ပြင်ဦးလွင် အနီးစခန်းနားမှာ မောင်းလာတဲ့ ကားပေါ် သစ်ကိုင်းကျိုးကျပြီး ကားသမားသေဆုံး

ဖေဖော်ဝါရီ ၅-၂၀၂၃
GG(VOM)

ပြင်ဦးလွင်မြို့၊ အနီးစခန်းလေယာဥ်ကွင်းနားမှာ
မောင်းနေတဲ့ ခွေးဘီလူးကားပေါ် သစ်ကိုင်းကျိူးကျလို့ ယာဥ်မောင်းဖြစ်သူ နေရာမှာပဲ သေဆုံးခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ဖေဖော်ဝါရီ ၅ ရက် မနက် ၁၀ နာရီလောက်မှာ ကားက ပြင်ဦးလွင်ကနေ ပြန်လာချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး သစ်ကိုင်းက ကားခေါင်းကိုဖောက်ထွက်ကာ ယာဥ်မောင်းကို ထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“သစ်ကိုင်းက ကားပေါ်တည့်တည့်ကျိုးကျတာမဟုတ်ဘူး သစ်ကိုင်းကျိုးကျတဲ့အချိန် ကားကဝင်ဆောင့်တဲ့သဘော၊ယာဥ်မောင်းသေတယ်။သစ်ကိုင်းက ကားခေါင်းကိုဖောက်ပြီး ယာဥ်မောင်းဗိုက်ကိုသွားထိုးတာ”လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ တုသိတာအခမဲ့လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။

အဲ့ဒီကားဟာ ပုသိမ်ကြီးမြို့နယ် ကျောက်မီးရွာက ဖြစ်ပြီး ကားပေါ်မှာ သေဆုံးသူရဲ့သမီးနဲ့ မြေးဖြစ်သူတို့ပါရှိကြောင်း သူတို့ကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

သေဆုံးသူကိုတော့ ပြင်ဦးလွင်ဆေးရုံကိုပို့ဆောင်ပေးခဲ့ကြောင်း၊ပြင်ဦးလွင်မှာ အခုလိုသစ်ကိုင်းကျိုးကျမှုကြောင့် ယာဥ်ပေါ်ပါလူသေဆုံးမှုဖြစ်ပွားတာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြင်ဦးလွင် #ကားပေါ်သစ်ကိုင်းကျ #ယာဥ်မောင်းသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW