မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ မီးလောင်မှု ဖြစ်ပွါးပြီး အမျိုးသမီးတဦး မီးလောင်သေဆုံးခဲ့

ဖေဖော်ဝါရီ ၁၆-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊အကွက်(၂၅၅)၊ ၃၀x၃၀ Aလမ်း၊ ၈၉ × ၉၀ လမ်းကြားမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၆ရက် ညနေ ၆နာရီခန့်က မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီးတဦး မီးလောင်သေဆုံးခဲ့တယ်လို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “မီးက မများသင့်ဘဲ များသွားသလိုဖြစ်သွားတာ၊ ဖြစ်ဖြစ်ချင်းတုန်းက ကျိတ်ငြိမ်းနေကြတယ် ထင်တာပဲ၊ မီးများလာတာကို ရပ်ကွက်ကသိမှ မီးသတ်ကားကို ရပ်ကွက်ထဲကလူတယောက်က ပြေးခေါ်ရတာ၊ ကျောက်ဆစ်မီးသတ်စခန်းနဲ့နီးတော့ တော်သေးတာပေါ့”လို့ မီးလောင်မှုဖြစ်ခဲ့တဲ့ ရပ်ကွက်အတွင်းနေထိုင်သူတဦးကပြောပါတယ်။ မီးလောင်မှုကို Level-2အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ပြီး အသက်(၅၀)ခန့်အရွယ် အမျိုးသမီးတဦးကို မီးလောင်ပြင်အတွင်း သေဆုံးနေတာကို မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက ရှာဖွေတွေ့ရှိခဲ့ပြီး မန္တလေးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ မီးစလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာန တွက်ချက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။…

Read More

ပနားမားမှာ ဘတ်စ်ကားတစီး ချောက်ထဲပြုတ်ကျလို့ ရွှေ့ပြောင်းဒုက္ခသည် (၄၀)ဦး သေဆုံး

ပနားမားစီးတီး၊ ဖေဖော်ဝါရီ-၁၆-၂၀၂၃ မျိုးဆက်(VOM) ပနားမားနိုင်ငံမှာ ရွှေ့ပြောင်းဒုက္ခသည်တွေလိုက်ပါလာတဲ့ ဘတ်စ်ကားတစီး ချောက်ထဲကို ပြုတ်ကျတိမ်းမှောက်မှုကြောင့် လူ (၄၀)ဦးသေဆုံးသွားတယ်လို့ တာ၀န်ရှိသူတွေက မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောပါတယ်။ ဘတ်စ်ကားဟာ နိုင်ငံမြောက်ပိုင်းကို ဦးတည်မောင်းနှင်ခဲ့ပြီး ကော်စတာရီကာနယ်စပ်အနီးမှာ လမ်းလွဲသွားပြီးနောက် ပြန်လှည့်ဖို့ယာဉ်မောင်းက ကြိုးစားစဉ် ချောက်ထဲကို ပြုတ်ကျတိမ်းမှောက်သွားတာဖြစ်ပါတယ်။ ဘတ်စ်ကားပေါ်မှာ လူ ၆၆ ဦးလိုက်ပါလာပြီး ဒဏ်ရာရရှိသူ ၂၀ ဦးကို ဆေးရုံတင်ထားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ သေဆုံးသူတွေဟာ ဘယ်နိုင်ငံသားတွေဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ဒီမတော်တဆမှုဟာ ပနားမားနိုင်ငံမှာ ရွှေ့ပြောင်းဒုက္ခသည် အသေအပျောက်အများဆုံးဖြစ်ရပ် တခုလို့တာ၀န်ရှိသူတွေကပြောပါတယ်။ သေဆုံးသူတွေအတွက် လွန်စွာ၀မ်းနည်းကြေကွဲကြောင်း ပနားမားသမ္မတက ထုတ်ဖော်ပြောဆိုထားပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်း ပနားမားကို ဖြတ်ကျော်၀င်ရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၂၄၈၀၀၀ ဦးထိစံချိန်တင်ခဲ့ပြီး အများစုကတော့ ဗင်နီဇွဲလားနိုင်ငံသားများဖြစ်ကာ ဟေတီနဲ့ ကျူးဘားနိုင်ငံသားတွေလည်း ပါ၀င်ပါတယ်။ Ref:BBC #voiceofmyanmar #VOM…

Read More

တဦးပိုင်YBS ယာဥ်လိုင်းတွေ အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းပါက ကားပြေးဆွဲခွင့်ပိတ်မယ်

ဖေဖော်ဝါရီ ၁၆ – ၂၀၂၄ GG(VOM) ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေတဲ့ ပိုင်ရှင်တဦးတည်းပိုင်ဆိုင်တဲ့ (တဦးပိုင် YBS)ယာဉ်အားလုံး အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမှသာ ကားပြေးဆွဲခွင့်ပြုမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC ကနေ သိရပါတယ်။ ဒါကြောင့် တဦးပိုင်ယာဥ်လိုင်းတွေအနေနဲ့ လာမယ့် မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းဖို့လိုအပ်ကြောင်း၊ အများပိုင်ကုမ္ပဏီအောက်ကို မပြောင်းပါက ကားပြေးဆွဲခွင့်ပိတ်မှာဖြစ်တယ်လို့ သိရပါတယ်။ “အရင်ကတည်းက YBS စတင်ကတည်းက ညွှန်ကြားထားတာ၊တဦးချင်ပိုင် ယာဥ်ပိုင်ရှင်တွေက ယာဥ်မောင်းကို ပုဒ်ပြတ်စနစ်နဲ့မောင်းခိုင်းတာကြောင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းချိုးဖောက်တာတွေကြောင့် အခုလိုလုပ်လိုက်တာပါ၊ အများပိုင်မပြောင်းရင် ပြေးဆွဲခွင့်ပိတ်မှာပါ”လို့ YRTC က တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးလျန်ကျင့်မန်က ပြောပါတယ် ။ တဦးပိုင် YBS ယာဥ်လိုင်းတွေဟာ လမ်းပြောင်းပြန်မောင်းတာတွေ၊ကားချင်းပြိုင်မောင်းတာ၊လုမောင်းတာ၊ ကျော်တက်တာတွေလုပ်တဲ့အ​ပြင် စပါယ်ယာတင်ပြီး ယာဥ်စီးခကောက်တာတွေပါ လုပ်နေတာကြောင့် တဦးပိုင်တွေကို အများပိုင်အဖြစ်ပြောင်းဖို့စီစဥ်တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ YBS…

Read More

ထိုင်းနိုင်ငံမှာ အလုပ်ရှာပွဲစားကို သတ်တဲ့ မြန်မာလုပ်သားလူငယ်(၄)ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီ၊၁၆-၂၀၂၃ MM(VOM) ထိုင်းနိုင်ငံ၊ ဆမွတ်ပရကန်ခရိုင်မှာ မြန်မာလုပ်သား လူငယ် ၄ ယောက်ကို အလုပ်ရှာပေးတဲ့ပွဲစား အသတ်ရတဲ့ကိစ္စနဲ့ ဖမ်းဆီးလိုက်တယ်လို့အလုပ်သမား အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။ သူတို့ ၄ ယောက်ကို မနေ့ ဖေဖော်ဝါရီ ၁၅ ရက်က ထိုင်းနိုင်ငံ၊ဆမွတ်ပရကန်ခရိုင်၊ ပန်ပူမြို့နယ်နဲ့ ရယောင်းခရိုင်မှာ ကြီးကြပ်ရေးမှူးဝန်ကြီးဌာန ထိုင်းရဲဖွဲ့က ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။ ”သူတို့ ၄ ယောက်ကို အလုပ်ရှာပေးမယ်ဆိုပြီး အခု အသတ်ခံရတဲ့သူက ပိုက်ဆံယူထားတာတဲ့ ၊ ၁၅ ရက် လောက်ကြာလာတဲ့အထိ အလုပ်ရှာမပေးဘဲရှောင်နေလို့ ပိုက်ဆံသွားပြန်တောင်းတာ၊ ပိုက်ဆံသွားပြန်တောင်းတဲ့အခါ စကားတွေများရင်း သတ်လိုက်တာတဲ့။”လို့ ရွှေ ပြောင်း လုပ်သားတွေကို ကူညီပေးနေတဲ့ ကိုသက်ပိုင်က ပြောပါတယ်။ အဲ့ဒီလူသတ်မှုနဲ့ အဖမ်းခံရတဲ့ မြန်မာလုပ်သား အမျိုးသား လူငယ် ၄ ယောက်ဟာ အသက် ၂၄ နှစ် အရွယ်…

Read More

ဒေသတွင်း တရုတ်နဲ့တင်းမာနေချိန် အမေရိကန်နဲ့အကြီးစား စစ်ရေးလေ့ကျင့်မယ်လို့ ဖိလစ်ပိုင်စစ်တပ် ထုတ်ပြန်

မနီလာ၊ ဖေဖော်ဝါရီ-၁၆-၂၀၂၃ မျိုးဆက်(VOM) တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒေသတွင်းတင်းမာမှုတွေမြင့်တက်နေချိန်မှာ အမေရိကန်နဲ့ဖိလစ်ပိုင်စစ်တပ်တို့ဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း အကြီးစားစစ်ရေးလေ့ကျင့်မှုပြုလုပ်မယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။ သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာလက်ထက်မှာ အမေရိကန်နဲ့ဖိလစ်ပိုင်တို့အကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာခဲ့ပြီး အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုတွေ အခိုင်အမာတောင်းဆိုထားတဲ့ တရုတ်ကို ဖိလစ်ပိုင်က ရှုတ်ချပြောဆိုထားပါတယ်။ နှစ်စဉ်ကျင်းပတဲ့ Balikatan စစ်ရေးလေ့ကျင့်မှုကို ဒုတိယသုံးလပတ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ယခင်နှစ်က တပ်ဖွဲ့၀င် ၈၉၀၀ ထက်ပိုမိုပါ၀င်မယ်လို့ ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ရိုမီယိုဘရူနာက ပြောပါတယ်။ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာအပြင် ဖိလစ်ပိုင်သင်္ဘောတစင်းကို တရုတ်စစ်သင်္ဘောက လေဆာနဲ့ထိုးတဲ့ဖြစ်စဉ်ကြောင့် တရုတ်သံအမတ်ကြီးကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ဖိလစ်ပိုင်သမ္မတမားကို့စ်က ဆင့်ခေါ်ကန့်ကွက်ခဲ့ပါတယ်။ အမေရိကန်အနေဖြင့် ဖိလစ်ပိုင်စစ်တပ်နဲ့အတူ ကာကွယ်ရေးစွည်းရည်မြှင့်တင်ဖို့အတွက် စည်းမျဉ်းတွေကိုအခြေခံတဲ့ နိုင်ငံတကာဥပဒေတွေအတိုင်း လုပ်ဆောင်သွားမယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ထားပါတယ်။ Ref: Reuters Photo:Reuters #voiceofmyanmar #VOM #မနီလာ

Read More

တရုတ်မှာ ဆေးဘက်ဆိုင်ရာခံစားခွင့်တွေ ဖြတ်တောက်လိုက်တဲ့အပေါ် ဆန္ဒပြမှုတွေဖြစ်ပွား

ပေကျင်း၊ ဖေဖော်ဝါရီ-၁၆-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ အငြိမ်းစားယူသူတွေရဲ့ ဆေးဘက်ဆိုင်ရာအကျိုးခံစားခွင့်တွေကို ဖြတ်တောက်လိုက်တဲ့အပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ဖေဖော်ဝါရီ ၁၆ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။ အငြိမ်းစားယူထားတဲ့ သက်ကြီးရွယ်အိုတွေဟာ ကိုဗစ်၁-၉ ရောဂါပထမဆုံးတွေ့ရှိခဲ့တဲ့ ဝူဟန်မြို့မှာ ဒုတိယအကြိမ်မြောက် စုဝေးဆန္ဒပြခဲ့ကြပြီး အရှေ့မြောက်ဘက် တာလီယန်မြို့မှာလည်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြမှုတွေဟာ တရုတ်ပြည်လုံးဆိုင်ရာ ပြည့်သူ့ကွန်ဂရက်အစည်းအဝေးမတိုင်မီ တရုတ်အစိုးရကို ဖိအားပေးဖို့ တပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အစိုးရထံကနေ ပြန်လည်တောင်းခံနိုင်တဲ့ ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်များကို ဖြတ်တောက်လိုက်ခြင်း ကြောင့် အငြိမ်းစားတွေဟာ ဝူဟန်မြို့မှာ ဖေဖော်ဝါရီ ၈ ရက်ကတည်းက ဆန္ဒပြမှုတွေ စတင်ခဲ့ကြောင်း ပြည်နယ်တာ၀န်ရှိသူတွေကပြောပါတယ်။ လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း တရုတ်အစိုးရရဲ့ ကိုဗစ်ကူးစက်မှုလုံး၀မရှိစေရေး တင်းကြပ်တဲ့ မူဝါဒကို တရုတ်လူငယ် ထောင်ပေါင်းများစွာက အစိုးရကို ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ Ref:BBC #voiceofmyanmar #VOM #ပေကျင်း

Read More

နိုင်ငံခြားသား ခရီးသွားတွေ နယ်မြေမအေးချမ်းတဲ့ နေရာအများစုကို သွားရောက်လည်ပတ်လို့မရသေး

ဖေဖော်ဝါရီ ၁၆ – ၂၀၂၃ GG(VOM) မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ ပြည်ပနိုင်ငံခြားခရီးသွားဧည့်သည်တွေအနေနဲ့ နယ်မြေအေးချမ်းမှုမရှိသေးတဲ့ ကချင်၊ကရင်၊ချင်း၊စစ်ကိုင်းတိုင်း၊ရှမ်းပြည်နယ်က နေရာအချို့၊မကွေးကမြို့နယ်အချို့၊ တနင်္သာရီတိုင်း စတဲ့နေရာတွေကို ခရီးစဥ်ပြေးဆွဲတာမရှိလို့ ပြည်ပခရီးသွားတွေ သွားရောက်လည်ပတ်လို့မရသေးဘူးလို့ သိရပါတယ်။ ရန်ကုန်အပါအဝင် ၊ ကျိုက်ထီးရိုး၊ပုဂံဒေသ၊မန္တလေး၊ပြင်ဦးလွင်နဲ့ အင်းလေးဒေသ၊ ကမ်းခြေ တွေကိုသာ လည်ပတ်လို့ရသေးတယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။ “နိုင်ငံရေးအရ မတည်ငြိမ်သေးတဲ့နေရာတွေကို ခရီးသွားလုပ်ငန်းတွေကလည်း ခရီးစဥ်တွေမဆွဲပါဘူး၊ရပ်ထားကြတယ်၊ခရီးသွားတွေကလည်း ပုဂံသွားတယ်၊ကမ်းခြေသွားတယ်၊ကျိုက်ထီးရိုသွားတယ်၊ရှမ်းဘက်ဆိုရင် အင်းလေးဒေသသွားကြတယ်၊သီပေါဘက်တွေတော့မပါဘူး”လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးကပြောပါတယ်။ လက်ရှိမှာ ပြည်တွင်းကို အလည်အပတ်ခရီးစဥ်အဖြစ်ဝင်ရောက်လာတဲ့ ပြည်ပခရီးသွားဧည့်သည်တွေအတွက် ဘေးကင်းလုံခြုံရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စောင့်ရှောက်ပေးတာတွေပြုလုပ်ပေးနေတယ်လို့သိရပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းတွေအနေနဲ့လည်း ပြည်ပခရီးသွားဧည့်သည်အရေအတွက်နဲ့သွားရောက်မယ့် ခရီးစဥ်ဒေသ၊နေထိုင်မယ့် ကြာချိန်တွေကို အချိန်တပတ်ကြိုပြီးတင်ပြရတယ်လို့သိရပါတယ်။ လက်ရှိမှာ မြန်မာပြည်ကို အများဆုံးဝင်ရောက်လာနေတဲ့ ပြည်ပခရီးသွားဧည့်သည်တွေထဲမှာ ထိုင်း၊ရရှားနဲ့တရုတ်ကအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၈၊၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ၄ ဒသမ ၈…

Read More

ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့က ချီးမြှင့်မယ့် ကမ္ဘာလုံးဆိုင်ရာဆုအတွက် မြန်မာနိုင်ငံကSME လုပ်ငန်းတွေ လျှောက်ထားနိုင်

ဖေဖော်ဝါရီ ၁၆ – ၂၀၂၃ SN (VOM) ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(World Intellectual Property Organization-WIPO)က ချီးမြှင့်မယ့် ကမ္ဘာလုံးဆိုင်ရာ ဆုတံဆိပ်အတွက် ပြည်တွင်းက အသေးစားနဲ့ အလတ်စား SME လုပ်ငန်းတွေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ ဆုတံဆိပ်အတွက် လျှောက်ထားမှုတွေကို လက်ခံသွားမယ်လို့ WIPO က အဖွဲ့ဝင်နိုင်ငံတွေဆီ အသိပေး အကြောင်းကြားခဲ့ပြီး ယှဉ်ပြိုင်မှုတွေအတွက် အခု ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ လျှောက်လွှာ လက်ခံသွားမယ်လို့ သိရပါတယ်။ “ပြိုင်ပွဲက စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ ဆုအတွက် အရွေးချယ်ခံရရင် ပရိုဂရမ်တခုလည်း ရဦးမယ်ဆိုတော့ ကျွန်တော်တို့ SME တွေအတွက် အခွင့်အလမ်းတခု ရလာနိုင်မယ်လို့လည်းထင်တယ်။ ခက်ခဲမယ်ဆိုပေ‌မယ့် အခက်အခဲတွေကြုံတိုင်းမှာ အခွင့်အရေးပေါ်တယ်ဆိုသလိုပဲ၊ ဒီအခွင့်အရေးအတွက် ကြိုးစားကြည့်ဖို့ လျှောက်လွှာတင်ထားပါတယ်“လို့ မြောက်ဒဂုံမြို့နယ်က SME လုပ်ငန်းရှင်တဦးက ပြောပါတယ်။ စိစစ်ရွေးချယ်ရေးအဖွဲ့…

Read More

သေနတ်ကိုင်ခွင့်ပြုတဲ့ ထုတ်ပြန်ချက်အပေါ် ပြည်သူတွေဘာပြောလဲ

ဖေဖော်ဝါရီ ၁၆- ၂၀၂၃ GG(VOM) ပြည်သူတွေအနေနဲ့ လူတယောက်ကို သေနတ် ၃ လက်အထိ ကိုင်ဆောင်ခွင့် ပြုပေးသွားမယ်လို့ ဇန်နဝါရီလ ၃၁ ရက်နေ့စွဲနဲ့ နစက က သတင်းထုတ်ပြန် အသိပေးထားတာကို တွေ့ရပါတယ်။ အခုလို သေနတ်ကိုင်ဆောင်ခွင့်ပြုလိုက်တဲ့အပေါ် ပြည်သူတွေအနေနဲ့ ထောက်ခံသူရှိသလို စိုးရိမ်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ” သေနတ်က ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ဆောင်ထားသူတွေလက်ထဲရောက်ရင် တော်သေးတယ်၊အဲ့ဒီလိုမဟုတ်ဘဲ ခိုးဆိုးလုယက်လူမိုက်တွေလက်ထဲရောက်သွားရင် ပြည်သူတွေဒုက္ခရောက်မှာပါ။အခုတောင်ဒုက္ခတွေရောက်နေရတာပါ “လို့ ပြည်သူတဦးကပြောပါတယ်။ နစက ဘက်ကတော့ အရပ်သားပြည်သူတွေကို လိုင်စင်နဲ့ကိုင်လို့ရတဲ့ သေနတ်အမျိုးအစားတွေအထဲက ၃ လက်အထိ ကိုင်ခွင့်​ပြုပြီး အစိုးရဝန်ထမ်းတွေကို တော့ လိုင်စင်သေနတ် ၃ လက်အထိဖြစ်စေ၊ ပါမစ်သေနတ် ၁ လက်ဖြစ်စေ ကိုင်ဆောင်လို့ရတယ်လို့ထုတ်ပြန်ချက်အရ သိရပါတယ်။ နောက်ထပ် ပြည်သူတဦးကလည်း သေနတ်ကိုင်ခွင့်ပြုတဲ့အပေါ် ” ကောင်းတာ ရှိသလို မကောင်းတာလည်း ရှိပါတယ်၊တိုင်းပြည် တခုရဲ့…

Read More
VOM News

FREE
VIEW