မက္ကဆီကို မူးယစ်ရာဇာအယ်လ်ချာပိုရဲ့သား ဖမ်းဆီးခံရ၊ မူးယစ်ဂိုဏ်းသားတွေ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်နေ

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ-၆-၂၀၂၃
မျိုးဆက်(VOM)

နာမည်ဆိုးဖြင့်ကျော်ကြားသော မူးယစ်ရာဇာ အယ်လ်ချာပိုရဲ့ သားဖြစ်သူကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းပြီးနောက် မက္ကဆီကိုနိုင်ငံ ဆီနာလိုအာပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း လုံခြုံရေးတပ်ဖွဲ့၀င် သုံးဦးသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ဇန်နဝါရီ ၅ ရက်မှာ ပြောပါတယ်။

အိုဗီဒီအိုဂုဇ်မန်းလိုပက်ဇ်ဟာ ဖခင်ဖြစ်သူရဲ့ မူးယစ်ဂိုဏ်းမှာ ခေါင်းဆောင်တစ်ဦးအဖြစ် စွပ်စွဲခံထားရပြီး သူ့ကို ကူလီယာကန်မှာ ဖမ်းဆီးခဲ့ပြီး မက္ကဆီကိုစီးတီးကို ပြောင်းရွှေ့ခဲ့ပါတယ်။

သူ့ကိုဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းကြောင့် အမျက်ဒေါသထွက်နေတဲ့ မူးယစ်ဂိုဏ်းသားတွေဟာ လမ်းတွေကိုပိတ်ဆို့ပြီး မော်တော်ယာဉ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသတွင်းရှိ လေဆိပ်ကိုလည်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ပျံသန်းဖို့ပြင်ဆင်နေတဲ့ လေယာဉ်နှစ်စင်းကိုလည်း ပစ်ခတ်ခဲ့ကြပြီး ဆီနာလိုရှိ လေဆိပ်သုံးခုမှာ လေယာဉ်ခရီးစဉ် ၁၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။ မငြိမ်မသက်မှုဖြစ်စဉ်တွေအတွင်း လူ ၁၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သူတို့ကိုဆေးရုံတင်ထားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။

မစ္စတာဂုဇ်မန်းရဲ့ ဖခင်ဖြစ်သူ မူးယစ်ရာဇာ အယ်လ်ချာပိုဟာ မူးယစ်ဆေးဝါးရောင်း၀ယ်မှု၊ ငွေကြေးခဝါချမှုတို့နဲ့ ၂၀၁၉ ခုနှစ်မှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီးနောက် အမေရိကန်မှာ ထောင်ဒဏ်တသက်တကျွန်းကျခံနေရပါတယ်။

Ref:BBC
Photo:Sky News
#voiceofmyanmar #VOM #မက္ကဆီကိုစီးတီး

Related posts

Leave a Comment

VOM News

FREE
VIEW