အကြောင်းအမျိုးမျိုးကြောင့် မွေးမြူရေးလုပ်ငန်းတွေ ရာနှုန်းပြည့်မလည်ပတ်နိုင်သေးဘဲ ၇၀ ရာခိုင်နှုန်းအထိ ရပ်နားနေရ

မေလ၊၅-၂၀၂၃
MM [VOM]

နိုင်ငံတဝှမ်းမှာ အကြောင်း အမျိုးမျိုးကြောင့် မွေးမြူရေး လုပ်ငန်းတွေရပ်နားထားရပြီးပျှမ်းမျှ ၃၀ ရာခိုင်နှုန်း လောက်သာလည်ပတ်နေကာ ၇၀ ရာခိုင်နှုန်းအထိ ရပ်နား နေရတယ်လို့မွေးမြူရေးလုပ်ငန်း ရှင်တွေဆီကနေ သိရပါတယ်။

ကိုဗစ်ရောဂါနဲ့ နိုင်ငံရေး အပြောင်းအလဲဖြစ်ပွားတဲ့ဒဏ်တွေကြောင့် မွေးမြူရေးသုံး စရိတ်တွေတက်လာတာ၊လုပ်သားခတွေတက်လာတာ၊ အစာဈေး ၊ ဆေးဈေးတွေ တက်လာတာ၊ထွက်ကုန်တွေ ရောင်းချတဲ့အခါ ပြည်တွင်း ဈေးကွက် တခုတည်းကို အားကိုနေရတာ၊ သယ်ယူစရိတ် တွေ အရင်ထက် ၂ ဆလောက်မြင့်တက်လာတာ စတဲ့အခြေအနေ အခက်အခဲတွေကြောင့် မွေးမြူရေးလုပ်ငန်းတွေ ၃၀ ရာခိုင်နှုန်းသာ လည်ပတ်နေပြီး ၇၀ ရာခိုင်နှုန်းအထိ ရပ်နားနေရတယ်လို့ သိရပါတယ်။

”အခု မွေးမြူရေးလုပ်ငန်းတွေ ရာနှုန်းပြည့် မလည်ပတ် နိုင်သေးပါဘူး၊အရင်က မွေးမြူရေး လုပ်ငန်းရှင်တချို့က ကာလပေါ်အလုပ်တွေကိုပဲ လုပ်လာတော့တယ်၊ မွေးမြူရေးအလုပ်ကို မလုပ်တော့ဘူး၊ ရှုံးတဲ့ဒဏ်ကို ရေရှည် တောင့်မခံနိုင်တော့တဲ့လုပ်ငန်းရှင်တွေ ရပ်နားကုန်တာ၊ ခုတ်သာ ခံသာရှိတဲ့သူတွေပဲ လုပ်တော့တာ၊ လက်ရှိ မွေးမြူရေး လုပ်ငန်းတွေအကုန်လုံး အနေနဲ့ ၃၀ ရာခိုင်နှုန်းလောက်ဘဲ လည်ပတ်နေတာ၊ ဒါ့ကြောင့်လည်း မွေးမြူရေး လုပ်ငန်းက ထွက်တဲ့ထွက် ကုန်တွေဈေး ထိုးတက်နေတာပေါ့။”လို့ မွေးမြူရေးလုပ်ငန်းများ အသင်းက မွေးမြူရေးတာဝန်ခံတစ်ဦးကပြောပါတယ်။

အကြောင်း အမျိုးမျိုးကြောင့် ရပ်နားနေရတဲ့မွေးမြူရေးလုပ်ငန်းတွေမှာ ကြက်မွေးမြူရေး လုပ်ငန်း၊ဝက်မွေးမြူ ရေးလုပ်ငန်းနဲ့ ငါးမွေးမြူရေးလုပ်ငန်းတွေဖြစ်ကာ အဲ့ဒီ မွေးမြူရေးလုပ်ငန်းတွေပဲ အများဆုံး ရပ်နားနေရတာဖြစ်တယ်လို့ သိရပါတယ်။

”မွေးမြူရေးလုပ်ငန်းတွေကထွက်တဲ့ ငါးတွေ ၊ ကြက်သားတွေ ၊ ကြက်ဥတွေ ၊ ဝက်သားတွေ ဈေးတက်လာတယ်လို့ မပြောပါနဲ့ မွေးမြူရေးလုပ်ငန်းတွေကပုံမှန်အတိုင်း မလည်ပတ်နိုင်သေးပါဘူး၊ ရပ်နားထားတဲ့ လုပ်ငန်းရှင်တွေက များနေတယ်၊ လည်ပတ်နေတာက ၃၀ ရာခိုင်နှုန်း လောက်ပဲရှိတယ်၊ အခုမွေးမြူရေးလုပ်ငန်းရှင်တွေထဲမှာလည်း ငါးဆို ဧကလျော့ချမွေးတဲ့သူ ၊ကြက်ဆိုလည်း အကောင်ရေ လျော့မွေးတဲ့သူတွေရှိလာတယ်၊ မွေးမြူရေး လုပ်ငန်းတွေ ပြန်နလန်ထူလာဖို့ဆို မွေးမြူရေးသွင်းအား စုတွေ ဈေးကျမှ အဆင်ပြေမယ်။”လို့ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

လက်ရှိ လည်ပတ်မွေးမြူလုပ်ကိုင်နေတဲ့ မွေးမြူရေးလုပ်ငန်းတွေ မရပ်တန့်သွားစေဖို့နဲ့ ရပ်နားသွားတဲ့မွေးမြူရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နိုင်စေဖို့ အစာဈေး၊ ဆေးဝါးဈေး ၊စက်သုံးဆီဈေး ၊ကုန်တင်ကားခဈေး ၊စတဲ့ဈေးနှုန်းတွေ ကျဆင်းကာ မွေးမြူရေးထွက်ကုန်တွေ ဈေးကောင်းကောင်းရရှိမှ အဆင်ပြေမယ်လို့ သိရပါတယ်။

ဒါ့အပြင် ထွက်ကုန်တွေ တင်ပို့သယ်ယူရောင်းချတဲ့အခါ လမ်းခရီးမှာ အစစ်အဆေးတွေများနေတာကြောင့် အချိန်ကြန့်ကြာတာတွေနဲ့ ကုန်သည်တွေသယ်လာတဲ့ ပစ္စည်းတွေနဲ့ ကုန်တွေ၊ ကုန်တင်ကားတွေကို မှားယွင်း ဖမ်းဆီးတာတွေရှိနေတာကြောင့်အခက်အခဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မွေးမြူရေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW