တရုတ်သူလျှိုမိုးပျံပူပေါင်းကြောင့် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးရဲ့ တရုတ်ခရီးစဉ်ကို ရုတ်တရက်ဖျက်သိမ်း

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံအပေါ်ကို တရုတ်နိုင်ငံရဲ့ သူလျှိုမိုးပျံပူပေါင်းဖြတ်သန်းပျံသန်းတဲ့ကိစ္စဟာ လုံး၀လက်ခံဖွယ်မရှိဘဲ တာ၀န်မဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ပြောပါတယ်။

ဒီကိစ္စကြောင့် နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က သူ့ရဲ့တရုတ်နိုင်ငံခရီးစဉ်ကို ရုတ်တရက်ဖျက်သိမ်းလိုက်ပါတယ်။

အဲဒီမိုးပျံပူပေါင်းဟာ ရာသီဥတုစောင့်ကြည့်ရေးအတွက် ဖြစ်တယ်လို့ တရုတ်ဘက်ကပြောဆိုထားပါတယ်။

သောကြာနေ့နှောင်းပိုင်းမှာတော့ လက်တင်အမေရိကဒေသမှာ ဖြတ်ပျံနေတဲ့ ဒုတိယမြောက် တရုတ်သူလျှိုမိုးပျံပူပေါင်းကို တွေ့ရှိခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ပြန်ပါတယ်။

တရုတ်နိုင်ငံရဲ့ အခုလိုလုပ်ရပ်ကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။

လက်တင်အမေရိကကို ဖြတ်သွားနေတဲ့ မိုးပျံပူပေါင်းတလုံး သတင်းကို သိထားရပြီး ဒါဟာနောက်ထပ် တရုတ်သူလျှိုမိုးပျံပူပေါင်းတခုလို့ အကဲဖြတ်ကြောင်း ပင်တဂွန်ကပြောပါတယ်။

တရုတ်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ ဒေသတွင်းလုံခြုံရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ အခြားကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် ဖေဖော်ဝါရီ ၅ ရက်နဲ့ ၆ ရက်တို့မှာ တရုတ်နိုင်ငံသွားဖို့ စီစဉ်ထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW