တဦးပိုင်YBS ယာဥ်လိုင်းတွေ အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းပါက ကားပြေးဆွဲခွင့်ပိတ်မယ်

ဖေဖော်ဝါရီ ၁၆ – ၂၀၂၄
GG(VOM)

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေတဲ့ ပိုင်ရှင်တဦးတည်းပိုင်ဆိုင်တဲ့ (တဦးပိုင် YBS)ယာဉ်အားလုံး အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမှသာ ကားပြေးဆွဲခွင့်ပြုမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC ကနေ သိရပါတယ်။

ဒါကြောင့် တဦးပိုင်ယာဥ်လိုင်းတွေအနေနဲ့
လာမယ့် မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းဖို့လိုအပ်ကြောင်း၊ အများပိုင်ကုမ္ပဏီအောက်ကို မပြောင်းပါက ကားပြေးဆွဲခွင့်ပိတ်မှာဖြစ်တယ်လို့ သိရပါတယ်။

“အရင်ကတည်းက YBS စတင်ကတည်းက ညွှန်ကြားထားတာ၊တဦးချင်ပိုင် ယာဥ်ပိုင်ရှင်တွေက ယာဥ်မောင်းကို ပုဒ်ပြတ်စနစ်နဲ့မောင်းခိုင်းတာကြောင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းချိုးဖောက်တာတွေကြောင့် အခုလိုလုပ်လိုက်တာပါ၊ အများပိုင်မပြောင်းရင် ပြေးဆွဲခွင့်ပိတ်မှာပါ”လို့ YRTC က တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးလျန်ကျင့်မန်က ပြောပါတယ် ။

တဦးပိုင် YBS ယာဥ်လိုင်းတွေဟာ လမ်းပြောင်းပြန်မောင်းတာတွေ၊ကားချင်းပြိုင်မောင်းတာ၊လုမောင်းတာ၊ ကျော်တက်တာတွေလုပ်တဲ့အ​ပြင် စပါယ်ယာတင်ပြီး ယာဥ်စီးခကောက်တာတွေပါ လုပ်နေတာကြောင့် တဦးပိုင်တွေကို အများပိုင်အဖြစ်ပြောင်းဖို့စီစဥ်တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ YBS ယာဥ်လိုင်းတွေထဲမှာ တဦးပိုင်ယာဥ်က အစီးရေ ၁၀၀၀ နီးပါးလောက်ရှိသေးတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းထဲမှာတော့ YBS ယာဉ်လိုင်း ၁၀၀ ကျော်က ကားအစီးရေ ၃၀၀၀ ကျော်နဲ့ နေ့စဉ်ပြေးဆွဲနေပြီး တရက်ကို YBS စီးနင်းတဲ့ ခရီးသွားပြည်သူ ၁၃ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တဦးပိုင်YBS #အများပိုင်းကုမ္ပဏီမပြောင်းရင် #ပြေးဆွဲခွင့်ပိတ်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW