သီပေါမြို့ရီရှင်းရွှေဆိုင်ပိုင်ရှင် ဒုတိယအကြိမ် ဓားပြတိုက်ခံရပြီး ရွှေ ၆ ပိဿာကျော် ပါသွား

ဖေဖော်ဝါရီ ၂၂ – ၂၀၂၃
SN (VOM)

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့၊ အနောက်ရပ်ကွက်မှာ နေထိုင်တဲ့ ရီရှင်းရွှေဆိုင်ပိုင်ရှင်ဟာ မနေ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဒုတိယအကြိမ်မြောက် ဓားပြတိုက်ခံခဲ့ရပြီး ရွှေ ၆ ပိဿာကျော် ပါသွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ရွှေဆိုင်ပိုင်ရှင်က ဆိုင်သိမ်းပြီး အိမ်ပြန်လာချိန် ဆိုင်ကယ်နှစ်စီးနဲ့ လူ ၄ ဦးက သေနတ်ထောက်ကာ ဓါးပြတိုက်မှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဆိုင်ရှင်မိသားစုက မနေ့ကညနေပိုင်း ဆိုင်သိမ်းပြီး ဟိုတယ်ကိုပြန်လာတာ။ ဟိုတယ်အရောက် ကားပေါ်ကအဆင်းမှာ နောက်ကနေ ကပ်လိုက်လာတဲ့ ဆိုင်ကယ်နှစ်စီးပေါ်က အမျိုးသား ၄ ဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတာ“ လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီ့ရွှေဆိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း အမည်မသိ အမျိုးသား ၃ ဦး ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်ထောက်ကာ ရွှေတစ်ပိဿာခန့် လုယက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီပထမအကြိမ် ဓားပြတိုက်ခံရတဲ့ နှစ်ပတ်လည်တဲ့ နေ့မှာပဲ အခုလို ဒုတိယအကြိမ်မြောက် ထပ်မံ ဓားပြတိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အခု ဓားပြတိုက်ခံရမှုမှာ ရွှေ ၆ ပိဿာအထုပ် ပါသွားပေမယ့် တန်ဖိုး ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ရီရှင်းရွှေဆိုင်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကလည်း ဖောက်ထွင်း ခိုးယူခံခဲ့ရသေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သီပေါ #ရီရှင်းရွှေဆိုင်ပိုင်ရှင် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW