တရုတ်မှာ ဆေးဘက်ဆိုင်ရာခံစားခွင့်တွေ ဖြတ်တောက်လိုက်တဲ့အပေါ် ဆန္ဒပြမှုတွေဖြစ်ပွား

ပေကျင်း၊ ဖေဖော်ဝါရီ-၁၆-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နိုင်ငံမှာ အငြိမ်းစားယူသူတွေရဲ့ ဆေးဘက်ဆိုင်ရာအကျိုးခံစားခွင့်တွေကို ဖြတ်တောက်လိုက်တဲ့အပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ဖေဖော်ဝါရီ ၁၆ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။

အငြိမ်းစားယူထားတဲ့ သက်ကြီးရွယ်အိုတွေဟာ ကိုဗစ်၁-၉ ရောဂါပထမဆုံးတွေ့ရှိခဲ့တဲ့ ဝူဟန်မြို့မှာ ဒုတိယအကြိမ်မြောက် စုဝေးဆန္ဒပြခဲ့ကြပြီး အရှေ့မြောက်ဘက် တာလီယန်မြို့မှာလည်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြမှုတွေဟာ တရုတ်ပြည်လုံးဆိုင်ရာ ပြည့်သူ့ကွန်ဂရက်အစည်းအဝေးမတိုင်မီ တရုတ်အစိုးရကို ဖိအားပေးဖို့ တပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အစိုးရထံကနေ ပြန်လည်တောင်းခံနိုင်တဲ့ ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်များကို ဖြတ်တောက်လိုက်ခြင်း ကြောင့် အငြိမ်းစားတွေဟာ ဝူဟန်မြို့မှာ ဖေဖော်ဝါရီ ၈ ရက်ကတည်းက ဆန္ဒပြမှုတွေ စတင်ခဲ့ကြောင်း ပြည်နယ်တာ၀န်ရှိသူတွေကပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း တရုတ်အစိုးရရဲ့ ကိုဗစ်ကူးစက်မှုလုံး၀မရှိစေရေး တင်းကြပ်တဲ့ မူဝါဒကို တရုတ်လူငယ် ထောင်ပေါင်းများစွာက အစိုးရကို ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW