မန္တလေးမြို့က ပီနံအိတ်စက်ရုံ စွန့်ပစ်ပစ္စည်းဂိုဒေါင်မီးလောင်မှု သိန်း ၁၆၀ ကျော် ဆုံးရှုံးခဲ့

ဇန်နဝါရီ ၂၇ -၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၉လမ်းနဲ့ လမ်း ၇၀ ကြား ၁၃၈လမ်းနဲ့ ၁၃၉လမ်းကြား၊ (ဈ)ရပ်ကွက်ရှိ ပီနံအိတ်စက်ရုံ စွန်ပစ္စည်းတွေထားတဲ့ ဂိုဒေါင်မီးလောင်မှု ဒီကနေ့မနက်အစောပိုင်းက ဖြစ်ပွါးခဲ့ပါတယ်။

ဆာလာအိတ်ခွံအဟောင်းတွေနဲ့ အဆောက်အဦတချို့ မီးလောင်ခဲ့ပြီး စုစုပေါင်း (၁၆၇)သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

“စွန့်ပစ်ပစ္စည်းဂိုဒေါင်က ဆာလာအိတ်ခွံအဟောင်းတွေ စုပုံထားရာကနေ အောင်းအပူဖြစ်ပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့တယ်၊ မီးလောင်မှု အဆင့် Level-3နဲ့ မီးငြိမ်းသတ်ခဲ့ရပါတယ်။”လို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

မီးလောင်မှုကို Level-3အဆင့်သတ်မှတ်ကာ ပြင်ဦးလွင် ဗဟိုမီးသတ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်နိုင် ၊ မန္တလေးတိုင်း မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်ပြီး မီးငြိမ်းသတ်ယာဉ်(၂၅)စီး၊ ရေသယ်ယာဉ်(၄၀)စီး၊ LUF-60 မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၄)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၁၂၀)ဦး၊ အရန်တပ်ဖွဲ့ဝင် (၁၈၀)ဦး တို့နဲ့ သွားရောက်ငြိမ်းသတ်ခဲ့ကာ လူ/ တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ/သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းက အသက် (၅၁)နှစ်အရွယ်အမျိုးသားကို (ပ-၂၆ /၂၈၅/၂၀၂၃)နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #မန္တလေး #ပီနံအိတ်စက်ရုံဂိုဒေါင် #မီးလောင်ကျွမ်းမှု

Related posts

Leave a Comment

VOM News

FREE
VIEW