မေ ၁၄ – ၂၀၂၃ SN (VOM) စစ်တွေမြို့၊ မြစ်ကမ်းနားဖက် မိဇံရပ်ကွက်အတွင်းကို မုန်တိုင်းဒီရေ အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ဒေသခံတွေ ပိတ်မိတာတွေရှိနေတယ်လို့ သိရပါတယ်။ ဒီနေ့ မေ ၁၄ ရက်၊ နေ့လယ် ၂ နာရီကျော်အချိန်က စတင်ပြီး ပင်လယ်ဒီရေတွေ တက်နေတာဖြစ်ပြီး အမြင့် သုံးပေအထိ ရှိနေပြီဖြစ်ကာ အဲဒီရပ်ကွက်အတွင်းက ပြည်သူတွေကို အရေးပေါ်ကယ်ဆယ်ဖို့ လိုအပ်နေတယ်လို့လည်း သိရပါတယ်။ “လက်ရှိ အခြေအနေကတော့ ဘယ်လိုမှ ပြောလို့မရလောက်တဲ့ အခြေအနေဖြစ်သွားပြီ။ အိမ်မှာ လူကြီးတွေချည်းပဲ ၃ ယောက်ကျန်ခဲ့တယ်။ လူကြီးတွေဆိုတော့ ရွှေ့ပြောင်းမယ်ပြောတာ ဘယ်လိုမှမပြောင်းကြဘူး၊ ပြောလို့မရဘူး။ ကျွန်မတို့အိမ်ကနှစ်ဆင့်၊ ကမ်းနားဘက်မှာ။ ရေက လှေကား ၄ ထစ်ကိုတက်သွားပြီ။ အိမ်အောက်နေဆိုရင် ရေက လူတစ်ရပ်စာပြည့်နေတာ။ နောက် လှေကားနှစ်ထစ်ဆိုရင် လူနေလို့မရတော့ဘူး။ အခုက လှေကားနှစ်ထစ်ပဲ…
Read MoreDay: May 14, 2023
မိုခါမုန်းတိုင်းရဲ့ သဘာဝဘေးဒဏ်ကြောင့် ဒီကနေ့ ၁ ရက်တည်းမှာ သေဆုံးသူ ၆ ဦးအထိရှိလာ
မေ ၁၄ -၂၀၂၃ SP(VOM) ဒီကနေ့ မေ ၁၄ ရက် မနက်အစောပိုင်း ၃ နာရီကစလို့ ညနေ ၄ နာရီအထိ နိုင်ငံနဲ့အဝှမ်း သဘာဝဘေးဒဏ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆ ယောက်အထိ ရှိသွားပြီလို့ သက်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၃ နာရီဝန်းကျင်က ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို့ ၊ ဆန်ဆိုင်းရပ်ကွက်မှာ မြေပြိုပြီး နေအိမ်ပေါ်ပိလို့ အိမ်ထဲမှာအိပ်ပျော်နေတဲ့ လင်မယား ၂ ယောက်သေတယ် ၊ နောက်ပြီး ဒီမနက် ၈ နာရီခွဲ ဝန်းကျင်က မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ အနီးစခန်းနားက မန္တလေး – ပြင်ဦးလွင် အတက်ကားလမ်းမှာ သစ်ပင်လဲရာက ရဲတပ်ကြပ်ကြီး သန်းဝင်းဆိုသူ ပေါ်ပိလို့သေဆုံးတယ် ။ဒါ့အပြင် ဒီကနေ့…
Read Moreမိုခါမုန်တိုင်း အရှိန်ကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အကြီးဆုံး MPT ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲခဲ့ပြီး သံတွဲလေဆိပ်အပါဝင် နေရာအချို့မှာ ပျက်စီးမှုတွေ ဖြစ်ပေါ်
မေ ၁၄ – ၂၀၂၃ SN (VOM) အားအလွန့်အလွန်ကောင်းတဲ့ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မေ ၁၄ ရက် (ဒီနေ့) မနက်ပိုင်းကစတင်ကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အကြီးဆုံး MPT ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲခဲ့ပြီး သံတွဲလေဆိပ်အပါဝင် နေရာအချို့မှာ ပျက်စီးမှုတွေ ဖြစ်ပေါ် ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ဒီနေ့ မေ ၁၄ ရက်နေ့ မနက်ပိုင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်တဲ့ မုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေပြင်းနဲ့အတူ MPT ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ MPT ဖုန်းလိုင်းနဲ့ အခြားလိုင်း အားလုံး ဖုန်းလိုင်းမိနေပေမယ့် လိုင်းတော့ ကောင်းမွန်ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် မနက် ၉ နာရီ မိနစ် ၂၀ အချိန်ဝန်းကျင်ကလည်း တစ်နာရီ…
Read Moreမန္တလေး – ပြင်ဦးလွင် အတက်ကားလမ်းမှာ ရဲတပ်ကြပ်ကြီး ၁ ဦး သစ်ပင်ပိလို့ သေဆုံး
မေ ၊ ၁၄ ၊ ၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့နယ် ၊ အနီးစခန်းနားက မန္တလေး – ပြင်ဦးလွင် အတက်ကားလမ်း ၊ မိုင်တိုင်အမှတ် ၃၅/၆ နှဲ့ ၃၅/၇ အကြား ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ၊ခြောက်သွေ့ဆွေးမြေ့နေတဲ့ ညောင်ပင်လဲကျကာ လူတယောက် သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင် ဒေသခံ လူမှုကူညီရေ အဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၈ နာရီ မိနစ် ၂၀ ဝန်းကျင်က ဖြစ်တာပါ ၊ အနီးစခန်းနားက ရဲကင်စခန်းနဲ့ ပေ ၁၅၀ အကွာက ဆွေးမြေ့သစ်ပင် ညောင်ပင်ကြီး ပြိုလဲတာပါ ၊ မန္တလေး – ပြင်ဦးလွင်ကားပေါ်ကို ကန့်လန့်ဖြတ်လဲတာ ၊ လူတယောက်လဲ အဲ့ဒီ သစ်ပင်ပိလို့…
Read Moreဧရာဝတီတိုင်းထဲမှာ ဆင်သေဆုံးမှုတွေ များပြားလာပြီးနောက် သင်းကွဲဆင်းတွေ ကျေးရွာအတွင်း ဝင်ရောက်လာ
မေ ၊ ၁၄ ၊ ၂၀၂၃ SP (VOM) ဧရာဝတီတိုင်း ၊ ငပုတောမြို့နယ်ထဲက ကျေးရွာတွေကို သင်းကွဲဆင်တွေ မကြာခဏဝင်ရောက်တတ်လေ့ရှိပြီး မနေ့ မေ ၁၃ ရက်က ငရုတ်ကောင်းတောင်ရွာနားမှာ သင်းကွဲ ဆင်သားပေါက်တစ်ကောင်ကို ဒေသခံတွေက ဖမ်းဆီးရမိထားတယ်လို့ သစ်တောရေးရာဌာနဆီက သိရပါတယ်။ ” ငရုတ်ကောင်းရွာနားမှာ ဒေသခံတွေ ဖမ်းဆီးရမိပြီး ထိန်းသိမ်းစောင့်ရှောက်ပေးထားတဲ့ ဆင်သားပေါက်လေးက ၂ လသားအရွယ် ၊ တောဆင်ရိုင်း အမျိုးအစားဖြစ်တယ် ၊ အရပ်က ၃ ပေရှိတယ် ၊ ဒီအရွယ်က မိခင်နဲ့ အတူနေ နို့စို့အရွယ်ဖြစ်တာမို့ ဆင်လေးရဲ့ မိခင်ဖြစ်တဲ့ ဆင်မကြီး အသတ်ခံထားရတယ်လို့ ယူဆရတယ် ၊ အဲ့ဒါကြောင့် ဆင်လေးကို နို့ဗူးတိုက်ပြီး ဒေသခံတွေက စောင့်ရှောက်ပေးထားရတာ ” လို့ ငရုတ်ကောင်းတောင်ရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။…
Read Moreမုန်တိုင်း`မိုခါ´ကြောင့် ရခိုင်က ရေကြောင်းနဲ့ လေကြောင်း ခရီးစဉ်အားလုံး ရပ်ဆိုင်းထား
မေ၊၁၄-၂၀၂၃ MM(VOM) ဘင်္ဂလားပင်လယ်အော်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဟာ ရခိုင်ပြည်နယ်ကိုဖြတ်ကျော်ဝင်ရောက်မှာဖြစ်တာကြောင့် ရခိုင်ပြည်နယ်ကနေ အခြားဒေသတွေကိုသွားမယ့် ခရီးစဉ်တွေအားလုံး ယာယီရပ်ဆိုင်းထားတယ်လို့ ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”ဟာ ရခိုင်ပြည်နယ်ကိုဖြတ်ကျော်ဝင်ရောက်နိုင်တာကြောင့် ပြည်တွင်းရေကြောင်းလိုင်း၊ ကုန်တင်ရေယာဉ်တွေနဲ့ ပင်လယ်ကူးသင်္ဘောတွေကိုရပ်နားထားကြဖို့အပြင်လေကြောင်းခရီးစဉ်တွေနဲ့ ကုန်းလမ်းခရီးစဉ်တွေကိုပါရပ်ဆိုင်းထားတာလို့ သိရပါတယ်။ “ရခိုင်ပြည်နယ်ကနေ ဒေသ အသီးသီးကိုပြေးဆွဲနေတဲ့ ခရီးစဉ်တွေအကုန်လုံးကို ယာယီရပ်နားကြဖို့စာထုတ်ပြန်ထားတာပါ၊ အကုန်လုံးပါတယ်၊ မုန်တိုင်းပြီးမှ ပြန်လည် စတင်လည်ပတ်ခွင့်ပေးမှာဖြစ်တယ်လို့သိရတယ်၊ အားလုံး အန္တရာယ်ကင်းရှင်းစေရေးအတွက် ရပ်နားထားခြင်းဖြစ်တယ်၊ ရေယာဉ်ခရီးစဉ်တွေက မေလ ၁၁ ရက်က စတင် ရပ်နားပါတယ်၊လေကြောင်းနဲ့ ကုန်းလမ်းခရီးစဉ်တွေကတော့ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ရပ်နားတာပါ”လို့ ပြည်တွင်း ခရီးသွားလတ် မှတ်ရောင်းချတဲ့ ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။ မုန်တိုင်းကြောင့် ပြေးဆွဲမှုယာယီ ရပ်ဆိုင်းထားတဲ့ ရေကြောင်း ၊ လေကြောင်း ၊ ကုန်းလမ်းမော်တော် ယာဉ် ခရီးစဉ်တွေ အားလုံးကို မုန်တိုင်းအခြေအပေါ်မူတည်ပြီး…
Read Moreတာချီလိတ်မှာ မြေပြိုကျပြီး လူနေအိမ်ပေါ်ပိလို့ လူ ၂ ဦးသေဆုံး
မေ ၊ ၁၄ ၊ ၂၀၂၃ SP( VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့ ၊ ဆန်ဆိုင်း (ခ) ရပ်ကွက်နဲ့ (စျ) ရပ်ကွက်အကြား ဒီကနေ့ မနက် အစောပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ညက တညလုံးမိုးရွာတယ် ၊ ဒီမနက် အစောပိုင်းမှာ မြေပြိုကျပြီး နေအိမ်တလုံးပေါ်ပိတယ် ၊ အိမ်ထဲမှာ အိပ်ပျော်နေတဲ့ လင်မယား ၂ ဦး မြေပိပြီး ပျောက်ဆုံးနေတယ် ၊ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ပေနေတယ် ” လို့ တာချီလိတ်မြို့ခံ ဦးလှမိုး လူမှုကူညီရေး အဖွဲ့ဝင် ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တာချီလိတ် မီးသတ်အဖွဲ့ဝင် တယောက်က…
Read Moreထိုင်းရွေးကောက်ပွဲ မဲပေးမှုစတင်၊ စစ်တပ်ဆန့်ကျင်ရေးပါတီတွေ အလားအလာကောင်း
ဘန်ကောက်၊ မေ-၁၄-၂၀၂၃ မျိုးဆက်(VOM) ဖြုတ်ချခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သမီးဖြစ်သူ အနိုင်ရဖို့ရေပန်းစားနေတဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ မဲပေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်တပ်အာဏာသိမ်းမှု ဒါဇင်နှဲ့ချီ ကြုံတွေ့ခဲ့ရတဲ့ထိုင်းနိုင်ငံအတွက် အချိုးအကွေ့တခုဖြစ်ဖွယ် ရှိနေပါတယ်။ ၂၀၁၄ ခုနှစ် နောက်ဆုံးအာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့စစ်ဗိုလ်ချုပ်ကြီးဟောင်း ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာကတော့ နောက်ထပ်သက်တမ်းအတွက် ဝင်ရောက်ယှဥ်ပြိုင်နေပါတယ်။ ဒါပေမယ့်လည်း စစ်တပ်ဆန့်ကျင်ရေး ပါတီနှစ်ခုရဲ့ ပြင်းထန်တဲ့စျန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရွေးကောက်ပွဲမှာ သက်ဆင်ရဲ့သမီးဖြူထိုင်းပါတီရဲ့ ပါတွန်တန် ရှင်နာဝပ်ထရာက ဦးဆောင်နေ ပြီး သူမဟာ နိုင်ငံရဲ့ကျေးလက်ဒေသ၊ ဝင်ငွေနည်းသောဒေသတွေမှာ လူကြိုက်များနေပါတယ်။ အသက် ၄၂ နှစ်အရွယ် နည်းပညာအမှုဆောင်ဟောင်း ပီတာလင်ဂျာရိုရက် ဦးဆောင်တဲ့ Move Forward ပာတီဟာလည်း သဘောထားစစ်တမ်းတွေမှာ လူထုထောက်ခံမှုနှုန်း မြင့်တက်နေပါတယ်။ Ref:BBC Photo:Getty Images #voiceofmyanmar #VOM #ထိုင်းရွေးကောက်ပွဲ
Read Moreမုန်တိုင်းရွေ့နှုန်း ပိုမြန်လာတဲ့အတွက် ကုန်းတွင်းကို မုန်တိုင်းဖြတ်မယ့်အချိန် ပိုမိုစောလာနိုင်
မေ ၁၄ – ၂၀၂၃ SN (VOM) ပင်လယ်ပြင်မှာ မုန်တိုင်းရွေ့နှုန်း ပိုမြန်လာတဲ့အတွက် ဒီနေ့ မေ ၁၄ ရက်မှာ မုန်တိုင်း ကုန်းတွင်းကိုဖြတ်မယ့်အချိန် ပိုမိုစောသွားနိုင်ပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်လောက် ဖြစ်သွားနိုင်တယ်လို့ မိုးလေဝသ လေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။ နောက်ဆုံး ခန့်မှန်းချက်အရ မေလ ၁၄ ရက်၊ ဒီနေ့မနက် ၄ နာရီခန့်မှာ မုန်တိုင်းအရှေ့ပိုင်း စတင်ဖြတ်ကျော်မှာဖြစ်ကာ နေ့လယ် ၁၁ နာရီခန့်မှာတော့ မုန်တိုင်းဗဟို ဖြတ်ကျော်ဝင်ရောက်ပြီး ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ အခုနောက်ဆုံး (မေ ၁၃ ရက်၊ ည ၁၁ နာရီခွဲကျော်အချိန်) ထွက်လာတဲ့ JTWC warning 11 ခန့်မှန်းချက်အရဆိုပါက မုန်တိုင်း ဖြတ်သန်းဝင်ရောက်မယ့်နေရာဟာ စစ်တွေမြို့အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာ မကျည်းချောင်း…
Read Moreမိုခါမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို လေတိုက်နှုန်း တစ်နာရီ ၁၁၂ မိုင်နဲ့ ဝင်ရောက်နိုင်ချေရှိ
မေ ၁၃ – ၂၀၂၃ SN (VOM) မိုခါမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို အကြီးမားဆုံးသက်ရောက်မှုအဖြစ် မေ ၁၄ ရက်၊ နေ့လယ် ၁၂ နာရီလောက်က စတင်ပြီး လေတိုက်နှုန်း တစ်နာရီ ၁၁၂ မိုင်နဲ့ ဝင်ရောက်နိုင်ချေရှိတယ်လို့ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။ “အကြီးမားဆုံး သက်ရောက်နိုင်မယ့်အချိန်က မေ ၁၄ ရက်၊ နေ့လယ် ၁၂ နာရီလောက်က စမယ်။ အဲ့ဒီမှာ လေတိုက်နှုန်းက တစ်နာရီကို ၁၁၂ မိုင်နှုန်း။ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း CAT-2 ပေါ့။ အခု ခန့်မှန်းချက်တွေအရ CAT-3 အထိ ပြန်လျော့သွားတယ်ဆိုပေမယ့် တကယ်တမ်း ကုန်းတွင်းဝင်ချိန်ကျရင်တော့ CAT-2 အဆင့်ဖြစ်သွားမယ်။ ဘာလို့လဲဆိုတော့ သူက ကုန်းတွင်းကို ကပ်လာလေလေ တောင်တွေနဲ့ထိပြီး ပေ ၅၀၀၀ အောက်က လေစီးကြောင်းတွေက…
Read More