ရန်ကုန်မှာ တစ်လအတွင်း မီး(၄၅)ကြိမ်လောင်ပြီး (၄)ဦးသေဆုံး၊ မီးသတ်တပ်ဖွဲ့နဲ့ပရဟိတအချို့ ဒဏ်ရာရ

ဇန်နဝါရီ ၃၁-၂၀၂၃
KK(VOM)

ရန်ကုန်တိုင်းမှာ ဇန်နဝါရီလအတွင်း မီးလောင်မှု(၄၅)ကြိမ်ဖြစ်ခဲ့ပြီး လူ (၄)ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

မီးလောင်ခဲ့တဲ့နေရာတွေကတော့ ထန်းတပင်၊သယ်န်းကျွန်း ၊မှော်ဘီ ၊လှိုင်သာယာ၊ကမာရွတ် ၊ရွှေပြည်သာ၊မဂ်လာတောင်ညွန့်၊တိုက်ကြီး ၊ဒဂုံအရှေ၊လှည်းကူးမဂ်လာဒုံ၊တောင်ဒဂုံ၊မြောက်ဒဂုံ၊မြောက်ဥက္ကလာ ၊ဒဂုံဆိပ်ကမ်း၊ဒဂုံအရှေ၊ဒလ၊ခရမ်း၊သန်လျင်၊ကျောက်တန်း၊ကြည့်မြင်တိုင်၊သာကေတ၊လသာ၊ဗဟန်း၊မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။

မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက”လူနေအိမ်တွေလောင်တာရှိသလို ကိုင်းတောတွေ မြက်တောတွေ လောင်တာ ကားမီးလောင်တာ သုံးကြိမ်ရှိတယ်၊ မြောက်ဒဂုံမှာလောင်တဲ့မီးက အမျိုးသားတဦးရယ် အမျိုးသမီးသုံးဦးရယ်သေတယ်၊ မီးသတ်တွေ ပရဟိတသမားတွေ ဒဏ်ရာရတာ Grand Royal စက်ရုံနဲ့ စိန်ဂေဟာမှာ”လို့ ပြောပါတယ်။

မီးလောင်မှု(၄၅)ကြိမ်မှာ နေအိမ်မီးလောင်မှု(၂၆)ကြိမ်၊ ကိုင်းတောနဲ့မြက်တောမီးလောင်မှု(၁၆)ကြိမ်နဲ့ ကားမီးလောင်မှု(၃)ကြိမ်ဖြစ်ပြီး ကားမီးလောင်ခဲ့တဲ့မြို့နယ်တွေကတော့ ကမာရွတ်မြို့နယ်တောင်ဒဂုံနဲ့မဂ်လာဒုံမြို့နယ်တွေပဲဖြစ်ပြီး သေဆုံးထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်းမီးလောင်မှု(၂၂၄)ကြိမ်ဖြစ်ပွားခဲ့ပြီး(၇)ဦးသေဆုံးကာ (၂၂)ဦးဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

VOM လက်လှမ်းမီသမျှ စုဆောင်းရတဲ့ သတင်းအချက်အလက်များသာဖြစ်ပြီး ကျန်တဲ့ဖြစ်စဉ်များ ရှိနေနိုင်ပါသေးတယ်။

#voiceofmyanmar #VOM #ရန်ကုန် #တလအတွင်းမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW