မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံရဲ့အားထုတ်မှုတွေကို ဥရောပသမဂ္ဂထောက်ခံ

ဂျကာတာ၊ ဖေဖော်ဝါရီ-၂၃-၂၀၂၃
မျိုးဆက်(VOM)

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ဥရောပသမဂ္ဂ(အီးယူ)က ထောက်ခံကြောင်း ဥရောပပါလီမန်အမတ်တဦးက ဖေဖော်ဝါရီ ၂၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်းကနေ ရုန်းထွက်ဖို့အတွက် အာဆီယံရဲ့ကြိုးပမ်းအားထုတ်မှုတွေ အသီးအပွင့်ဖြစ်ပေါ်လာဖို့ မိမိတို့မျှော်လင့်ပြီး မြန်မာအာဏာပိုင်တွေအနေနဲ့ အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်သင့်တယ်လို့ ဥရောပပါလီမန်အမတ် ဒေးဗစ်အက်အလီစတာက ဂျကာတာမှာ ပြောပါတယ်။

အဲဒီဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ တွန်းအားပေးရေးကြိုးပမ်းရာမှာ ယခုနှစ်အာဆီယံအလှည်ကျဥက္ကဌ အင်ဒိုနီးရှားကိုထောက်ခံဖို့ အာဆီယံက သဘောတူထားပါတယ်။

အာဆီယံဟာ အမေရိကန်နဲ့ တရုတ်ပြီးရင် ဥရောပသမဂ္ဂရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ဥရောပကုမ္ပဏီတွေဟာလည်း အာဆီယံမှာ ဒုတိယအကြီးဆုံး ရင်းနှီးမြုပ်နှံသူတွေဖြစ်ကြောင်း ဒေးဗစ်အက်အလီစတာက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ဥရောပရင်းနှီးမြုပ်နှံမှုဘဏ်(EIB)ဟာ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသတွင်း လုပ်ငန်းတွေတိုးချဲ့ဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခဲ့ပါတယ်။

Ref:Antara
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW