ဗန်းမောက်မြို့ပေါ်မှာ လူသုံးကုန်နဲ့ စားသောက်ကုန်စည်တွေ ပြတ်လပ်နေ

မေ ၂၇ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့ပေါ်မှာ အခြေခံ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်စည်တွေ ပြတ်လပ်နေပြီး စျေးနူန်းအဆမတန် ကြီးမြင့်မှုတွေကြောင့် ဒေသခံတွေ အခက်တွေ့နေရတယ်လို့ ဗန်းမောက်မြို့ခံ ကုန်သည်တွေဆီက သိရပါတယ်။ ” မတည်ငြိမ်မှုတွေကြောင့် ဗန်းမောက်စျေးက နေ့တပိုင်းပဲဖွင့်တယ် ၊ မန္တလေးဘက်က ကုန်ကားတွေ မဝင်ဘူး ၊ နောက်ပြီး မြို့နယ်ထဲက စျေးသည်တွေလည်း မလာရဲကြဘူး ၊ အနည်းငယ်လောက်ပဲ လာတယ် “လို့ ဗန်းမောက်မြို့ခံတစ်ယောက်က ပြောပါတယ်။ ဒါ့အပြင် ဗန်းမောက်မြို့ခံ ကုန်စုံဆိုင်လုပ်ငန်းရှင်တစ်ယောက်က ” ဗန်းမောက် – အင်းတော် ကားလမ်းပိတ်ထားတာ ၂ လကျော်ပြီ ၊ ကုန်စည် အဝင်ကား မရှိဘူး ၊ ရှိတဲ့ကုန်လေးတွေ မျှဝေ ရောင်းပေးနေရတယ် ၊ မြို့ပေါ်က…

Read More

သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း အကြမ်းဖက်ပုဒ်မနဲ့ ထောင် ၁၀ နှစ်ထပ်ချခံရ

မေ ၂၅ – ၂၀၂၃ GG + SN (VOM) ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ ကားနဲ့တိုက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ MPA သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို သင်္ဃန်းကျွန်းခရိုင်တရားရုံးကနေ ဒီနေ့ မေလ ၂၆ ရက်နေ့မှာ အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ်ထပ်မံ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ” ဟုတ်တယ် မမှူးကို ဒီနေ့ ထောင် ၁၀ နှစ်ထပ်ချတာပေါ့။အရင်ကလည်း ၃ နှစ်ချခံထားရတော့ ၁၃ နှစ်ဖြစ်သွားတာပေါ့။ အယူခံမဝင်တော့ဘူးလို့ပြောတယ်။သူက ကျန်းမာရေးကလည်းကုသမှုခံနေရတုန်းပဲ ” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက“ဒီညနေမှာ ထပ်တိုးအမိန့်ချလိုက်တာ ဖြစ်ပါတယ်။ ဒါက အပြီးသတ်အမိန့်ပေါ့။ ဒီ့အရင်ကလည်း ပုဒ်မ ၅၀၅-က နဲ့ အမြင့်ဆုံးပြစ်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရပြီးပြီဆိုတော့…

Read More

အက်ဖ်-၃၅ ကိုယ်ပျောက်တိုက်လေယာဉ်တွေ ၀ယ်ယူရေး ထိုင်းရဲ့ကမ်းလှမ်းချက် အမေရိကန်ပယ်ချ

ဘန်ကောက်၊ မေ-၂၆-၂၀၂၃ မျိုးဆက်(VOM) လေ့ကျင့်ရေးနဲ့ နည်းပညာဆိုင်ရာ လိုအပ်ချက်တွေကြောင့် အက်ဖ်-၃၅ ကိုယ်ပျောက်တိုက်လေယာဉ်တွေ ၀ယ်ယူရေး ထိုင်းနိုင်ငံရဲ့ ကမ်းလှမ်းမှုကို အမေရိကန်က ပယ်ချခဲ့ကြောင်း ထိုင်းလေတပ်က မေ ၂၅ ရက်မှာ ပြောပါတယ်။ နေတိုးမဟုတ်တဲ့ မဟာမိတ်အဖြစ် ၂၀၀၃ ခုနှစ်မှာ အမေရိကန်ကသတ်မှတ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံဟာ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ အမေရိကန်လုပ် အက်ဖ်-၅ နဲ့ အက်ဖ် ၁၆ တိုက်လေယာဉ်တွေနေရာမှာ အစားထိုးရေး တိုက်လေယာဉ်သစ်တွေ၀ယ်ယူဖို့ ဒေါ်လာ ၄၀၇ ဒသမ ၆၈ သန်းကိုယမန်နှစ် ဘက်ဂျက်ထဲကနေ ဖယ်ထားခဲ့တာဖြစ်ပါတယ်။ ဒီရန်ပုံငွေတွေနဲ့ အမေရိကန် လော့ဟိမာတင်ကုမ္ပဏီထုတ် အက်ဖ်-၃၅ အေ ကိုယ်ပျောက်တိုက်လေယာဉ်တွေ ၀ယ်ယူဖို့ ထိုင်းလေတပ်က မျှော်မှန်းထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပဉ္စမမျိုးဆက်တိုက်လေယာဉ်တွေရောင်းချမှုဟာ အချိန်ကန့်သတ်ချက်တွေ၊ နည်းပညာဆိုင်ရာလိုအပ်ချက်တွေနဲ့ ပြုပြင်ထိန်းသိမ်းမှုနဲ့ လိုက်လျောညီထွေဖြစ်ဖို့စတဲ့ အခြေအနေတွေကြောင့် ရောင်းချနိုင်ခြင်းမရှိဘူးလို့ အမေရိကန်လေတပ်ပြောရေးဆိုခွင့်ရှိသူ မာရှယ်ပရာပက်ဆွန်ချက်ဒီက ပြောပါတယ်။…

Read More

ဦးနှောက်ထဲကို မိုက်ခရိုချစ်ပ်ထည့်သွင်းမှု လူသားတွေနဲ့ စမ်းသပ်တော့မယ်

၀ါရှင်တန်၊ မေ-၂၆-၂၀၂၃ မျိုးဆက်(VOM) ဘီလျှံနာ အီလွန်မာ့ခ်ရဲ့ နျူရယ်လင့်ခ်ချစ်ပ်ကုမ္ပဏီဟာ လူ့ဦးနှောက်အတွင်းသို့ မိုက်ခရိုချစ်ပ်ထည့်သွင်းခြင်းကို ပထမဆုံးအကြိမ် စမ်းသပ်မှုပြုလုပ်ဖို့ အမေရိကန်အက်ဖ်ဒီအေထံမှ ခွင့်ပြုချက်ရရှိထားကြောင်း မေ ၂၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ နျူရယ်လင့်ခ်ကုမ္ပဏီဟာ ဦးနှောက်အတွင်း ချစ်ပ်ထည့်သွင်းပြီး ကွန်ပြူတာစနစ်နဲ့ ချိတ်ဆက်ခြင်းဖြင့် အမြင်အာရုံနဲ့ ရွေ့လျားနိုင်မှု ပြသနာရှိသူတွေအတွက် ပြန်လည်ကောင်းမွန်စေဖို့ စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။ စမ်းသပ်မှုမှာ ပါ၀င်မယ့်သူတွေကို ချက်ချင်းစတင်ခေါ်ယူဖို့ အစီအစဉ်မရှိသေးကြောင်း ကုမ္ပဏီက ပြောပါတယ်။ လူသားတွေနဲ့ စမ်းသပ်ဖို့ခွင့်ပြုလိုက်ခြင်းနဲ့ပတ်သက်ပြီး အက်ဖ်ဒီအေက မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။ လူသားတွေရဲ့ ဦးနှောက်အတွင်းသို့ ချစ်ပ်ထည့်သွင်းစမ်းသပ်မှုကို အက်ဖ်ဒီအေရဲ့ ခွင့်ပြုချက်ရရှိရေး ယခင်ကြိုးပမ်းမှုတွေကတော့ ဘေးကင်းမှုဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ပယ်ချခံခဲ့ရပါတယ်။ နျူရယ်လင့်ခ်ကုမ္ပဏီဟာ လေဖြတ်ခြင်းနဲ့မျက်စိကွယ်ခြင်းကဲ့သို့သော အခြေအနေတွေကိုကုသဖို့ သူ့ရဲ့မိုက်ခရိုချစ်ပ်တွေကိုအသုံးပြုဖို့ မျှော်လင့်ထားပြီး အချို့သောမသန်စွမ်းတွေအတွက် ကွန်ပြုတာနဲ့ စမတ်ဖုန်းတွေကို အသုံးပြုနိုင်ဖို့ ရည်မှန်းထားပါတယ်။ Ref: BBC #VOM #voiceofmyanmar…

Read More

ဂျပန်မှာ ဓါးနဲ့ထိုး သေနတ်နဲ့ပစ်ခတ်မှုကြောင့် လူလေးဦးသေဆုံး

တိုကျို၊ မေ-၂၆-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ မေ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ ဓါး၊ သေနတ်တို့နဲ့တိုက်ခိုက်မှုကြောင့် လူလေးဦးသေဆုံးသွားပြီး အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ နာဂါနိုစီရင်စုမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ ကျူးလွန်သူဟာ အမျိုးသမီးတဦးကို ဓါးနဲ့ထိုးပြီးနောက် ရဲတပ်ဖွဲ့၀င်နှစ်ဦးကို အမဲလိုက်ရိုင်ဖယ်နဲ့ ပစ်ခတ်ခဲ့ပြီး စတုတ္ထမြောက် သေဆုံးသူကို နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ အမျိုးသမီးကို အရှည်တပေခန့်ရှိဓါးနဲ့ထိုးခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောဆိုထားပြီး တိုက်ခိုက်မှုကျူးလွန်ရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပါဘူး။ ကျူးလွန်သူလို့ သံသယရှိသူဟာ ဒေသခံနိုင်ငံရေးသမားတဦးရဲ့ အသက် ၃၁ နှစ်အရွယ် သားဖြစ်သူ မာဆာနိုရီအိုကီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်း ရဲတပ်ဖွဲ့၀င်တွေကို ပစ်ခတ်ခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်လည်းဖြစ်ပါတယ်။ သေနတ်နဲ့တိုက်ခိုက်မှု လွန်စွာဖြစ်ခဲတဲ့ ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှု…

Read More

ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် ဗန်းမော်ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

မေ ၂၆ – ၂၀၂၃ SN (VOM) ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီးဟာ မနေ့ မေ ၂၅ ရက်၊ ည ၁၁ နာရီ ၁၁ မိနစ်အချိန်က မန္တလေးမြို့မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီလို့ ဆရာတော်ဘုရားကြီးရဲ့ တပည့် ဆရာတော်‌တွေဆီက သိရပါတယ်။ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး၊ ပျံလွန်တော်မူချိန်မှာ သက်တော် ၉၄ နှစ်၊ ဝါတော် ၇၄ ဝါ ရှိပြီလို့ သိရပါတယ်။ “သာသနာတော်အတွက် အလွန်ဝမ်းနည်းစရာကောင်းပါတယ်။ အခုထိရော နောက်နောင်ပါ သာသနာမှာ ဘယ်တော့မှ မရှိတော့တဲ့ နောက်ဆုံးတစ်ပါးတည်းသော သာသနာ့ဦးဆောက်ပန်း ဝဋံသကာတစ်ပါးပါ”လို့ ဆရာတော်ဘုရားကြီးရဲ့ တပည့် ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။ ဆရာတော်ကြီးဟာ အသည်းရောဂါနဲ့ အစာပြွန်ရောဂါတို့ကို ခံစားခဲ့ရတာကြောင့်…

Read More

မကွေးတိုင်း မြောက်ပိုင်းမှာ ကျောင်းအပ်နှံရေး လုပ်ငန်းစဥ်တွေ အဆင်မပြေ ဖြစ်နေ

မေ ၊ ၂၅ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း မြောက်ပိုင်းမှာရှိတဲ့ ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ဘက်က မြို့နယ်တွေမှာ ကျောင်းအပ်နှံရေး လုပ်ငန်းစဥ်တွေနဲ့ ပတ်သက်ပြီး အဆင်မပြေ ဖြစ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ကျောင်းအပ်နှံရေး လုပ်ငန်းစဥ်တွေ စတင်တာဆိုရင် ဒီကနေ့ဆို ၃ ရက်ရှိပြီ ၊ အခုထိ ကျောင်းအပ်လက်ခံမယ့် ပညာရေးဝန်ထမ်းတွေ ရွာကို ရောက်မလာသေးဘူး ၊ အဲ့ဒါနဲ့မြို့မှာနေတဲ့ ရွာကျောင်းတာဝန်ကျ ၊ ကျောင်းအုပ်ကြီးဆီကို အကြိမ်ကြိမ် ဖုန်းဆက်ကြည့်တယ် ၊ ဖုန်းမကိုင်းဘူး ၊ ပြီးခဲ့တဲ့နှစ်ကလည်း ဒီလိုနဲ့ တစ်နှစ်ကုန်သွားရတယ် ၊ကျောင်းမဖွင့်ဖြစ်လို့ ၊ ကလေးတွေ ကျောင်းမထားလိုက်ရဘူး ” လို့ မြိုင်မြို့နယ် ၊ မကျည်းကန်စံပြကျေးရွာမှာနေတဲ့ဒေသခံ ကျောင်းသား မိဘ တယောက်က ပြောပါတယ်။ မြိုင်မြို့နယ်မှာ…

Read More

သဖန်းဆိပ်ဆည်နားမှာ ရွှေတူးဖော်ရေး လုပ်ငန်း ၃၀ ကျော် ဖမ်းဆီးခံရ

မေ ၂၅ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ် ၊ သဖန်းဆိပ်ဆည်ကျေးရွာနားမှာ မနေ့ မေ ၂၄ ရက်မနက်ပိုင်းက ရွှေတူးဖော်ရေးလုပ်ကွက်တွေ အဖမ်းခံရပြီး ရွှေသတ္ထုတူးဖော်ရေး လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေ အများအပြား သိမ်းဆည်းခံရတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မနေ့ မနက်ပိုင်းက မြို့နယ်လုံခြုံရေးအဖွဲ့က ဆင်းဖမ်းတာဖြစ်တယ် ၊ လုပ်ငန်းရှင်တွေအဖို့ ဆုံးရှုံးနစ်နာမှု အများအပြားရှိတယ် “လို့ ကျွန်းလှမြို့ခံ ရွှေလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” သဖန်းဆိပ်ကျေးရွားနားက ဖမ်းဆီးရမိတာ ရွှေမျှောဖောင် (အကြီး) ၃၃ စီး ၊ ၆ လုံးထိုး အင်ဂျင် ၃၃ လုံး ၊ မျောစင်…

Read More

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်မှာ နေအိမ်နဲ့ အဆောက်အဦ ၁၈၀ ကျော် ပျက်စီး

မေ၊ ၂၅-၂၀၂၃ MM(VOM) ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်မှာ ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှု ဒဏ်ကြောင့် လူနေအိမ်နဲ့ အဆောက်အဦ ၁၈၀ ကျော်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ မနေ့ မနက်အစောပိုင်းက မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာမှာ ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေ အိမ်(၂၁)လုံးပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းရဲ့အမိုးတွေလည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “မနေ့ မနက်အစောကြီး မိုးရွာပြီး လေပြင်းတိုက်တာ၊ ရုတ်တရက်လန့်သွားတာပဲ၊ အကုန်လုံး နေအိမ် ၂၁ လုံးပျက်စီးသွားတယ် ၊ လူထိခိုက်တာမရှိပါဘူး၊ လူထိခိုက် တာမရှိပေမယ့် ပျက်စီးဆုံးရှုံးတာများတယ်၊ လေပြင်းက တမျိုး မုန်တိုင်းက တမျိုးနဲ့ တပူအပေါ် တပူဆင့်ကုန်ပြီ၊ အိမ်ပြန်ဆောက် စရာလည်းမရှိဘူး ၊ ဒီအတိုင်းပဲ ထိုင်ကြည့်နေရတာ။”လို့ ဒေသခံ လေဘေးသင့်သူတစ်ဦး ကပြောပါတယ်။ မနေ့ ညနေပိုင်းကလည်း ပဲခူးတိုင်း၊…

Read More

ကျိုက်ထိုမြို့နယ်မှာ နေအိမ်တစ်လုံး မိုးကြိုးပစ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံး

မေ ၂၅ – ၂၀၂၃ SN (VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ သရက်ကုန်းကျေးရွာမှာ ဒီနေ့ မေလ ၂၅ ရက်နေ့ မနက်ပိုင်းက နေအိမ်တစ်လုံး မိုးကြိုးပစ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ သေဆုံးသူဟာ ဒီနေ့မနက် ၇ နာရီခွဲဝန်းကျင် မိုးသည်းထန်စွာရွာသွန်းချိန်က ကျိုက်ထိုမြို့နယ်၊ အဘိုင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ ထိုင်တော်မူဘုရားအနီး ရော်ဘာခြံထဲ နေအိမ်အတွင်း ဇနီးဖြစ်သူနဲ့အတူရှိနေစဥ် မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ “သေသွားတဲ့သူက ရော်ဘာခြံစောင့်လုပ်သားပါ။ သူ့အမျိုးသမီးကလည်း မိုးကြိုးစက်ကွင်းထိပြီး မီးလောင်ဒဏ်ရာလိုမျိုး ရခဲ့တယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” လို့ ကျိုက်ထိုမြို့မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ လက်ရှိမှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူကို ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မနေ့ မေ ၂၄ ရက်၊ မနက်…

Read More
VOM News

FREE
VIEW