တမူးခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရ

ဇန်နဝါရီ ၊ ၁၉ -၂၀၂၃
SP ( VOM)

စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့ ၊ စော်ဘွား အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံး အဆောက်အဦဟာ ဒီကနေ့ မနက်ပိုင်းက မီးရှို့ခံရတယ်လို့ တမူးခရိုင် မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။

” ဒီမနက် ၁၀ နာရီဝန်းကျင်က စလောင်တယ် ၊ ၁၁ နာရီ ၁၁ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ် ၊ ပျဥ်ကာ ၁ ထပ် အဆောက်ဦး ၁ လုံး ဆုံးရှုံးတယ်”လို့ ခရိုင် မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒီကနေ့ ၊ နေ့လယ်ပိုင်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာ တွေ့ရတာက တမူးခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးကို တမူး ABSDF တပ်ရင်း ၅ နဲ့ ပူးပေါင်းအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တမူးမြို့မှာ ပြီးခဲ့တဲ့ နှစ်က စလို့ ဌာနဆိုင်ရာရုံး အဆောက်အဦတွေ မကြာခဏ မီးရှို့ခံရပြီး တမူး ပြည်သူ့ဆေးရုံ ၊ ရုံးခန်း အဆောက်အဦ ၊ ကညနရုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးဟာ ပြီးခဲ့တဲ့ ၂၀၂၂ က မီးရှို့ခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #တမူး #ရွေး/ကော်ရုံး #မီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW