တူရကီနဲ့ ဆီးရီးယားမှာ အင်အားပြင်းငလျင်ကြောင့် လူ ၅၀၀ ကျော်သေဆုံးဖွယ်ရှိ

အန်ကာရာ၊ ဖေဖော်ဝါရီ-၆-၂၀၂၃
မျိုးဆက်(VOM)

တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် လူရာပေါင်းများစွာ သေဆုံးပြီး ရာနဲ့ချီဒဏ်ရာရရှိမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးမှာ ရာနဲ့ချီတဲ့ အဆောက်အအုံတွေပြိုကျခဲ့ပြီးနောက် အသက်ရှင်ကျန်သူတွေကို ကယ်ဆယ်ဖို့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြပါတယ်။

အင်အား ၇ ဒသမ ၈ အဆင့်ရှိမြေငလျင်ဟာ ဂါဇီယာတက်ပ်မြို့အနီး မြေအောက်အနက် ၁၁ မိုင်ကို ဗဟိုပြုလုပ်ခတ်ခဲ့တာလို့ အမေရိကန်ဘူမိတိုင်းတာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ငလျင်ကြောင့် လက်ရှိမှာ သေဆုံးသူ ၁၀၀ ကျော်ထိရှိနေပြီး လူ ၅၀၀ ကျော်ဆုံးနိုင်ဖွယ်ရှိကြောင်း တူရကီနဲ့ ဆီးရီးယားတာ၀န်ရှိသူတွေက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုဒဏ်ကို တူရကီနဲ့ ဆီးရီးယားအပြင် လက်ဘနွန်၊ ဆိုက်ပရပ်နဲ့ အစ္စရေးတို့ပါ ခံစားခဲ့ရပြီး တူရကီမှာတော့ အကြီးအကျယ်ထိခိုက်ခဲ့ကာ မြို့ကြီးငါးမြို့မှာ အပြင်းအထန်လှုပ်ခတ်ခဲ့ပါတယ်။

တူရကီဟာ ကမ္ဘာ့လှုပ်ရှားမှုအရှိဆုံး ငလျင်ကြောမှာတည်ရှိပြီး ၁၉၉၉ ခုနှစ်ကလည်း နိုင်ငံအနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လူ ၁၇၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #အန်ကာရာ

Related posts

Leave a Comment

VOM News

FREE
VIEW