ထိုင်းက Work Permit သက်တမ်းကုန် မြန်မာလုပ်သားတွေကို မေလအထိ နေထိုင်ခွင့်ပြုမယ်

ဖေဖော်ဝါရီ ၁၄ – ၂၀၂၃
GG(VOM)

ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့​ Work permit အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန် မြန်မာလုပ်သားတွေကို လာမယ့် မေလအထိ နေထိုင်ခွင့်ပြုပေးသွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီနေ့ဖေဖော်ဝါရီ ၁၄ ရက်မှာ အသိပေးလိုက်ပါတယ်။

သက်တမ်းကုန်အလုပ်သမားတွေအနေနဲ့ နေထိုင်ထိုင်ခွင့်ပြုထားတဲ့ကာလအတွင်း အလုပ်အကိုင်အသစ်ရရှိဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့အတူ အလုပ်လုပ်ကိုင်ခွင့်၊နေထိုင်ခွင့် လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

” ဒီမှာ အလုပ်လုပ်နေတဲ့ PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအထဲက မနေ့က၁၃ရက်နေ့မှာ Work Permit ကုန်သူတွေကို ၅လပိုင်း၁၅ရက်နေ့အထိနေခွင့်ပြုတာပါ၊ အဲ့ဒီကာလတော့ စာရွက်အပြည့်စုံနဲ့လျှောက်ရမှာပေါ့ ” လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ကိုဇော်ဝေယံကပြောပါတယ်။

အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့်လျှောက်လာသူတွေထဲကမှ သတ်မှတ်ချက်ပြည့်စုံသူတွေကို အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်အဖြစ် လာမယ့် ၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ ဒါမှမဟုတ်၂၀၂၅ ဖေဖော်ဝါရီလ အထိ ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ သံရုံးထုတ်ပြန်မှုအရ သိရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း သက်တမ်းကုန် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေကို မြန်မာသံရုံး (ဗန်ကောက်မြို့)၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်မြို့)မှာ ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

အခုလို ခွင့်ပြုနိုင်ဖို့အတွက် ထိုင်းအစိုးရအဖွဲ့နဲ့ မြန်မာသံရုံး ဘန်ကောက်က တာဝန်ရှိသူဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်ကိစ္စကို ဖေဖော်ဝါရီ ၇ ရက်နေ့က ဆွေးနွေးမှုအရ အတည်ပြုဆုံးဖြတ်နိုင်ခဲ့တာဖြစ်တယ်လို့
သံရုံးဘက်ကသိရပါတယ်။

CI(မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်)စခန်း ၄ ခုရဲ့ သက်တမ်းကိုလည်း မေလ ၁၃ ရက်အထိ ထပ်မံတိုးမြှင့်ပေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထိုင်း #WorkPermitသက်တမ်းကုန်မြန်မာလုပ်သား
#မေလအထိနေခွင့်ပြုမယ်

Related posts

Leave a Comment

VOM News

FREE
VIEW