ဆီးရီးယားသမ္မတအာဆက် အာရပ်အဖွဲ့ချုပ်အစည်းအဝေး ပထမဆုံးအကြိမ် တက်ရောက်မယ်

ရီယတ်၊ မေ-၁၉-၂၀၂၃
မျိုးဆက်(VOM)

ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆက်ဟာ အာရပ်အဖွဲ့ချုပ်အစည်းအဝေးသို့ ပထမဆုံးအကြိမ် တက်ရောက်ဖို့ ဆော်ဒီအာရေဗျကို မေ ၁၈ ရက်မှာ ရောက်ရှိနေပါတယ်။

ဆီးရီးယားအစိုးရဟာ ဒီမိုကရေစီလိုလာသောဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လူသန်းတ၀က်သေဆုံးခဲ့တဲ့ ပြည်တွင်းစစ်ဖြစ်ပွားမှုကြောင့် အာရပ်အဖွဲ့ချုပ်ရဲ့ ထုတ်ပယ်မှုကို ခံခဲ့ရပြီး သမ္မတအာဆက်ကိုလည်း ကမ္ဘာ့ခေါင်းဆောင်တွေက ရှောင်ဖယ်ခဲ့ကြပါတယ်။

အာရပ်အဖွဲ့ချုပ်က ဆီးရီးယားကို အဖွဲ့၀င်အဖြစ်ကနေ ထုတ်ပယ်ခဲ့ပြီးနောက် ၁၂ နှစ်အကြာ ယခုလအတွင်းမှာ အဖွဲ့၀င်နိုင်ငံအဖြစ် အာရပ်အဖွဲ့ချုပ်က ပြန်လည်လက်ခံခဲ့ပါတယ်။

ဆီးရီးယားအစိုးရနဲ့ မသင့်မြတ်တဲ့နိုင်ငံကြီးတွေကလည်း တူရကီနဲ့ ဆီးရီးယားအနောက်မြောက်ပိုင်းမှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်ပြီးနောက် ဆီးရီးယားအစိုးရထိန်းချုပ်ရာဒေသတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အရှိန်မြှင့်ပေးပို့ခဲ့ပါတယ်။

ဆီးရီးယားမှာ ပြည်တွင်းစစ်ကြောင့် လူဦးရေ ၂၂ သန်းအနက် ထက်၀က်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး သူတို့ထဲက လူပေါင်း ၆ ဒသမ ၈သန်းကတော့ ပြည်တွင်းမှာ နေရပ်စွန့်ခွာနေရပြီး အခြား ခြောက်သန်းကတော့ ပြည်ပကို ထွက်ပြေးခဲ့ရပါတယ်။

Ref: BBC
Photo:Reuters
#VOM #voiceofmyanmar #ရီယတ်

Related posts

Leave a Comment

VOM News

FREE
VIEW