ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်ရှိစျေးကို ဒုံးကျည်ထိမှန်မှု ၁၈ ယောက်သေဆုံး၊ ၁၀၀ ကျော်ဒဏ်ရာရ

ခါတွမ်၊ ဇွန်-၂-၂၀၂၃
မျိုးဆက်(VOM)

ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်ရှိ စျေးတစျေးကို ဒုံးကျည်ထိမှန်မှုကြောင့် လူ ၁၈ ဦးထက်မနည်းသေဆုံးသွားပြီး ၁၀၀ ကျော်ဒဏ်ရာရရှိသွားကြောင်း ဆရာ၀န်တွေနဲ့ ဒေသခံတွေက ဇွန် ၁ ရက်မှာ ပြောပါတယ်။

အမေရိကန်နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ကြား၀င်စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေကို ဆူဒန်စစ်တပ်က ဆိုင်းငံ့လိုက်ချိန်မှာ စစ်တပ်နဲ့့ ပြည်သူ့စစ်တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

မြို့တော်ခါတွမ်တောင်ဘက် မာယိုရှိစျေးတဝိုက်မှာ ဇွန် ၁ ရက်ကတိုက်ခိုက်မှုအတွင်း အမြောက်ပစ်ခတ်မှုနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပါ၀င်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဧပြီလကစတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၈၈၃ ဦးသေဆုံးခဲ့ပြီး အမှန်တကယ်သေဆုံးမှုမှာ အဲဒီအရေအတွက်ထက် ပိုမိုများပြားဖွယ်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

ပဋိပက္ခတွေကြောင့် ပြည်သူ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး လူသန်းပေါင်းများစွာဟာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေလိုအပ်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ခါတွမ်

Related posts

Leave a Comment

VOM News

FREE
VIEW