လာအိုအစိုးရကို ဝေဖန်ရေးသားလေ့ရှိသူတဦး သေနတ်နဲ့ ပစ်သတ်ခံရ

ဗီယင်ကျန်း၊ မေ-၄-၂၀၂၃
မျိုးဆက်(VOM)

လာအိုအစိုးရကို ဝေဖန်တဲ့လူသိများတဲ့ ဖေ၀န်ရေးသမားတဦးဟာ မြို့တော်ဗီယင်ကျန်းမှာ ညဘက်နှောင်းပိုင်း တိုက်ခိုက်မှုအတွင်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

အသက် ၂၅ နှစ်အရွယ် Luangsuphom ဟာ ပြီးခဲ့တဲ့ စနေနေ့က ကော်ဖီဆိုင်ထိုင်နေစဉ်မှာ မျက်နှာနဲ့ ရင်ဘတ်ကို သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

သူဟာ လာအို ကွန်မြူနစ်အာဏာပိုင်တွေကို ရဲရဲဝံ့ဝံ့ဝေဖန်ရေးသားတဲ့ Kub Kluen Duay Keyboard ဆိုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို တည်ထောင်ရေးသားနေသူဖြစ်ပါတယ်။

ရက်စက်ကြမ်းကြုတ်ပြီးသွေးအေးတဲ့ သတ်ဖြတ်မှုအတွက် စုံစမ်းစစ်ဆေးမှုတွေ မလုပ်သေးတဲ့အပေါ် လာအိုတာ၀န်ရှိသူတွေက လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောဆိုနေကြပါတယ်။

တိုက်ခိုက်မှုကို လုံခြုံရေးကင်မရာကတဆင့် မှတ်တမ်းရယူထားနိုင်ခဲ့ပြီး အညိုရောင်လက်ရှည်နဲ့ အနက်ရောင်ဦးထုတ်ဆောင်းထားတဲ့အမျိုးသားတဦးဟာ ကော်ဖီဆိုင်ထဲကို၀င်လာပြီး ထိုင်နေတဲ့ Luangsuphom ကိုနှစ်ကြိမ်တိုင် ပစ်ခတ်ခဲ့ပါတယ်။

Luangsuphom ကိုဆေးရုံပို့ဆောင်စဉ် လမ်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါဟာ လာအိုအစိုးရကို ဝေဖန်သူတွေ ဘယ်သူမှဘေးမကင်းဘူးဆိုတဲ့ ကျောချမ်းစရာ သတင်းစကားဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ဗီယင်ကျန်း

Related posts

Leave a Comment

VOM News

FREE
VIEW