ယူကရိန်း ဘက်မွတ်ခ်မြို့ကို ဇွန်(၁) ရက်နောက်ဆုံးထားပြီး ရုရှားစစ်တပ်ကို လွှဲပြောင်းပေးမယ်လို့ ၀က်ဂနာ ကြေးစားအဖွဲ့ပြော

မော်စကို၊ မေ-၂၃-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ ဘက်မွတ်ခ်မြို့ကို ရုရှားစစ်တပ်ထံ ဇွန် ၁ ရက်နေ့နောက်ဆုံးထားပြီး လွှဲပြောင်းမှာဖြစ်ကြောင်း ရုရှားကြေးစားစစ်သားအဖွဲ့ ၀က်ဂနာအကြီးအကဲက ကတိပြုပြောဆိုလိုက်ပါတယ်။

ဘတ်မွတ်ခ်မြို့ကို ပြီးခဲ့တဲ့စနေနေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း ၀က်ဂနာကြေးစစ်သားအဖွဲ့ တည်ထောင်သူ ယက်ဂျန်နီကရီဂိုဟင်က ထုတ်ဖော်ပြောဆိုထားပေမယ့်လည်း ယူကရိန်းစစ်သားတွေဟာ မြို့ရဲ့ အစိတ်အပိုင်အချို့ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း ယူကရိန်းက အခိုင်အမာဆိုပါတယ်။

ယူကရိန်းတပ်တွေဟာ မြို့ရဲ့ဆင်ခြေဖုံးတွေမှာ ဆက်လက်ချီတက်တိုက်ခိုက်နေဆဲလို့ သူကပြောပါတယ်။ ဒါပေမယ့်လည်း ၀က်ဂနာအဖွဲ့အကြီးအကဲကတော့ ဘက်မွတ်ခ်မြို့ကို လာမယ့် ကြာသပတေးနေ့ကစပြီး ရုရှားစစ်တပ်ကို လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။

၀က်ဂနာအဖွဲ့အနေနဲ့ ဘက်မွတ်ခ်မြို့ကနေ မေ ၂၅ ရက်နဲ့ ဇွန် ၁ ရက်အကြားမှာ ထွက်ခွာမယ်လို့ ဆိုပါတယ်။ ဒီလိုအပြောင်းအရွှေ့မတိုင်မီမြို့အနောက်ဘက်မှာ ခံစစ်စည်းတွေ ထူထောင်ခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်းလက်ထောက်ကာကွယ်ရေး၀န်ကြီး ဟန်နာမာလီယာကတော့ ဘက်မွတ်ခ်မြို့မှာ ယူကရိန်းတပ်တွေရဲ့ ခြေကုပ်အနည်းငယ်ကျန်ရှိနေသေးပြီး မြို့စွန်ဘက်ကို ချီတက်နေကြကာ ရန်သူတွေရဲ့ လှုပ်ရှားမှုတွေ လျော့ကျသွားကြောင်း ပြောဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#VOM #voiceofmyanmar #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW