လျှို့ဝှက်စာရွက်စာတမ်းတွေ ပေါက်ကြားမှု အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ဖြစ်ကြောင်း အမေရိကန်ပြော

ဝါရှင်တန်၊ ဧပြီ ၁၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန် ကာကွယ်ရေးဌာနရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ ပေါက်ကြားမှုဟာ အမျိုးသားလုံခြုံရေးအတွက် အလွန်ဆိုးရွားသော အန္တရာယ်ဖြစ်ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ အဲဒီလျှု့ဝှက် စာရွက်စာတမ်းတွေမှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ အရေးကြီးအချက်အလက်တွေ၊ တရုတ်နဲ့ အမေရိကန် မဟာမိတ်နိုင်ငံတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် အင်ဒိုပစိဖိတ်ဒေသနဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေလည်း ပါဝင်နေပါတယ်။ စာရွက်စာတမ်းတွေဟာ အစိုးရထိပ်တန်းခေါင်းဆောင် တွေကို ထုတ်ပေးတဲ့ စာရွက်စာတမ်းတွေနဲ့ ဆင်တူတဲ့ပုံစံဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီစာရွက်စာတမ်းတွေဟာ တွစ်တာ၊ တယ်လီဂရမ်တို့လို အွန်းလိုင်းပလက်ဖောင်းတွေမှာ ပျံ့နှံထွက်ပေါ်ခဲ့တာဖြစ် ပြီး ပောက်ကြားရတဲ့အရင်းအမြစ်ကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။ Ref:BBC #voiceofmyanmar #VOM #ဝါရှင်တန်

Read More

မန်းတိုင်း တရားလွှတ်တော် ဒု/ညွန်မှူး နေအိမ်အတွင်းမှာအသတ်ခံရပြီး နေအိမ်မီးရှို့ခံရ

  ဧပြီ ၁၁-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁လမ်း ၆၅လမ်းနဲ့၆၆လမ်းကြာရှိ မန္တလေးတိုင်းတရားလွှတ်တော် ဒု-ညွန်ကြားရေးမှူး နေအိမ် မီးရှို့ခံရပြီး ဒု/ညွန်မှူးကို အသတ်ခံရတဲ့ ဒဏ်ရာနဲ့တွေ့ရှိခဲ့တယ်လို့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ အသတ်ခံရပြီး သေဆုံးသွားသူဟာ အသက်(၅၀)အရွယ် မန္တလေးတိုင်းတရားလွှတ်တော် ဒု-ညွန့်ကြားရေးမှူးဖြစ်တယ်လို့ သိရပြီး လည်ပင်းမှာ ဓားစိုက်လျက်၊ ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တဲ့အပြင် အိမ်အကူအမျိုးသမီးကို ပြင်ပဒဏ်ရာမရှိဘဲ မီးခိုးမွန်သေဆုံးနေတာကိုလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ” မီးသတ်ကတော့ မီးလောင်လို့ လာငြှိမ်းတာပဲ၊ နေအိမ်အတွင်းမှာ DB(လူသေ)၂လောင်းတွေ့တယ်၊ သက်ဆိုင်ရာအဖွဲ့တွေ စစ်တော့ ရှို့မီးဖြစ်နေတယ်ပေါ့၊ တယောက်က အသတ်ခံထားရတဲ့ ဒဏ်ရာနဲ့တွေ့တာ ၊ နောက်တယောက်ကတော့ အိမ်အကူလို့ သိရတယ် သူကတော့ မီးခိုးမွန်သေတယ်လို့ သိရပါတယ်”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနက မီးလောင်မှုဖြစ်တယ်လို့ သတင်းကြားလို့ နယ်မြေခံယာဥ်အုပ်စုနဲ့ သွားရောက်ငြိမ်းသတ်ခဲ့တယ်လို့…

Read More

အာကာသခရီးသွား၀န်ဆောင်မှု ယခုနှစ်အတွင်းစတင်ဖို့ Virgin Galactic စီစဉ်နေ

ဝါရှင်တန်၊ ဧပြီ ၁၀-၂၀၂၃ မျိုးဆက်(VOM) အာကာသနည်းပညာကုမ္ပဏီဖြစ်တဲ့ Virgin Galactic ဟာ အာကာသခရီးသွားလုပ်ငန်းအတွက် အာကာသယာဉ်ကို နှစ်ရှည်လများ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပြီးနောက် ယခုနှစ်ဒုတိယသုံးလပတ်မှာ စတင်၀န်ဆောင်မှုပေးဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဘီလျံနာ ရစ်ချက်ဘရန်ဆန်တည်ထောင်ထားတဲ့ Virgin Galactic ဟာ သူ့ရဲ့အာကာသယာဉ်နဲ့ လွှတ်တင်မှုစနစ်တွေကို အဆင့်မြှင့်တင်မှုတွေပြုလုပ်နေတာကြောင့် ကုမ္ပဏီရဲ့ ပထမဆုံးသော အာကာသခရီးစဉ်ကို ၂၀၂၁ ခုနှစ်မှာ ရွှေ့ဆိုင်းခဲ့ရပါတယ်။ Virgin Galactic ရဲ့အာကာယာဉ်ကို ၂၀၂၁ ခုနှစ် မတ်လအတွင်းက ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းခဲ့ပြီး စီးပွားဖြစ်အာကာသခရီးစဉ်များမစတင်မီမှာ ခရီးသွားရဲ့ ဘေးကင်းလုံခြုံမှုကို စိတ်ချရစေဖို့ စမ်းသပ်ပျံသန်းမှု နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ပြုလုပ်သွားမှာဖြစ်ကြောင်း ကုမ္ပဏီတာ၀န်ရှိသူတွေက ပြောပါတယ်။ ဒီလိုစမ်းသပ်ပျံသန်းမှုမှာ အီတလီလေတပ်အတွက် အာကာသအစွန်းကိုသုတေသနပြုမယ့်ခရီးစဉ်တစ်ခုလည်း ပါ၀င်နေပြီး ဒီခရီးစဉ်ပြီးရင်တော့ ယခုနှစ်ဒုတိယသုံးလပတ်ကစပြီး လစဉ်လတိုင်း အာကာသကိုခရီးသည်တွေ ပို့ဆောင်သွားမှာဖြစ်ကာ လက်ရှိအချိန်ထိ Virgin…

Read More

မန္တလေးမှာ ဒီကနေ့ မနက်အစောပိုင်း မီးလောင်မှု နေအိမ် (၁၂)လုံး မီးလောင်ဆုံးရှုံးခဲ့

ဧပြီ ၁၀-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၂လမ်း ၁၀၅နဲ့၁၀၆ကြားမှာ ဒီကနေ့ ဧပြီ ၁၀ရက် မနက် ၅ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ခဲ့ပြီး နေအိမ် (၁၂)လုံး မီးထဲပါသွားတယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” မီးစလောင်တာကိုတော့ စစ်ဆေးဆဲလို့သိရတယ်၊ လောင်သွားတာကတော့ နေအိမ် ၁၂လုံး၊ မီးသတ်က အချိန်မှီရောက်ပေမယ့် တအိမ်နဲ့တအိမ် ကပ်နေတော့ အဲ့ဒီလောက် ဆုံးရှုံးမှုဖြစ်သွားတာပါ”လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတဦးကပြောပါတယ်။ မီးလောင်မှုကို Level-1အဆင့်သတ်မှတ်ပြီး သန္ဓေ၊အရန် မီးသတ်တပ်ဖွဲ့ဝင် (၁၀၀)ဦး၊ မီးငြိမ်းသတ်ယာဥ်၊ရေသယ်ယာဥ်နဲ့ အုပ်ချုပ်မှုယာဥ် စုစုပေါင်း(၁၈)စီး နဲ့ မီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် မီးစလောင်ခဲ့တဲ့ နေအိမ်ပိုင်ရှင် အသက်(၄၀)ကျော်အရွယ် အမျိုးသမီးကို အောင်ပင်လယ်နယ်မြေရဲစခန်းက အမှုဖွင့်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၁၆ရက်ကလည်း…

Read More

ထိုင်ဝမ်လေကြောင်းရန် စိစစ်ဇုန်အတွင်း တရုတ်တိုက်လေယာဥ် အစင်း ၃၀ ကျော်ဝင်ရောက်

တိုင်ပေ၊ ဧပြီ-၁၀-၂၀၂၃ မျိုးဆက်(VOM) ထိုဝမ်လေကြောင်းရန်ကာကွယ်ရေး စိစစ်ဇုန်အတွင်းကို တရုတ်လေယာဥ်တင်သဘော်မှ တိုက်လေယာဥ် အစင်း ၃၀ ကျော် ဝင်ရောရ်ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်စစ်တပ်ကပြောပါတယ်။ ဒီနေ့မနက် ၆ နာရီထိ ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်စစ်လေယာဥ် အစင်း ၇၀ ကျော်ထိ တွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် အမေရိကန်အောက်လွှတ်တော် ဥဣဌနဲ့ အမေရိကန်မှာတွေ့ဆုံပြန်လာပြီးနောက် တုံ့ပြန်မှုအဖြစ် တရုတ်စစ်တပ်ဟာ ထိုင်ဝမ်အနီး သုံးရက်ကြကာစစ်ရေးလေ့ကျင်ံ့မှု ပြုလုပ်နေတာဖြစ်ပါတယ်။ တရုတ်လေယာဉ်တင်သင်္ဘော ရှန်ဒေါင်းပါဝင်တဲ့ ရေယာဉ်စုဟာ ပြီးခဲ့သော သီတင်းပတ်ကတည်းက အနောက်ပစိဖိတ်ဒေသတွင် ပထမဆုံးအကြိမ် ရောက်ရှိနေပြီး လေယာဥ်တင်သင်္ဘောဟာ လက်ရှိစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်နေပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကိုပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပြီး ပြည်မကြီးနဲ့ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင်စစ်အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:NHK #voiceofmyanmar #VOM #တိုင်ပေ

Read More

အမြန်လမ်းမှာ အိမ်စီးကားတစီး မတော်တဆဖြစ် မီးလောင်ပြီး ကားပေါ်ပါ ၃ယောက်လုံး သေဆုံး

ဧပြီ ၁၀-၂၀၂၃ GG(VOM) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၂၅/၆)နဲ့ (၃၂၅/၇)ကြားမှာ ဒီနေ့ ဧပြီ ၁၀ ရက် မနက်ပိုင်းက Honda Civic အမျိုးအစားအိမ်စီး ကား ၁ စီး မီးလောင်ပြီး ကားပေါ်ပါ ၃ ယောက်လုံးသေဆုံးခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ပြင်စည်အမြန်လမ်းမီးသတ်စခန်းကနေ သိရပါတယ်။ ကားက အရှိန်လွန်ပြီး လမ်းလယ် ကာရံထားတဲ့အတားအဆီးကိုတိုက်မိကာ မီးလောင်ခဲ့ပြီး ကားပေါ်ပါအမျိုးသား ၃ ယောက်လုံးဟာ နေရာမှာပဲသေဆုံးခဲ့တာဖြစ်ကြောင်းနဲ့ သေဆုံးသူတွေက အသက်အရွယ်က ၂၀ ကျော်ခန့်တွေဖြစ်တယ်လို့ သိရပါတယ်။ ” အိမ်စီးကားတစီးမီးလောင်တယ်၊လမ်းလယ်က ဘယ်ရီယာတုံးကိုဝင်တိုက်မိပြီး ကားကမီးလောင်ပြီး ကားပေါ်လိုက်လာတဲ့ ကျား၃ယောက်ဆုံးတယ်။ကျနော်တို့ရောက်တော့ ကားပေါ်ပါသူတွေ မီးလောင်ပြီးသေဆုံးနေပြီ ၊ကျနော်တို့၁၁ နာရီ၃၅ မိနစ်မှာရောက််၊၅၀ မှာငြိမ်းတယ် “လို့ ပြင်စည်အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ မီးလောင်ခဲ့တဲ့ကားဟာ မန္တ​လေးကနေ ထွက်လာတဲ့ကားဖြစ်ကြောင်းနဲ့ လက်ရှိမှာတော့သေဆုံးသူအမျိုးသား ၃ယောက်လုံးကို ရဲတပ်ဖွဲ့ပိုင်ယာဉ်နဲ့ နွားထိုးကြီးပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။…

Read More

အရေးပေါ်လိုင်းကနေ တောင်ကိုရီးယားရဲ့ဆက်သွယ်မှု သုံးရက်ဆက်တိုက် မြောက်ကိုရီးယား မတုံ့ပြန်

ပြုံးယမ်း ၊ ဧပြီ-၁၀-၂၀၂၃ မျိုးဆက်(VOM) ကိုရီးယားနှစ်နိုင်အကြား စစ်ဘက်နဲ့ဆက်ဆံရေးရုံး အရေးပေါ်လိုင်းတေွကတဆင့် ပုံမှန်ဖုန်းဆက်သွယ် ခေါ်ဆိုမှုတွေကို ပြန်လည်ဖြေကြာခြင်းမရှိကြောင်း တောင်ကိုရီးယားကပြောပါတယ်။ မြောက်ကိုးရီးယားဟာ အဲဒီလိုဆင်သွယ်မှုတွေကို သုံးရက်ဆက်တိုက် တုံ့ပြန်ခြင်းမရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ပုံမှန်အားဖြင့် တနေ့ကိုနှစ်ကြိမ် အရေးပေါ် ဆက်သွယ်ရေးလိုင်းမှတဆင်ံ့ ဆက်သွယ်နေကြဖြစ်သည်။ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနဟာလည်းမြောက်ကိုးရီးယား အာဏာပိုင် တွေကိုွနေ့စဥ် နှစ်ကြိမ် ဆက်သွယ်ဆောင်ရွက်လျက်ပေမယ့် သောကြာနေ့က စ ပြီး မြောက်ကိုရီးယားက တုံ့ပြန်မှု မရှိဘူးလို့ ဆိုပါတယ်။ နည်းပညာဆိုင်ရာ အကြောင်းပြချက်ကြောင့် နှစ်နိုင်ငံကြား ဆက်သွယ် ရေးလိုင်းတွေ ယခင်က ယာယီဖြတ်တောက်ခဲ့ဖူးပြီးယခုတစ်ကြိမ်မှာ မြောက်ကိုးရီးယားက ဘာ့ကြောင့် တုံ့ပြန်ခြင်း မပြုတာလည်း ရှင်းလင်းစွာမသိရပါဘူး။ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ တောင်ကိုရီးယား အစိုးရ အရာရှိတွေက ပြောပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား…

Read More

ပြေးစရာမြေ ရှားပါးလာတဲ့ စစ်ဘေးရှောင်တွေ

ဧပြီ ၁၀ – ၂၀၂၃ SN (VOM) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှစတင်ကာ ပြည်တွင်းက နေရာအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် အရေအတွက်ဟာ တစထက်တစ တိုးပွားလို့လာနေပါတယ်။ လက်ရှိမှာ အရှိန်အဟုန်နဲ့ ပြင်းထန်လာတဲ့ တိုက်ပွဲတွေက နယ်မြေချဲ့ထွင်လာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် ရှောင်တိမ်းဖို့နေရာတွေ ကျုံ့လာလေလေ ဖြစ်နေတာပါ။ ဒီလို လက်နက်ကိုင်ပဋိပက္ခတွေ နှစ်ကာလ ကြာရှည်လာတာနဲ့အမျှ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ခိုလှုံရေးနဲ့ ဘ၀ရှင်သန် ရပ်တည်ရေးတွေဟာလည်း ကြီးမားတဲ့ စိန်ခေါ်မှုတရပ်လို ဖြစ်နေပါတယ်။ မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ် (ကရင်နီပြည်) နဲ့ ကရင်ပြည်နယ်တို့မှာ ရွှေ့ပြောင်းနေထိုင်စရာ၊ စားနပ်ရိက္ခာနဲ့ ရောဂါဘယ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတွင်းကူညီစောင့်ရှောက်သူတွေဆီက သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာအများစုဟာ နေ့စဥ် မီးရှို့ခံနေရပြီး အထူးသဖြင့် ရွှေဘို၊ ခင်ဦး၊…

Read More

အေ၊ ဘီ၊ စီ၊ ဒီ မှ အစ အာဇာနည်အထိ

ဆူးငှက် ကျွန်တော်တို့ ငယ်စဉ်ကာလ လူကြီးတွေ စကားဝိုင်းတွင် နားထောင်ဖြစ်သောအခါ သူတို့ပြောစကားတွေမှာ အေလမ်း၊ ဘီလမ်း၊ စီလမ်း ဟူ၍ပါရှိသည်။ ထိုအခါ ထိုလမ်းထိုနေရာသည် ဘယ်နေရာနည်း ဘာ့ကြောင့် ထိုသို့ခေါ်ဝေါသနည်း ဆိုသည်ကို သိချင်လာသည်။ ထိုအခါ ဦးကြီး၊ဦးလေးများ ဝမ်းကွဲ အစ်ကိုများကို မေးမြန်းရသည်။ တကယ်တော့ သူတို့သည် ပညာတတ်များ မဟုတ်ကြပါ။ သို့သော် သိသင့်သလောက် သိကြသူများဖြစ်သည်။ ဦးကြီး တစ်ယောက်က “ အင်္ဂလိပ်တပ်တွေ မန္တလေး တက်သိမ်းမယ်ဆိုတော့ ဧရာဝတီမြစ်ကြောင်း အတိုင်း သင်္ဘောတွေနဲ့ လာရမှာကွ၊ဂေါဝိန်ဆိပ်ရောက်တော့ အခု ဒို့မြင်နေရတဲ့ မြို့ရိုးကြီးနဲ့ နန်းတွင်းကို သင်္ဘောနဲ့ပါလာတဲ့ သူ့တပ်တွေက ချီတက်ရမှာကိုး၊ ဒီတင်မပုံမှာကြည့်တော့မစ်ဆိပ်ဘက်ကနေ နန်းတွင်းကိုရောက်တဲ့ လမ်းတွေကိုတွေ့တယ်။ အဓိက သွားနိုင်တဲ့ လမ်းပေါ့ကွာ၊ အဲဒါက ဂေါဝိန်ဆိပ်က အရှေ့တက်ပြီး အခု မင်္ဂလာတံခါးလို့ခေါ်တဲ့ ကျော်မိုးတံခါးဆီကို မြောက်တည့်တည့်…

Read More

ရန်ကုန်- မော်လမြိုင်ရထား လမ်းချော်ပြီး တွဲ ၄ တွဲပြတ်ကျကျန်ခဲ့လို့ ခရီးသည်တွေ ဒုက္ခရောက်ခဲ့ရ

ဧပြီ ၉ – ၂၀၂၃ GG (VOM) ရန်ကုန်-မော်လမြိုင် အမှတ်(၈၉) အဆန်အမြန်ရထားဟာ မနေ့ ဧပြီ ၈ရက်နေ့က ကျိုက္ကသာဘူတာနဲ့ ကျိုက်ထိုဘူတာလမ်းပိုင်းကြားမှာ လမ်းချော်ပြီး ရထားအတွဲ ၄ တွဲ ပြတ်ကျကျန်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ပြတ်ကျန်ခဲ့တဲ့ရထားတွဲပေါ်က ခရီးသည်တွေဟာ အနီးအနားရွာဒေသခံအကူအညီနဲ့ ခရီးဆက်ခဲ့ရတယ်လို့သိရပါတယ်။ ” မနေ့က၂နာရီခွဲလောက်က ကျိုက်ကသာဘူတာအကျော် မလော့ချောင်စေတီတစ်ထောင်ကုန်းဘေးတောင်ကုန်းကြားမှာ အရှိန်လွန်ပြီး ဘီးကချော်ထွက်ပြီး ရထားနောက်ပျက်ကျကျန်ခဲ့တာ။ အဲ့ဒီနားကရွာကလူတွေက ကားတွေနဲ့ကျိုက်ထိုကားဂိတ်ကိုပို့ပေးကြတာ။ရထားကဘူတာကြီးက စထွက်ပြီး တိုးကြောင်ကလေးဘူတာရပ်ပြီး ထွက်မယ်အလုပ်မှာလည်း စက်ထိုးရပ်လို့ပြင်ရသေးတယ်”လို့ ရထားတွဲပျက်ကျကျန်ခဲ့တဲ့အတွဲပေါ်မှ ခရီးသည်တဦးကပြောပါတယ်။ ရထားလမ်းချော်ပြီး ရထားတွဲတွေ​ပြတ်ကျန်ခဲ့ပေမယ့် လူထိခိုက်တာမျိုးတော့မရှိကြောင်း ၊ ရထားဟာရန်ကုန်ကနေ မော်လမြိုင်ကိုသွားတဲ့ ရထားဖြစ်ပြီး ရထားအတွဲ ၁၃ တွဲရှိကာ ခရီးသည် ၉၀၀နီးပါးလိုက်ပါလာတာဖြစ်တယ်လို့ သိရပါတယ်။ ” မတော်တဆမှုကြောင့် လမ်းချော်ပြီး ရထားတွဲဆိုင်း ၄ တွဲပြတ်ကျန်ခဲ့တာပါ။လူထိခိုက်မရှ်ိပါဘူး၊ဗုံးပေါက်တာလည်းမဟုတ်ပါဘူး။ရထားခရီးစဥ်တွေလည်းမရပ်ပါဘူး “လို့…

Read More
VOM News

FREE
VIEW