ရပ်နားခဲ့ရတဲ့ ပြည်တွင်း SKD စနစ် ကားထုတ်လုပ်မှု ပိုပြီးခွင့်ပြုသွားဖို့ရှိ

ဖေဖော်ဝါရီ ၁၅ – ၂၀၂၃
GG(VOM)

ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ SKD(ပြည်ပကနေ ကားအစိတ်အပိုင်းအားလုံးကို တင်သွင်းပြီး ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်ခြင်း)စနစ် ကား ထုတ်လုပ်မှုကို ခုနှစ်ထဲမှာ ပိုပြီးခွင့်ပြုသွားဖို့ ရှိတယ်လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA)ကနေ သိရပါတယ်။

SKD စနစ် ကားထုတ်လုပ်မှုကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိူင်ကစပြီး ရပ်နားခဲ့တာဖြစ်ကြောင်း၊လက်ရှိမှာလုပ်ငန်းတွေပြန်လည်ပတ်ဖို့ ဆောင်ရွက်နေပြီဖြစ်တယ်လို့သိရပါတယ်။

” SKD ပြည်တွင်းတပ်ဆင်ထုတ်လုပ်မှုကို ဆက်လက်ခွင့်ပြုထားပါတယ်၊အချိန်တခုမှာ ခဏရပ်လိုက်ရလို့ ပြန်လည်လည်ပတ်ပိုဖို့ ဆောင်ရွက်နေရပါတယ်၊ အရင်ထုတ်လုပ်မှု (၃)နှစ်စာရဲ့ ၅၀%ကို မတ်လအကုန်အထိခွင့်ပြုခဲ့ပါတယ်”လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူတဦးကပြောပါတယ်။

Suzuki နဲ့ Hyundaiတို့လို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တပ်ဆင်တဲ့လုပ်ငန်းတွေအနေနဲ့ကတော့ ဒေါ်လာငွေစျေးနူန်း ညီမျှမှုအချိန်မှသာ လည်ပတ်လို့ရမယ့် အခြေအနေဖြစ်နေတာတွေ့ရတယ်လို့ သိရပါတယ်။

China Brands ထုတ်လုပ်သူတွေကတော့ အရင်လို ပေါက်စျေးအတိုင်းရောင်းရင် စျေးကွက်ဝေစုကို ပိုပြီးရှိနိုင်သလို ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းလည်းရရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

SKD စနစ် ကားထုတ်မှုကို ပြီးခဲ့တဲ့နှစ် ဇူလိူင်လကစပြီး ယာဥ်အပိုပစ္စည်းတင်သွင်းခွင့်မရလို့ လုပ်ငန်းတွေရပ်နားခဲ့ရပြီး ပြည်တွင်းထုတ်လုပ်မှုရပ်နားခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #SKDစနစ် #ကားထုတ်လုပ်မှု #ပိုပြီးခွင့်ပြုသွားဖို့ရှိနေ

Related posts

Leave a Comment

VOM News

FREE
VIEW