တရားမ၀င်မြန်မာလုပ်သား ၃၃ ဦးနဲ့ ပွဲစားသုံးဦးကို ထိုင်းအာဏာပိုင်တွေဖမ်းဆီး

ဘန်ကောက်၊ ဖေဖော်ဝါရီ-၈-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ ဘန်ကလမ်ခရိုင်ရှိ စွန့်ပစ်ဂိုထောင်တခုထဲကနေ တရားမ၀င် ရွှေ့ပြောင်းမြန်မာလုပ်သား ၃၃ ဦးနဲ့ ပွဲစားသုံးဦးကို ထိုင်းအာဏာပိုင်တွေက ဒီနေ့မနက်မှာ ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းမိသူတွေထဲမှာ အသက် ၂၀ နှစ်ကနေ ၂၅ နှစ်အရွယ် အမျိုးသားနဲ့အမျိုးသမီးတွေပါ၀င်ပြီး ၁၁ ဦးကတော့ တာ၀န်ရှိသူတွေ ဂိုထောင်ကို၀င်ရောက်စီးနှင်းပြီး များမကြာခင်မှာ ဗင်ကားတစီးနဲ့ ရောက်လာသူတွေဖြစ်ပါတယ်။

မြန်မာပွဲစားနှစ်ဦးဖြစ်တဲ့ သန့်စင်ထွန်း ၃၄ နှစ်နဲ့ အောင်ကန်သာ ၃၄ နှစ်တို့ကိုလည်း ဖမ်းမိခဲ့တဲ့အပြင် ဗင်ကားနဲ့ နောက်ထပ်ရောက်လာတဲ့ ထိုင်းလူပွဲစား ပရာဆက် ၄၈ နှစ်ကိုလည်း ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

တရားမ၀င်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ တောလမ်းခရီးကနေ ထိုင်းနိုင်ငံ ပရာချော့ခီရီခန်းကို ၀င်ရောက်လာခဲ့ကြပြီး မလေးရှားမှာ အလုပ်ရဖို့အတွက် ပွဲစားတွေကို အလုပ်သမားတဦးစီအတွက် ဘတ် ၄၅၀၀၀ ပေးရတယ်လို့ ထွက်ဆိုထားကြပါတယ်။

Ref: Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW