ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာအချို့မှာ လက်နက်ကြီးတွေကျလို့ ဒေသခံ ၄၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရ

ဇန်နဝါရီ ၂၄ – ၂၀၂၃
GG(VOM)

မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်ထဲက ရွာအချို့မှာ လက်နက်ကြီးတွေ မကြာခဏကျရောက်ပေါက်ကွဲမှုဖြစ်နေလို့ ဒေသခံ ၃၈၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့မနေ့ ဇန်နဝါရီ၂၃ ရက်နေ့ညပိင်း သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ရွာတွေကတော့ ဝင်းကံကျေးရွာ ၊ဇီးပြောင်းကျေးရွာ ၊ ပျဥ်းကတိုးကုန်းကျေးရွာ နဲ့ ခရွဲကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

” အခုလ ပထမအပတ်တုန်းကလည်း ဝင်းကံရွာမှာလက်နက်ကြီးကျလို့ ၂ယောက်သေတယ်၊ဒဏ်ရာရသူတွေလည်းရှိတယ်။ လက်နက်ကြီးတွေကျလို့ လူတွေလည်းစစ်ဘေးရှောင်နေရတာ အများကြီးပဲရှိတာ ကြားပါတယ် “လို့ ကျိုက်ထိုဒေသခံပရဟိတသမားတဦးကပြောပါတယ်။

အဲ့ဒီကျေးရွာ ၄ ရွာလုံးမှာ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲလို့ ဒေသခံတချို့လည်း သေဆုံးတာတွေရှိခဲ့တဲ့အပြင် ဒဏ်ရာရသူတွေနဲ့ နေအိမ်အဆောက်အဦး ပျက်ဆီးမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

KNU ရဲ့ထုတ်ပြန်ချက်မှာတော့ နစကရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲ့ဒီကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့မကြာခဏပစ်ခတ်နေတာဖြစ်တယ်လို့ ရေးသားထားပြီး VOM အနေနဲ့တော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

မွန်ပြည်နယ်ထဲမှာတော့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေရှိနေသလို၊ KNU နဲ့ နစကလုံခြုံရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်ပွားတာတွေရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျိုက်ထို #လက်နက်ကြီးကျ #ဒေသခံလေးထောင်နီးပါး #ထွက်ပြေးနေရ

Related posts

Leave a Comment

VOM News

FREE
VIEW