မီးသင်္ဂြိုဟ်စက်က တံခါးလက်လှည့်သံကွင်းနဲ့အလောင်းတင်တဲ့စင်က သံဘီးနဲ့သံဒလိမ့်တုံးတွေ အခိုးခံရ

မေ ၃ – ၂၀၂၃
GG (VOM)

ပြည်ခရိုင်၊ပန်းတောင်းမြို့နယ် ၊ဖောင်းကံ ရပ်ကွက် မီးသင်္ဂြိုဟ်စက်က အဖွင့်အပိတ်တံခါးက လက်လှည့်ကွင်း ၂ ကွင်း နဲ့ လူသေတင်တဲ့ တွန်းလှည်းစင်က သံဘီး ၂ လုံး ၊သံဒလိမ့်တုံးတွေ ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိမှာ မီးသဂြိုလ်တဲ့အခါ အခက်အခဲတွေ ဖြစ်နေရတယ်လို့ နာရေးကိစ္စ တွေမှာ ဦးစီး လုပ်ကိုင်နေတဲ့ ဆရာတော် ကမိန့် ပါတယ်။

” အခုလ ၂ ရက်နေ့လောက်က ပျောက်သွားတာ၊ သူတို့ကတော့ ဘာရယ်မဟုတ်ဘူ းခိုးသွားတာ၊ဒီမှာ တော့ မီးသင်္ဂြိုဟ်တဲ့အခါ ဒုက္ခရောက်ရတယ်၊မီးများတဲ့အခါဆို တံခါးကပွင့်ပွင့်လာလို့ လက်နဲ့တွန်းထားရတယ်။ ဘာမှလည်း တန်ကြေးမရှိပါဘူး သံတိုသံစစျေးနဲ့ ရောင်းစားဖို့လုပ်​ကြတာ ဖြစ်မှာပါ။ အခုတော့အဟောင်းဆိုင်တွေလိုက်ရှာဝယ်ရမှာပေါ့ “လို့ ဆရာတော်ကမိန့်ပါတယ်။

အ​ဆိုပါ မီးသင်္ဂြိုဟ်စက်ကို ပန်းတောင်းမြို့ပေါ်ရပ်ကွက် အတော်များများက လာရောက်အသုံးပြုကြကြောင်း ၊ မီးသင်္ဂြိုဟ်ရမယ့် စာရင်းများတဲ့ရက်တွေမှာဆိုရင် ဒုက္ခရောက်ရတယ်လို့ သိရပါတယ်။

” မီးသင်္ဂြိုဟ်စက်က ပစ္စည်းတောင်မချန်တော့ဘူး လစ်ရင်လစ်သလို အကုန်ခိုးနေကြတယ်၊ တဖြည်းဖြညး ပိုကြောက်ဖို့ကောင်းလာတယ်။ပြည်ဘက်ကအဟောင်းဆိုင်တွေကိုလည်းအသိပေးထားတယ် “လို့ ပန်းတောင်း ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ခိုးယူခံလိုက်ရတဲ့ မီးသင်္ဂြိုဟ်စက်က သံထည်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ပြည်မြို့က သံတိုသံစ ရောင်းဝယ်ရေးဆိုင်တွေကို လာရောက်ရောင်းချပါက ပြန်လည်ဝယ်ယူမယ်ဆိုတာကို အကြောင်းကြားထားတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပန်းတောင်းမြို့နယ် #မီးသင်္ဂြိုဟ်စက်ပစ္စည်းတွေအခိုးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW