လယ်ဝေးမှာ လေပြင်းတိုက်လို့ ရွာ၂ရွာပျက်စီးပြီး လူ၆ယောက်သေဆုံး၊၁၀၀ ကျော်ဒဏ်ရာရ

ဧပြီ ၂၂ – ၂၀၂၃ KT+ GG(VOM) နေပြည်တော် လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ရွှေဟင်္သာကျေးရွာအုပ်စု တံတားဦးကျေးရွာနဲ့ ကံသာကျေးရွာအုပ်စု အောင်မြင်ကုန်းကျေးရွာမှာ မနေ့ ဧပြီ၂၁ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူ ၆ ယောက်သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လယ်ဝေးမြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာမှာ အိမ်ခြေ(၇၇)လုံးခန့် ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ(၄၈)ဦး၊ စိုးရိမ်ရ(၁၆)ဦး၊ သေဆုံး အမျိုးသမီး(၂)ဦး နဲ့ အောင်မြင်ကုန်းကျေးရွာမှာ အိမ်ခြေ(၁၅၅)လုံးခန့် ပျက်စီးဆုံးရူံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ(၆၁)ဦး၊ သေဆုံး အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး ရှိကာ စုစုပေါင်းထိခိုက်ဒဏ်ရာရရှိသူ (၁၀၉)ဦး၊ သေဆုံး(၆)ဦး ရှိခဲ့တယ်လို့ လယ်ဝေးမြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ သေဆုံးသူ နဲ့ ဒဏ်ရာရသူတွေကို လယ်ဝေးမြို့နယ်ကုတင် (၁၀၀)ဆံ့ဆေးရုံနဲ့ ဇမ္ဗူသီရိမြို့နယ်၊ ကုတင်(၁၀၀၀)ဆံ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တဦးကတော့” ဒဏ်ရာရသူလည်းများတယ်။အိမ်တွေကတော့…

Read More

တနင်္သာရီမြို့ထဲက စစ်ရှောင်(၂)ထောင်ကျော် အစားအသောက်နဲ့ဆေးဝါး အရေးပေါ် လိုအပ်နေ

ဧပြီ၊၂၂-၂၀၂၃ MM(VOM) တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်(၂)ထောင်ကျော်ဟာ အစားအစာနဲ့ ဆေးဝါးတွေ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။ အဲ့ဒီ စစ်ရှောင် နှစ်ထောင်ကျော်က ပြီးခဲ့တဲ့မတ်လက တည်းက လယ်ရွာသစ်ရွာမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် နီးစပ်ရာ ဥယျာဉ်ခြံတွေ၊ တောစပ်နဲ့တောင်ပေါ်တွေမှာ ရှောင်တိမ်းနေရတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေ(၂)ထောင်ကျော်ဟာ အချိန်တလကျော်အထိရှိလာဖြစ်ပေမယ့်လည်း ရွာကိုမပြန်ရဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ”ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်က တိုက်ပွဲတွေဖြစ်ပွားလို့တိမ်းရှောင်နေရသူတွေပါ၊ အဲဒီနေ့ကစလို့ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာ၊ ဒေသ မတည်ငြိမ်သေးလို့ အခုအထိ မပြန်ရဲသေးပါဘူး၊ အခုတော့ စားဖို့လည်းလိုအပ်နေတယ်၊ နောက်ပြီး ပုံမှန်ဆေးသောက်နေရတဲ့သူတွေက အခု ဆေးဝါးတွေလိုအပ်နေတယ်၊ကြာလာရင် နာတာရှည် ဝေဒနာရှင်တွေအတွက် မလွယ်တော့ဘူး၊ ဖျားနာဖြစ်ရင်တောင် သောက်ဖို့မရှိဘူး၊ စားဖို့အတွက်ကလည်း အခုစတင် ပြတ်လပ်နေပြီ။”လို့ စစ်ရှောင်တွေကို ကူညီပေးသူတဦးကပြောပါတယ်။ အဲ့ဒီ…

Read More

ဆူဒန်ုနိုင်ငံ မြို့တော်ခါတွမ်မှာ တိုက်ပွဲတွေကြောင့် အရပ်သား ၄၀၀ ကျော်သေဆုံး၊ သုံးရက်ကြာအပစ်အခတ် ရပ်စဲရေး ကြေညာထား

ခါတွမ်၊ ဧပြီ-၂၂-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်မှာ သုံးရက်ကြာအပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြောင်း ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့က ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ယခင်အပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှုတွေ မအောင်မြင်ဖြစ်ပွားပြီးနောက် အခြေအနေကတော့ မတည်မငြိမ်ဖြစ်နေပါတယ်။ လူသားချင်းစာမှုဆိုင်ရာ အကြောင်းပြုချက်နဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ခြင်းဖြစ်ကြောင်း ဆူဒန်စစ်တပ်ကပြောပါတယ်။ အာအက်စ်အက်ဖ် ပြည်သူ့စစ်အဖွဲ့ဟာ မွတ်စလင်တို့ရဲ့အိဒ်ကာလအတွက် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် ၁၄ နာရီအကြာမှာ ဆူဒန်စစ်တပ်က အခုလိုက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မြို့တော်ခါတွမ်မှာ တိုက်ပွဲကြီးကြီးမားမားမဖြစ်ပွားသေးကြောင်း ဒေသတွင်းသတင်းဌာနတွေက ပြောပါတယ်။ စစ်တပ်နဲ့ပြည်သူ့စစ်တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဧပြီ ၂၁ ရက်ထိ အရပ်သား ၄၁၃ ဦးသေဆုံးပြီး ၃၅၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဆူဒန်မှာ ၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့ကြား လွန်ခဲ့တဲ့ ဧပြီ ၁၅ ရက်ကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ အပစ်အခတ်ရပ်စဲရေးနဲ့…

Read More

အဆိုတော်မေလသံစဥ် ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ ကနဲ့အမှုဖွင့်ကာ ချုပ်ရက်ရမန်ရယူခဲ့

ဧပြီ ၂၂ – ၂၀၂၃ GG(VOM) အဆိုတော်တေးသံရှင် မေလသံစဥ်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ က နဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းတရားရုံးမှာ ချုပ်ရမန်ရယူခဲ့တယ်လို့သိရပါတယ်။ မေလသံစဥ်ကို ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာဖြစ်ပွားခဲ့တဲ့ လူသေဆုံးမှုကိစ္စနဲ့ပတ်သက်ပြီး မမှန်သတင်းတွေ ရေးသားဖြန့်ဝေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ အမှုဖွင့်အရေးယူကာ ချုပ်မိန့်ရမန်ရယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မနေ့က ၂၁ ရက်နေ့မှာ တရားရုံးမှာ သူတို့ ချုပ်မိန့်ရမန်လာယူကြတယ်။ မေလသံစဥ်ပါတာလည်းတွေ့လိုက်တယ်။ပဇီကြီးဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖမ်းလိုက်တာလို့တော့သိရတယ်၊ ချုပ်ရက်ရမန်လာယူပြီဆိုတော့ နောက်ထပ် တရားစွဲဖို့ပဲရှိတော့တယ်။” လို့ အထက်တန်းရှေ့နေတစ်ဦးကပြောပါတယ်။ မေလသံစဥ်ကို ဧပြီလ ၁၂ ရက်နေ့က သူရဲ့နေအိမ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး ထိုင်းကနေ မြန်မာနိုင်ငံကို ခေတ္တပြန်လာချိန် ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။ မေလသံစဥ်ကို ဖမ်းဆီးထိန်းသိမ်းကာ ရန်ကုန်က အောင်သပြေစစ်ကြောရေးမှာ စစ်ဆေးခဲ့ပြီးနောက်မှာ ပုဒ်မ ၅၀၅ကနဲ့အမှုဖွင့်ပြီး ချုပ်ရက်ရမန်ပါရယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အလားတူ သရုပ်ဆောင်…

Read More

မြောက်ကိုရီးယားရဲ့ထောက်လှမ်းရေးဂြိုဟ်တု ပိုင်နက်ထဲပြုတ်ကျလာရင် ပစ်ချဖို့ ဂျပန်ကာကွယ်ရေး၀န်ကြီး အမိန့်ထုတ်

တိုကျို ၊ ဧပြီ-၂၂-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားက လွှတ်တင်မယ့် စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တု ဂျပန်ပိုင်နက်ထဲကျလာရင် ပစ်ချဖို့အတွက် ပြင်ဆင်ထားဖို့ ဂျပန်ကာကွယ်ရေး၀န်ကြီး ယာဆူကာဇူဟာမာဒါက ဧပြီ ၂၂ ရက်မှာ အမိန့်ပေးလိုက်ပါတယ်။ အဲဒီထောက်လှမ်းရေးဂြိုဟ်တုအပြင် မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေကိုလည်း ဖျက်ဆီးပစ်ဖို့ အမိန့်ပေးနိုင်တယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂျပန်တပ်တွေရဲ့ ကြိုတင်ပြင်ဆင်မှုတွေထဲမှာ ပဲ့ထိန်းဒုံးကျည်ပြုတ်ကျလာခဲ့ရင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် နိုင်ငံတောင်ပိုင်း အိုကီနာဝါစီရင်စုမှာ တပ်ဖွဲ့၀င်တွေ ဖြန့်ကြပ်ချထားဖို့တွေလည်း ပါ၀င်ပါတယ်။ မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ပထမဆုံး စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်ဖို့ ပြင်ဆင်နေပြီး ဒီလိုလွှတ်တင်မှုဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ ယခုနှစ်အတွင်းမှာ မြောက်ကိုရီးယားရဲ့ မကြုံစဖူးဒုံးကျည်စမ်းသပ်မှုတွေကြောင့် ဒေသတွင်းမှာတင်းမာမှုတွေ မြင့်တက်နေပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ်လည်း မြောက်ကိုရီးယားက ဝေဖန်ပြောဆိုထားပါတယ်။ Ref: Reuters Photo:AP #voiceofmyanmar #VOM…

Read More

ပြည်တွင်းလျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိဖို့ဆိုပြီး ဆိုလာ နဲ့ ဆက်စပ်ပစ္စည်း ၆ မျိုးကို အခွန်ကင်းလွတ်ခွင့်နဲ့တင်သွင်းခွင့်ပြု

ဧပြီ ၂၂ – ၂၀၂၃ GG (VOM) ပြည်ပကနေတင်သွင်းနေရတဲ့အထဲက ဆိုလာ နဲ့ ဆက်စပ်ပစ္စည်း ၆ မျိုးကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုလိုက်ပါတယ်။ ပြည်တွင်းလျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိဖို့အတွက် အဓိကရည်ရွယ်ပြီး အခွန်ကင်းလွတ်ခွင့်ပြုလိုက်တာဖြစ်တယ်လို့သိရပါတယ်။ ” ထုတ်ပြန်စာတွေ့ပါတယ်၊ အခွန်ကင်းလွတ်ခွင့်ပြုတယ်ဆိုတော့ ပြည်ပကနေ တိုက်ရိုက်တင်သွင်းနေတဲ့ကုမ္ပဏီတွေက စျေးချပေးရင် ကျနော်တို့လက်ခွဲတွေကလည်း စျေးလျှော့ချရောင်းလို့ရပါတယ်။ မတရားအမြတ်တင်ရောင်းလို့လည်း မရပါဘူး၊ရောင်းသူတွေကအများကြီးပါ။ကိုယ်ကစျေးများရင် ကိုယ့်ဆိုင်ပဲကျန်ခဲ့မှာပေါ့ “လို့ ဆိုလာပြားရောင်းချနေတဲ့ဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။ အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းနိုင်တဲ့ပစ္စည်းတွေက နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ပေးနိုင်တဲ့ အချပ်တွေ၊ နေရောင်ခြည်စွမ်းအင်သုံး ပေါင်းစပ်ထိန်းချုပ်ကိရိယာ၊ နေရောင်ခြည် စွမ်းအင်သုံး အင်ဗာတာ၊ အိမ်သုံး တပ်ဆင်မှုပုံစံတွေ၊ နေရောင်ခြည်စွမ်းအင်တပ်ဆင်မှုစနစ်နဲ့ နေရောင်ခြည် စွမ်းအင်သုံးထိန်းချုပ်ကိရိယာနဲ့ ဘတ်ထရီပုံးတွေ ဖြစ်တယ်လို့ ဧပြီလ ၂၀ ရက်နေ့ကထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။ အကောက်ခွန်နှုန်းဥပဒေ ပုဒ်မ ၇ ၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားတဲ့…

Read More

ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက ဒုတိယညွှန်ကြားရေးမှူးချုပ် သေနတ်နဲ့ပစ်သတ်ခံရ

ဧပြီ ၂၂ – ၂၀၂၃ GG(VOM) ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ်၊ အောင်ရတနာဆေးရုံအနီးမှာ ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။ ဖြစ်စဥ်က ဒီနေ့ဧပြီ၂၂ ရက် ၊နေလယ်၂ နာရီလောက်မှာ စက်ဘီးစီးလာတဲ့အမျိုးသား(၂)က ဦးစိုင်းကျော်သူကို သေနတ်နဲ့ ၅ချက်ထက်မနည်းပစ်ခတ် သတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။ “နေ့လယ် ၁ နာရီ ၅၀ လောက်မှာပစ်ခတ်မှုဖြစ်တယ်။ ကားကို စက်ဘီးနဲ့ကျော်တက်ပြီးတော့ သေနတ်နဲ့ပစ်သွားတာ။ ပစ်ခတ်ပြီးတော့ စက်ဘီးကိုထားပြီးတော့ ထွက်သွားတယ်။သူ့ကို နောက်ယောင်ခံလိုက်ပြီး သေချာကိုပစ်ခတ်သွားတဲ့ပုံစံပါ။သင်္ဃန်းကျွန်း စံပြဆေးရုံကိုတော့ ပို့လိုက်ပေမယ့် သေ သွားတယ်လို့သိရတယ် “လို့ သင်္ဃန်းကျွန်းမြို့နေထိုင်သူတစ်ဦးကပြောပြပါတယ်။ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ဦးစိုင်းကျော်သူရဲ့ လည်ပင်း၊ ညာဘက်နားအနောက်ဘက်၊ လက်နဲ့ ချိုင်းအောက်မှာ ကျည်ထိဒဏ်ရာ ၅ ချက်ရရှိကာ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဦးစိုင်းကျော်သူဟာ သူရဲ့အမျိုးသမီးဖြစ်သူ ဆရာဝန်ကို ဆေးခန်းပို့ပြီး ပြန်လာချိန်မှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။…

Read More

မြင့်တက်နေတဲ့ အပူချိန်နဲ့ သတိထားရမယ့် Heat Stroke အန္တရာယ်

SN (VOM) လက်ရှိ မြန်မာနိုင်ငံအတွင်း အထက်အညာဒေသနဲ့ နေရာဒေသတိုင်းလိုလိုမှာ အပူချိန်တွေ သိသိသာသာ မြင့်တက်လာနေတာ ဖြစ်ပါတယ်။ မတ်လ ဒုတိယပတ်လောက်ကတည်းက ပူပြင်းတဲ့ ရာသီဥတုရဲ့ဒဏ်ကို ရန်ကုန်အပါအဝင် မြန်မာနိုင်ငံက မြို့အတော်များများမှာ သိသိသာသာခံစားလာရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလဒုတိယပတ်ကစပြီး မြန်မာနိုင်ငံ အထက်အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေ့အပူချိန်ဟာ ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့သလို မြန်မာအရှေ့တောင်ပိုင်းနဲ့ ကျန်ဒေသအများစုမှာလည်း နေ့အပူချိန်ဟာ ၃၇ ဒီဂရီစင်တီဂရိတ်လောက်အထိ မြင့်တက်လာခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ အပူချိန်တွေ သိသိသာသာ မြင့်တက်နေတဲ့အတွက် အထူးသဖြင့် သက်ကြီးဘိုးဘွားတွေနဲ့ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ နာတာရှည်ရောဂါရှိသူတွေ၊ ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ၊ စိတ်ကျန်းမာရေးချို့ယွင်းသူတွေ၊ အရက်စွဲတဲ့သူတွေ၊ မူးယစ်ဆေးသုံးစွဲသူတွေအနေနဲ့ အပူဒဏ်အန္တရာယ်ကို အထူးသတိပြုရမှာဖြစ်ပြီး Heat Stroke (အပူလျှပ်ခြင်း) အဖြစ်များနိုင်တာကြောင့်…

Read More

တန့်ဆည်မြို့နယ်မှာ စစ်ကျန် ဗုံးသီးဟောင်းကို ဓားနဲ့ထုကြည့်ရာက ပေါက်ကွဲမှုဖြစ်ပြီး ၊ လူ ၁ ဦးသေ ၊ ၁ ဦးဒဏ်ရာရ

ဧပြီ ၊ ၂၃ ၊ ၂၀၂၃ SP( VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ် ၊ ခရမ်းခြံကျေးရွာ ၊ ပဲခင်းကြီးတောရကျောင်းအနီးမှာ မနေ့ ဧပြီ ၂၂ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁ ဦးသေ ၊ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ပဲခင်းကြီးတောရကျောင်းအနီး လယ်ကွင်းထဲမှာဖြစ်တာပါ ၊ စစ်ကျန် 40mm ဗုံးသီးဟောင်းကို လှည်းပန်းတောင်းပေါ်တင်ပြီး ဓားနဲ့ထုကြည့်ရာက ပေါက်ကွဲမှုဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတယောက် နေရာမှာတင် ပွဲချင်းပြီး သေတယ် ၊ သေတဲ့သူနဲ့ အဖော်လိုက်ပါလာတဲ့ အသက် ၆၀ အရွယ် အမျိုးသမီး တယောက်ကတော့…

Read More

ဗြိတိန်ဝန်ကြီးချုပ် စုံစမ်းစစ်ဆေးခံရ

ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်ကို ဗြိတိန်ပါလီမန်ရဲ့ စံနှုန်းများဆိုင်ရာ ကော်မရှင်နာမှ ယခုလအစောပိုင်းတွင် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ကြောင်း ၎င်းရဲ့ ဝဘ်ဆိုဒ်တွင် ‌ဖော်ပြထားပါတယ်။ တနင်္လာနေ့က ဝဘ်ဆိုဒ်တွင် တင်ထားသော ပွင့်လင်းသော စုံစမ်းမေးမြန်းမှုစာရင်းအရ ဝန်ကြီးချုပ် စုံစမ်းစစ်ဆေးခံရသောကိစ္စမှာ အကျိုးစီးပွား ကြေငြာစာတမ်းနှင့် သက်ဆိုင်ကြောင်း ဖော်ပြထားပါတယ်။ စုံစမ်းစစ်ဆေးခံရသော ကိစ္စရပ်နဲ့ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်ရဲ့ ရုံးကတော့ ချက်ခြင်းမှတ်ချက်ပေးခဲ့ခြင်းမရှိပါဘူး။ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ဇနီးဖြစ်သူဟာ အကျိုးအမြတ်ရရှိနိုင်တဲ့ ကလေးထိန်းကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာပိုင်ဆိုင်ထားမှုနဲ့ပတ်သက်ပြီး အတိုက်အခံပါတီများက မေးခွန်းထုတ်ခဲ့ပြီးနောက် ကော်မရှင်နာမှ စတင်စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ကျင့်ထုံးဥပဒေအောက်တွင် ပါလီမန် အဖွဲ့ဝင်အားလုံးဟာ တစ်ဦးချင်းစီရဲ့ လုပ်ဆောင်ချက်များ၊ မိန့်ခွန်းများ (သို့မဟုတ်) ပါလီမန်အတွင်း မဲများ (သို့မဟုတ်) လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်မှုတွေနဲ့ပတ်သက်တဲ့ ငွေကြေးဆိုင်ရာ အကျိုးစီးပွား အချက်အလက်တွေကို ပံ့ပိုးပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကော်မရှင်နာဟာလည်း အောက်လွှတ်တော်ရဲ့ ကျင့်ထုံးဥပဒေနဲ့အညီ…

Read More
VOM News

FREE
VIEW