ဂျပန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု နှစ် ၄၀ ကျော်အတွင်း စံချိန်တင်မြင့်တက်

တိုကျို၊ ဇန်နဝါရီ ၂၀-၂၀၂၃
မျိုးဆက်(VOM)

ဂျပန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၄၁ နှစ်အတွင်း အမြင့်ဆုံးထိ စံချိန်တင်မြင့်တက်နေကြောင်း တာ၀န်ရှိသူတွေက ဇန်နဝေါရီ ၂၀ ရက်မှာ ပြောပါတယ်။

လွန်ခဲ့တဲ့လအတွင်း အဓိကစားသုံးသူစျေးနှုန်းဟာ ယမန်နှစ်ကထက် လေးရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဒါဟာ ဂျပန်ဗဟိုဘဏ်က ခန့်မှန်းထားတာထက် နှစ်ဆတိုးနေပါတယ်။

လူနေမှုစရိတ် ကြီးမြင့်လာခြင်းကို သက်သာစေဖို့ အတွက် အတိုးနှုန်းကို မြှုင့်တင်ဖို့ ဗဟိုဘဏ်အနေနဲ့ နောက်ထပ်ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာ တရား၀င်ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဂျပန်နိုင်ငံရဲ့ငွေကြေးဖောင်းပွမှုဟာ ၁၉၈၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ပြီး ဗဟိုဘဏ်ရဲ့ခန့်မှန်းချက် ၂ ရာခိုင်နှုန်းထက် ကိုးလဆက်တိုက်ပိုများနေပါတယ်။

ဂျပန်နိုင်ငံအပြင် အခြားနိုင်ငံတွေမှာလည်း ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်နေပြီး အမေရိကန်မှာ ဒီဇင်ဘာလအတွင်း ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ဥရောပဇုန်မှာ ၉ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ဗြိတိန်မှာ ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း တရား၀င်ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW