ကမ္ဘောဒီးယား အတိုက်အခံပါတီကို ရွေးကောက်ပွဲ၀င်ရောက်ခွင့် ပိတ်ပင် ၊ ၀န်ကြီးချုပ်ဟွန်ဆန် အာဏာဆက်လက် ကိုင်စွဲနိုင်ဖွယ်ရှိ

ဖနောင်ပင်၊ မေ-၁၆-၂၀၂၃
မျိုးဆက်(VOM)

ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိကအတိုက်အခံပါတီနဲ့ ၀န်ကြီးချုပ်ဟွန်ဆန်ကို ရွေးကောက်ပွဲမှာ စိန်ခေါ်နိုင်လောက်တဲ့ပြိုင်ဘက်ပါတီကို ဇူလိုင်လမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်ခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပါတီရဲ့စာရွက်စာတမ်းတွေမှန်ကန်မှုမရှိဆိုကာ ကမ္ဘောဒီးယားအတို်က်အခံ Candlelight ပါတီကို အရည်အချင်းမပြည့်မီကြောင်း ရွေးကောက်ပွဲအာဏာပိုင်တွေက ပယ်ချခဲ့ခြင်းဖြစ်ပါတယ်။

အခုလိုပိတ်ပင်တားမြစ်မှုဟာ ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်မယ့် ၀န်ကြီးချုပ်ဟွန်ဆန်က သူ့အတွက်စိန်ခေါ်မှုတွေကို ထပ်မံဖယ်ရှားရှင်းလိုက်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားပြီး အာဏာကိုဆက်လက်ကိုင်စွဲနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ပြောဆိုပါတယ်။

ပါတီကို ရွေးကောက်ပွဲ၀င်ရောက်ခွင့် ပိတ်ပင်ခြင်းလိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို အယူခံ၀င်သွားမယ်လို့ Candlelight ပါတီက ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်ခြင်းများပြုလုပ်ရာမှာ ပိတ်ဆို့ခြင်းတွေနဲ့ ကြုံနေရကြောင်း ပါတီထိပ်တန်းပုဂ္ဂိုလ်တွေက ယခုလအစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

Candlelight ပါတီကို ဖျက်သိမ်းခံလိုက်ရတဲ့အတိုက်အခံပါတီတွေက အင်အားစုတွေနဲ့ လွန်ခဲ့တဲ့နှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကကျင်းပတဲ့ ဒေသန္တရရွေးကောက်ပွဲတွေမှာ ထောက်ခံမဲ ၂၂ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဖနောင်ပင်

Related posts

Leave a Comment

VOM News

FREE
VIEW