မင်္ဂလာဒုံNLDအလုပ်မှုဆောင်ဖြစ်သူရဲ့ ညီမနဲ့ တူမ သေနတ်နဲ့ပစ်သတ်ခံရ

မေ ၇ – ၂၀၂၃
GG (VOM)

ရန်ကုန်မြို့၊ မင်္ဂလာဒုံ မြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်နဲ့မိခင်ဖြစ်သူတို့ ဒီနေ့မေလ ၇ ရက်နေ့မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အသတ်ခံရတဲ့ သားအမိနှစ်ဦးဟာ မင်္ဂလာဒုံမြို့နယ်ကုန်းတလဘောင်ကျေးရွာ၊ မိုးမခလမ်းမှာနေထိုင်သူတွေဖြစ်ကြောင်း အ​မေက အသက် ၃၈ နှစ်အရွယ် မကြူကြူနိုင် ဖြစ်ပြီး ကလေးငယ်က အသက် ၁၀ နှစ်အရွယ် မချစ်သမီး ဆိုသူတို့ဖြစ်တယ်လို့ သိရပါတယ်။

” သူတို့အိမ်မှာပဲ စျေးရောင်းနေချိန် အိမ်ရှေ့ကိုကားနဲ့ရောက်လာပြီး အထဲထိဝင်ပစ်သွားတာလို့သိရတယ်။ ခေါင်းတွေကို အနီးကပ်ကို တေ့ပစ်သွားတာ ။မနက် ၉ နာရီလောက်မှာဖြစ်သွားတာ။ အသံတိတ်သေနတ်သုံးပြီးပစ်သွားတာလို့ပြောတယ် “လို့ မင်္ဂလာဒုံမြို့နယ် နေထိုင်သူတစ်ဦးကပြောပါတယ်။

အသတ်ခံရတဲ့ သားအမိနှစ်ဦးဟာ မင်္ဂလာဒုံမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်ဖြစ်သူ ဦးဝင်းနိုင်မိုးဆိုသူရဲ့ ညီမနဲ့တူမဖြစ်ကြောင်း ၊ ဦးဝင်းနိုင်ကတော့ နေအိမ်မှာမရှိဘဲ တိမ်းရှောင်နေတာကြာပြီဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ သားအမိနှစ်ယောက်ပစ်ခတ်ခံရပြီးနောက် လာရောက်စစ်ဆေးတာတွေလုပ်ခဲ့ပြီး မေးမြန်းရှာဖွေခဲ့ပေမယ့် ပစ်ခတ်သွားသူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းနဲ့ သေဆုံး သားအမိကိုတော့ မင်္ဂလာဒုံမြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #မင်္ဂလာဒုံံ #NLDအလုပ်အမှုဆောင်ညီမနဲ့တူမ #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW