ထိုင်းနိုင်ငံမှာ အလုပ်ရှာပွဲစားကို သတ်တဲ့ မြန်မာလုပ်သားလူငယ်(၄)ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီ၊၁၆-၂၀၂၃
MM(VOM)

ထိုင်းနိုင်ငံ၊ ဆမွတ်ပရကန်ခရိုင်မှာ မြန်မာလုပ်သား လူငယ် ၄ ယောက်ကို အလုပ်ရှာပေးတဲ့ပွဲစား အသတ်ရတဲ့ကိစ္စနဲ့ ဖမ်းဆီးလိုက်တယ်လို့အလုပ်သမား အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။

သူတို့ ၄ ယောက်ကို မနေ့ ဖေဖော်ဝါရီ ၁၅ ရက်က ထိုင်းနိုင်ငံ၊ဆမွတ်ပရကန်ခရိုင်၊ ပန်ပူမြို့နယ်နဲ့ ရယောင်းခရိုင်မှာ ကြီးကြပ်ရေးမှူးဝန်ကြီးဌာန ထိုင်းရဲဖွဲ့က ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။

”သူတို့ ၄ ယောက်ကို အလုပ်ရှာပေးမယ်ဆိုပြီး အခု အသတ်ခံရတဲ့သူက ပိုက်ဆံယူထားတာတဲ့ ၊ ၁၅ ရက် လောက်ကြာလာတဲ့အထိ အလုပ်ရှာမပေးဘဲရှောင်နေလို့ ပိုက်ဆံသွားပြန်တောင်းတာ၊ ပိုက်ဆံသွားပြန်တောင်းတဲ့အခါ စကားတွေများရင်း သတ်လိုက်တာတဲ့။”လို့ ရွှေ ပြောင်း လုပ်သားတွေကို ကူညီပေးနေတဲ့ ကိုသက်ပိုင်က ပြောပါတယ်။

အဲ့ဒီလူသတ်မှုနဲ့ အဖမ်းခံရတဲ့ မြန်မာလုပ်သား အမျိုးသား လူငယ် ၄ ယောက်ဟာ အသက် ၂၄ နှစ် အရွယ် ဆွေနှောင်၊ အသက် ၂၆ နှစ်အရွယ် ဇင်မင်းဦး၊ အသက် ၂၀ နှစ် အရွယ်လမင်း သူနဲ့ အသက် ၂၀ နှစ်အရွယ် ပိုင်သူတို့ ဖြစ်တယ်လို့ သိရပါတယ်။

အဖမ်းခံရတဲ့ အမျိုးသား(၄)ယောက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၉ နာရီခွဲက ထိုင်းနိုင်ငံ ဆမွတ်ပရကန်ခရိုင်၊ပန်ပူမြို့နယ် ကွန်ဒိုတိုက်ခန်းတစ်ခုပေါ်မှာ ဗိုလ်မိုးဟိန်း (အလုပ်ရှာဖွေရေး)က ပွဲစား (၁)ဦးကို အဝတ်စနဲ့ လက်ပြန်ကြိုးတုတ်ပြီး ပါးစပ်ကိုပိတ်ကာ ဘယ်ဖက်ရင်ဘတ်ကို ၁ ချက်၊ ကျောကို ၁ ချက် ဓားနဲ့ထိုးသတ်တာခဲ့တာလို့ သိရပါတယ်။

အဲ့ဒီ ဗိုလ်မိုးဟိန်း (အလုပ်ရှာဖွေရေး)ဆိုတဲ့သူက မြန်မာလုပ်သား ၄ ယောက်ကို အလုပ်ရှာပေးမယ်လို့ဆိုကာ ထိုင်း ဘတ်ငွေ ၁၀၅၀၀ ယူပြီး အလုပ်ရှာမပေးတာကြောင့် မြန်မာလုပ်သားတွေ ငွေပြန်လည်တောင်းယူရာမှာ စကားများရန်ဖြစ်ကြရင်း ဓားနဲ့ထိုးသတ်ခဲ့တာလို့ ရွှေပြောင်းလုပ်သားတွေကိုကူညီပေးနေတဲ့ ကိုသက်ပိုင်က ဆက်ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးထားတဲ့ မြန်မာလုပ်သား ၄ ယောက်ကို ကြီးကြပ်ရေးမှူးဝန်ကြီးဌာန ထိုင်းရဲတပ်ဖွဲ့က ထိုင်းတရားဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီ ၁၅ ရက်က ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား အသက် ၃၁ နှစ်ရှိ ခွန်သူရိန်စိုးဆိုသူ ပျောက်ဆုံးသွားလို့ မိသားစုတွေနဲ့ သူငယ်ချင်းတွေက လိုက်လံရှာဖွေတဲ့အခါ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းကို ပြန်ရှာတွေ့ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့သေးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ထိုင်း #မြန်မာလုပ်သား(၄)ဦး #လူသတ်မှု #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW