ဒေသတွင်း တရုတ်နဲ့တင်းမာနေချိန် အမေရိကန်နဲ့အကြီးစား စစ်ရေးလေ့ကျင့်မယ်လို့ ဖိလစ်ပိုင်စစ်တပ် ထုတ်ပြန်

မနီလာ၊ ဖေဖော်ဝါရီ-၁၆-၂၀၂၃
မျိုးဆက်(VOM)

တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒေသတွင်းတင်းမာမှုတွေမြင့်တက်နေချိန်မှာ အမေရိကန်နဲ့ဖိလစ်ပိုင်စစ်တပ်တို့ဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း အကြီးစားစစ်ရေးလေ့ကျင့်မှုပြုလုပ်မယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။

သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာလက်ထက်မှာ အမေရိကန်နဲ့ဖိလစ်ပိုင်တို့အကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာခဲ့ပြီး အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုတွေ အခိုင်အမာတောင်းဆိုထားတဲ့ တရုတ်ကို ဖိလစ်ပိုင်က ရှုတ်ချပြောဆိုထားပါတယ်။

နှစ်စဉ်ကျင်းပတဲ့ Balikatan စစ်ရေးလေ့ကျင့်မှုကို ဒုတိယသုံးလပတ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ယခင်နှစ်က တပ်ဖွဲ့၀င် ၈၉၀၀ ထက်ပိုမိုပါ၀င်မယ်လို့ ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ရိုမီယိုဘရူနာက ပြောပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာအပြင် ဖိလစ်ပိုင်သင်္ဘောတစင်းကို တရုတ်စစ်သင်္ဘောက လေဆာနဲ့ထိုးတဲ့ဖြစ်စဉ်ကြောင့် တရုတ်သံအမတ်ကြီးကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ဖိလစ်ပိုင်သမ္မတမားကို့စ်က ဆင့်ခေါ်ကန့်ကွက်ခဲ့ပါတယ်။

အမေရိကန်အနေဖြင့် ဖိလစ်ပိုင်စစ်တပ်နဲ့အတူ ကာကွယ်ရေးစွည်းရည်မြှင့်တင်ဖို့အတွက် စည်းမျဉ်းတွေကိုအခြေခံတဲ့ နိုင်ငံတကာဥပဒေတွေအတိုင်း လုပ်ဆောင်သွားမယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ထားပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW