အခြားပြစ်မှု အကျဉ်းသား ၂၆၁ ဦး စုစုပေါင်း ၂၉၉ ဦး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ် ၊ တတိုင်းလုံးအနေနဲ့ဆို အယောက် ၇၀၀ လောက်လွတ်လာတယ် ၊ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားကနည်းတယ် ၊ဘယ်လိုပဲဖြစ်ဖြစ် မနေ့က လွတ်လာတဲ့အထဲမှာ သတင်းလောကသားတွေ ပါလာတာတွေ့ရတော့ဝမ်းသာတယ်။”လို့ သူက
ဆက်ပြောပါတယ်။

မနေ့က လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဆန့်ကျင်ဆန္ဒပြလို့ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂ နှစ်စီချ မှတ်ခံထားရတဲ့သူတွေ အများဆုံးပါဝင်ပြီး ပြန်လွတ်လာဖို့ လပိုင်းလောက်နဲ့ ရက်ပိုင်းသာလိုတော့တဲ့သူတွေ အများဆုံး ပြန်လွတ်လာဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြန်လွတ်လာတဲ့ အကျဉ်းသား/အကျဉ်း သူ ၇၀၀ နီးပါးထဲမှာ အခြားပြစ်မှုနဲ့ လွတ်လာသူ တွေ အမှုကြီး သမားတွေ မပါဝင်ပဲလွတ်ဖို့ ရက်ပိုင်းသာလိုတဲ့ မူးယစ်ရမ်းကားမှုနဲ့ ထောင်ကျနေသူတွေ ၊ ဧည့်စာရင်း မတိုင်လို့ထောင်ကျနေသူတွေ၊ ဖဲဝိုင်းမှာဖမ်းမိပြီးထောင်ချ နေသူတွေ ၊ နှစ်လုံးထီရောင်းလို့ဖမ်းခံရပြီးထောင်ချ နေသူတွေနဲ့ ညဖက် ၁၂ နာရီနောက်ပိုင်း အပြင်ထွက်လို့ ဖမ်းပြီး ထောင်ချခံရသူတွေသာအများဆုံးပါဝင်
တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းက အကျဉ်းထောင်တွေထဲမှာ အချို့အကျဉ်းသားတွေဟာ လွတ်ရက်ကစေ့နေပြီ နောက်ထပ် ၊ ထပ်တိုးအမှုကျန်တွေ အမိန့်မချရသေးတဲ့ အတွက်ကြောင့် ထောင်ထဲမှာ နေကျန်ခဲ့ရတာတွေလည်းရှိတယ်လို့ ဒေသခံတွေနဲ့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ သူတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #လွတ်ငြိမ်းသက်သာ #သတင်းထောက်နဲ့နိုင်ကျဥ်းအချို့သာပါဝင်

Related posts

Leave a Comment

VOM News

FREE
VIEW