နှလုံးရောဂါကြောင့် လဲကျသွားခဲ့တဲ့ ထိုင်းဘုရင့်သမီးတော် သီတင်းသုံးပတ်ကြာချိန်ထိ သတိမရသေး

ဘန်ကောက်၊ ဇန်နဝါရီ-၉-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းဘုရင့်သမီးတော် ဘာဂ်ျရာကီတီယာဘဟာ ဟာနှလုံးရောဂါကြောင့် လဲကျသွားပြီး သုံးပတ်ကျော်ကြာချိန်ထိ သတိလစ်နေဆဲဖြစ်ကြောင်း ထိုင်းဘုရင့်နန်းတော်က ထုတ်ပြန်ပါတယ်။

ထီးနန်းဆက်ခံဖို့ အလားအလာရှိနေတဲ့ အသက် ၄၄ နှစ်အရွယ် ထိုင်းတော်၀င်မင်းသမီးဟာ ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းရဲ့ အကြီးဆုံးသမီးဖြစ်ပြီး ပြင်းထန်တဲ့နှလုံးခုန်မူမမှန်ခြင်းကြောင့် ဒီဇင်ဘာ ၁၅ ရက်မှာ လဲကျသွားခဲ့တာဖြစ်ပါတယ်။

မင်းသမီးရဲ့လက်ရှိအခြေအနေဟာ သတိလစ်နေသေးကြောင်း ထိုင်းဘုရင့်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆရာ၀န်တွေဟာ မင်းသမီးရဲ့ နှလုံး၊ အဆုတ်နဲ့ကျောက်ကပ် လုပ်ငန်းဆောင်တာတွေအတွက် ဆေးဝါးတွေပေးထားပြီး သူမရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေကာ ပဋိဇီဝဆေးတွေ ဆက်လက်အသုံးပြုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မင်းသမီး ဘာဂ်ျရာကီတီယာဘဟာ ဟာနိုင်ငံအရှေ့မြောက်ပိုင်း နက်ခွန်ရက်ချာဆီမာပြည်နယ်မှာ ယှဉ်ပြိုင်ဖို့အတွက် သူ့ခွေးတွေကို လေ့ကျင့်ပြင်ဆင်နေတုန်းမှာ နှလုံးရောဂါကြောင့် သတိလစ်လဲကျခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ ဘန်ကောက်ကို ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်ခဲ့ရပါတယ်။

သူမဟာ ထီးမွေနန်းမွေဆက်ခံခြင်းဥပဒေနဲ့ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထီးနန်းဆက်ခံခြင်းဆိုင်ရာ အရည်အချင်းပြည့်မှီတယ်လို့ သတ်မှတ်လို့ရတဲ့ ဘုရင်မဟာဝိဇယလောင်ကွန်းရဲ့သားသမီးသုံးဦးထဲက တဦးဖြစ်ပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW