ကမ္ဘောဒီးယားမှာ ကြက်ငှက်တုပ်ကွေးရောဂါ လူကိုကူးစက်ပြီး မိန်းကလေးတဦး သေဆုံး

ဖနွမ်းပင် ၊ ဖေဖော်ဝါရီ-၂၅-၂၀၂၃
မျိုးဆက်(VOM)

ကမ္ဘောဒီးယားနိုင်ငံမှာ ကိုးနှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် အသက် ၁၁ နှစ်အရွယ်မိန်းကလေးတဦး သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ဖေဖော်ဝါရီ ၂၄ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

ပရေးဗန်ပြည်နယ် ကျေးလက်ဒေသမှ အဆိုပါမိန်းကလေးဟာ H5N1 ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းများကို ခံစားခဲ့ရကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

အဲဒီမိန်းကလေးကို ဖနွမ်းပင်ရှိဆေးရုံပို ပို့ဆောင်ခဲ့ကြသော်လည်း ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် များမကြာမီ သေဆုံးသွားခဲ့ပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့ဖခင်ဖြစ်သူနဲ့ အခြား ၁၁ ဦးမှာလည်း ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံနေရတာကို တွေ့ရှိခဲ့ကြောင်း ကမ္ဘောဒီးယားကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုကူးစက်မှုတွေဟာ ကမ္ဘောဒီးယားနိင်ငံမှာ ၂၀၁၄ ခုနှစ်နေုာက်ပိုင်း H5N1 ဗိုင်းရပ်စ် လူသားတွေကို ပထမဆုံးကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပြီး ကြက်ငှက်တွေကို ထိတွေ့ကိုင်တွယ်ခြင်းမပြုဖို့ သတိပေးထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW