စစ်ကျန်ပစ္စည်း ဆော့ကစားရာကနေ ပေါက်ကွဲလို့ ကလေး ၁ ဦးသေဆုံး၊ ၂ ဦး ပြင်းထန် ဒဏ်ရာရ

ဇန်နဝါရီ ၁၂၊ ၂၀၂၃
Shy V (VOM)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝိုင်းမော် – ဝါရှောင်လမ်း၊ ဝူယာန်ရွာမှာ ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီခွဲခန့်က ကလေးတွေဟာ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်း ဆော့ကစားမိရာက ပေါက်ကွဲလို့ ကလေး ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဝိုင်းမော် – ဝါရှောင်လမ်း၊ ဝူယန်ရွာ၊ လီဆူ ရပ်ကွက်က ကလေးတွေ သွားဆော့တာ။ ပေါက်ကွဲလာတာ။ လက်နက်ကြီးကျည်။”လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

ထိသွားတဲ့ ကလေးတွေက အသက် ၉ နှစ် အရွယ်ရှိ မောင်ခေါဆီး၊ အသက် ၈ နှစ် အရွယ် မောင်အားလူဒီး နဲ့ အသက် ၈ နှစ်‌ကျော် အရွယ်ရှိ မောင်ဗျာဆား တို့ဖြစ်တယ်လို့ ပြောပါတယ်။

မောင်ခေါဆီးက ဘယ်ဘက် လက်ပြတ်၊ ညာဘက်လက်က အသားတွေ လွင်စင်ကုန်ပြီး မောင်အားလူဒီးက ခြေထောက်ထိ ဒဏ်ရာ နဲ့ မောင်ဗျာဆားက ခန္ဓာကိုယ် ကျောမှာ ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

မောင်ခေါဆီးက ဆေးရုံမှာ သေဆုံးခဲ့ပြီး မောင်အားလူဒီးနဲ့ မောင်ဗျာဆားတို့က မြစ်ကြီးနား စစ်ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း အဲဒီ ဝိုင်းမော်မြို့နယ်၊ ဝူယန်ရွာအနီး KIA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ဖူးတယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ဝိုင်းမော် #စစ်ကျန်ပစ္စည်းပေါက်ကွဲမှု #ကလေးတဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW