ကြာအင်းဆိပ်ကြီးမြို့မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဘုန်းကြီး ၂ ပါးနဲ့ ကလေးငယ် ၁ ဦး သေဆုံး

ဇွန် ၂ -၂၀၂၃
SP (VOM)

ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ ဒီကနေ့ မနက်အစောပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲတာကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ကန္နားလမ်း ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူတယ် ၊ အဲ့ဒီအပြင် အမှတ် ၃ ရပ်ကွက်ထဲမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတယ် ၊ အသက် ၁၅ နှစ်အရွယ် ကလေးတယောက် မိုင်းစထိမှန် သေဆုံးတယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဒီမနက် ၁ နာရီဝန်းကျင်က စပြီး ၊ ခလရ ၂၈၄ ဘက်ကို Drone နဲ့ လက်နက်ကြီးတွေချတယ် ၊ ၆ လုံး အနည်းဆုံးဖြစ်တယ် ၊ လူနေရပ်ကွက်ထဲကို ကျရောက် ပေါက်ကွဲတာတွေ ဖြစ်တယ် ၊ ကန္နားလမ်း ဘုန်းကြီးကျောင်းက သံဃာ ၂ ပါး မိုင်းစထိမှန် ပျံလွန်တော်မူတယ် ၊ အဲ့ဒီအပြင် အမှတ် ၃ ရပ်ကွက်ထဲက ကလေးတယောက်လည်း မိုင်းစထိမှန် သေတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မွန်ပြည်နယ် ၊ သထုံမြို့နယ် ၊ ဒူးရင်းဆိပ်ကျေးရွာအနားက ဒုံသမိတံတားဂိတ်မှာ မနေ့ ဇွန် ၁ ရက် မနက် ၅ နာရီဝန်းကျင်က တိုက်ခိုက်ခံရပြီး ဒုရဲမှူး ၁ ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကြာအင်းဆိပ်ကြီး #လက်နက်ကြီးကျ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW