ပုဂံရှေးဟောင်းဇုန်ထဲမှာ လက်နက်တွေနဲ့အတူ လူ၂ယောက်ဖမ်းဆီးခံရ

ဇန်နဝါရီ ၂၈ – ၂၀၂၃
GG(VOM)

ပုဂံရှေးဟောင်းဇုန်ထဲမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အမျိုးသား ၂ ယောက် ဖမ်းဆီးခံရမှု မနေ့ ဇန်နဝါရီ ၂၇ရက် မနက်အစောပိုင်းက ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းမိတဲ့လက်နက်တွေကတော့ MA16 သေနတ် ၁ လက်၊ကျည်အိမ် (၁၁)ခု၊ ၄၀ မမ ဗုံးပစ်လောင်ချာ (၁)လက်၊ ၆၀ မမခွင်းဗုံး ဗုံးသီး (၁၇)လုံး၊ MA7 ဗုံးသီးပစ်လက်လုပ်စိန် ပြောင်း (၂)လက်(နောက်ပိတ်မပါ)၊ ဒေါက် (၁)ခု၊ ပြောင်းလည်စီးကွင်း (၁)ခု၊ ၁၂ ဗို့ကျည် (၇၀၀)တောင့်၊ THAI ARMS 9mm ကျည် (၁၀၅၀)တောင့် Rai 11 Auto 45 ကျည် (၅၀၀)တောင့်၊ 9mm Luger ကျည် (၂၅၀)တောင့်၊ 5.56 mm ကျည်(၃၁၈၀)တောင့်တွေ ဖြစ်တယ်လို့ သိရပါတယ်။

” မနေ့က မနက်အစောပိုင်းမှာ သူတို့သတင်းရလို့ဆိုပြီး စောင့်ဖမ်းတော့ တွေ့တာလို့သိရတယ်၊ ကားနောက်ခန်းကြမ်းပြင်အောက်မှာဝှက်လာတာ ဆိုတော့ အတွင်းသတင်းပေးရှိလို့သာ မိတာပေါ့ “လို့ ပုဂံဒေသခံတဦးကပြောပါတယ်။

​မနေ့က ဇန်နဝါရီ၂၇ ရက်နေ့က အာနန္ဒာဘုရားအနီး ၊ ညောင်ဦး- ပုဂံ-ချောက်သွားကားလမ်းမှာ မောင်းနှင်လာတဲ့ Light Truck ကားပေါ်ကနေ လက်နက်တွေဖမ်းမိတာဖြစ်တယ်လို့သိရပါတယ်။

လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်ဖြစ်တဲ့ အသက် ၂၇ နှစ် နဲ့ အသက် ၃၈ နှစ် အမျိုးသား(၂)ဦးဖြစ်ပြီး လက်ရှိမှာသက်ဆိုင်ရာနယ်မြေရဲစခန်းက ဖမ်းဆီးစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။

ပုဂံဒေသမှာ အခုလိုလက်နက်တွေဖမ်းမိတာ ပထမဆုံးဖြစ်စဥ်ဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။

#voiceofmyanmar #VOM #ပုဂံ #လက်နက်ခဲယမ်းတွေ #ဖမ်းဆီးရမိ

Related posts

Leave a Comment

VOM News

FREE
VIEW